Friday, February 3, 2012

ကေအန်ယူ​ခေါင်း​ဆောင် မန်း​ငြိမ်း​မောင်ကို နိုင်ငံ​တော်ပုန်ကန်မှုဖြင့်​ ရုံး​ထုတ်

November | 2/03/2012 09:54:00 AM | Best Blogger Tips

နိုင်ငံ ​တော်ပုန်ကန်မှုနဲ့​ အစိုး​ရက တရား​စွဲခံထား​တဲ့​ ​ကေအန်ယူ ထိပ်တန်း​ခေါင်း​ဆောင် ပဒိုမန်း​ငြိမ်း​မောင်ကို ဒီက​နေ့​ အင်း​စိန်​ထောင် တရား​ရုံး​မှာ စစ်​ဆေး​ပါတယ်။
ပဒိုမန်း​ငြိမ်း​မောင်
သူ့​အ​ပေါ် အစိုး​ရဘက်က တရား​မဝင်အသင်း​အပင်း​နဲ့​ ဆက်သွယ်မှု၊​ နိုင်ငံ​တော် ပုန်ကန်မှုစတဲ့​ ပုဒ်မနှစ်ခုနဲ့​ တရား​စွဲထား​တာပါ။ ဒီက​နေ့​ ရုံး​ချိန်း​အ​ခြေအ​နေကို ပဒိုမန်း​ငြိမ်း​မောင်ရဲ့​ ​ရှေ့​နေ ဦး​ကြီး​မြင့်​က ခုလို ​ပြောပါတယ်။
“ဒီ​နေ့​က သက်​သေ နှစ်ဦး​ စစ်တယ်။ တရား​လိုပြသက်​သေ တ​ယောက်ရယ်၊​ အမှုစစ်ရယ်ကို စစ်တယ်။ ​နောက်တပတ်မှာ စွဲချက်တင်သင့်​ မတင်သင့်​ ကျ​နော်တို့​ ​လျှောက်လဲချက် ​ပေး​ရမယ်။ ဒီ​နေ့​ တဖက်က​နေ အင်တာနက်ကလာတဲ့​ သတင်း​တွေ။ စာမျက်နှာ စာရွက်​တွေနဲ့​ အင်တာနက်ကဟာ​တွေ တင်​တော့​ ကျ​နော်တို့​ ကန့်​ကွက်တယ်။
ဒါ​တွေက သက်​သေခံ ဥပ​ဒေနဲ့​လည်း​ မညီဘူး​။ ဒီလိုသာ အင်တာနက်က သတင်း​တွေကိုသာ ​လျှောက်ပြီး​ အပြစ်​ပေး​ကြစတမ်း​ဆိုရင် ကျ​နော်တို့​ဘက်က တင်လာရင်လည်း​ လက်ခံမှာလား​။ အဲဒါ​ကြောင့်​ ဒါကို ပယ်ပါလို့​ ​ပြောတယ်။ တရား​ရုံး​ကလည်း​ နှစ်ဖက် ကြား​နာပြီး​တော့​ အဲဒီစာရွက်​တွေကို လက်မခံဘဲ ပယ်လိုက်ပါတယ်။ အဲဒါက​တော့​ ထူး​ခြား​တဲ့​ သတင်း​ပေါ့​။”
အမှုကို အပတ်စဉ် ကြာသပ​တေး​နေ့​ကို ချိန်း​ဆိုထား​ပါတယ်။ ဒီက​နေ့​ ရုံး​ချိန်း​က မနက်ဆယ်နာရီခွဲကတည်း​က ​ရောက်​နေ​ပေမယ့်​ ​နေ့​ခင်း​ နှစ်နာရီကျမှ အမှုစစ်ဖြစ်တယ်လို့​ သူက ​ပြောပါတယ်။
အရင်နိုင်ငံ​ ရေး​လှုပ်ရှား​မှု​တွေ​ကြောင့်​ ကိုကိုး​ကျွန်း​မှာ ပြစ်ဒဏ်ကျခံဖူး​တဲ့​ ပဒိုမန်း​ငြိမ်း​မောင်ဟာ ထိုင်း​နိုင်ငံက​နေ တရုတ်နိုင်ငံကို အသွား​မှာ ဗီဇာ အခက်အခဲ​ကြောင့်​ ပြန်ဝင်ခွင့်​မရဘဲ တရုတ်နိုင်ငံမှာ ​သောင်တင်ရာက မြန်မာဘက်ကို ပြန်ပို့​ခံခဲ့​ရပါတယ်။ တရား​မဝင် နယ်စပ်ဖြတ်​ကျော်မှုနဲ့​ ​ထောင်ဒဏ်ကျပြီး​မှာ အခုအမှုနှစ်ခုနဲ့​ ထပ်မံ စွဲဆိုထား​တာ ဖြစ်ပါတယ်။
 DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1