Friday, February 3, 2012

ဒေါ်အောင်ဆန်းစုကြည် မန္တလေးခရီးစဉ်ကို မလိမ့်တပတ်နဲ့ အနှောက်အယှက်ပေးခဲ့တဲ့ ရေပေါ်ဆီ ချဉ်ပတ်ဇော်ဇော်

November | 2/03/2012 08:22:00 PM | Best Blogger Tips

ရေပေါ်ဆီ ချဉ်ပက်ဇော်ဇော်
အမေစုကို ဘောလုံးပွဲကြည့်ဖို့ ဖိတ်ခဲ့တုန်းက မျက်နှာကတမျိုး......
အဲ့တုန်းကများမသိ၇င် သူ့ ပုံစံကဒီမိုကေ၇စီဘက်တော်သားကြီးပေါ့.....
အခုကျတော့ အဖေတွေကဖိအားပေးတာနဲ့ 
အ၇ူးကွက်နင်းပြီးေ၇ှာင်ထွက်သွားတယ်....အဘ အဘနဲ့ မ,နေတဲ့မင်းတို့ တွေ
မျောက်သစ်ကိုင်းလွတ်တဲ့နေ့  စောင့်ကြည့်နေမယ်...ဖွတ်ငဇော်ေ၇.(မြတ်ဖုန်းလင်း-ဖေ့စ်ဘုတ်)
“ကျနော်တို့က ကော်မရှင်ကို ၁၀ ရက်ကြိုပြီးတော့ စည်းမျဉ်းအတိုင်း တင်ပါတယ်။ ပြီးတော့ ကျနော်တို့ကလည်း လူထုပရိသတ်ကို လမ်းပိတ်ဆို့မှုတွေ ဘာတွေ မဖြစ်စေချင်တဲ့အတွက်ကြောင့်၊ မန္တလေး လူထုပရိသတ်အကြောင်းလည်း ကျနော်တို့သိတယ်လေ။ ဒေါ်စုကလည်း မရောက်တာကြာတော့ တခဲနက် ကြိုကြမှာ။ လမ်းတွေ ပိတ် ဘာပိတ်ဆိုတော့ သူတို့လည်းပဲ မကောင်းဘူး အခက်အခဲဖြစ်ကုန်မယ်ဆိုပြီးတော့၊ ကျနော်တို့ က ဗထူးကွင်းကို တောင်းပါတယ်။ ပထမ ရမလိုလို ဘာလိုလို ပြောတော့ ကျနော်တို့က ရန်ကုန်က Football အဖွဲ့ချုပ်ပေါ့ဗျာ၊ ကိုဇော်ဇော်တို့ကို ကျနော်ကိုယ်တိုင် လျှောက်လွှာတွေဘာတွေ တင်ထားပါတယ်။ ရက်နီးတော့မှ ကော်မရှင်က ကျနော်တို့ကို ခေါ်ပြီးတော့ ခင်ဗျားတို့ ကွင်းရရင် ပေးမယ်တဲ့ အဆင်သင့်ပဲတဲ့။ ကွင်းသွားပြောတဲ့အခါကျတော့လည်း ကော်မရှင်က ခွင့်ပြုချက်ယူသာလာခဲ့ ကျနော်တို့က အဆင်သင့်ပဲ ဆိုတဲ့အခါကျတော့ အဲလိုနဲ့ပဲ ရက်တွေက တနေ့ထက်တနေ့ သူ့လွှဲသလို ငါလွှဲသလိုလိုနဲ့ အဆင်မပြေဘူးဗျ အဲလိုဖြစ်တယ်။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးအုန်းကြိုင်

သစ်ထူးလွင် 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1