Monday, February 6, 2012

"နိုင်ငံခြားဖုန်းခေါ်ဆိုခ ဖေဖော်ဝါရီလကုန် လျှော့ချမည်"

November | 2/06/2012 10:59:00 AM | Best Blogger Tips
ဓါတ်ပုံ ဂျေမောင်မောင် (အမရပူရ)
 နိုင်ငံခြားဖုန်းခေါ်ဆိုခ နှုန်းထားများကို ဖေဖော်ဝါရီလကုန်တွင် လျှော့ချသွားမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။ဈေးနှုန်းမည်မျှ လျှော့ချမည်ကို ညှိနှိုင်းဆဲဟု ၄င်းကပြောသည်။
''မြန်မာ့ဆက်သွယ်ရေး လုပ် ငန်းအနေနဲ့ လက်ရှိအနေအထား အရ လူတိုင်းနီးပါးအလွယ်တကူ ဖုန်းကိုင်ဆောင်နိုင်အောင် မလုပ် နိုင်သေးပေမယ့် ဖုန်းအလွယ်တကူ ကိုင်ဆောင်နိုင်ဖို့နဲ့ ခေါ်ဆိုခနှုန်းထား တွေ လျှော့ချဖို့အတွက်တော့ အဆင့်ဆင့်ဆောင်ရွက်ထားပါတယ်'' ဟု အထက်ပါ ပုဂ္ဂိုလ်ကဆက်လက် ပြောသည်။
လက်ရှိတွင် နိုင်ငံခြားခေါ်ဆို မှုနှုန်းထားများမှာ နိုင်ငံအပေါ် မူ တည်၍ ဈေးနှုန်း ကွာခြားခြင်းများ ရှိပြီး အနိမ့်ဆုံးခေါ်ဆိုခနှုန်းထားမှာ တစ်မိနစ်လျှင် ကျပ်သုံးထောင်နီးပါး ရှိကြောင်းဆက်သွယ်ရေးမှသိရသည်။
ယင်းသို့ ခေါ်ဆိုခမြင့်မားနေမှု ကြောင့် တရားဝင်ဖုန်းခေါ်ဆိုခွင့် မပြု ထားသော်လည်း ဈေးနှုန်းသက်သာ သော Pfingo ၊ Skype စသည့် အင်တာနက်ဖုန်းခေါ်ဆိုမှုများကို သုံး စွဲလာကြောင်း ၄င်းကပြောသည်။
''အင်တာနက် ဖုန်းခေါ်ဆိုမှု အတွက်လည်း ရတနာပုံတယ်လီပို့ နဲ့ပူးပေါင်းပြီး Y-talk စနစ်ကို စီစဉ် ဆောင်ရွက်ထားပါတယ်။ လာမည့် ဖေဖော်ဝါရီလအတွင်းမှာပဲ အပြီး သတ်ဆောင်ရွက်သွားမှာပါ''ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြော သည်။
အဆိုပါ Y-talk စနစ် အပြီးသတ် ဆောင်ရွက်ပြီးပါက လက်ရှိ နှုန်းထား များထက် လျော့နည်းမည် ဖြစ်ကြောင်း၊ ၄င်းအပြင် မိုဘိုင်း ဖုန်း ဖြင့် ခေါ်ဆိုသည့် နှုန်းထားကိုလည်း နိုင်ငံတကာနှုန်းထား များနည်းတူ အဆင့်ဆင့်ဆောင် ရွက်သွားမည်ဖြစ် ကြောင်း ၄င်းက ပြောသည်။
နိုင်ငံတကာ ဖုန်းခေါ်ဆိုခတွေ လျှော့ချပေးမယ်ဆိုတာကတော့ ဖုန်းသုံးစွဲသူ တစ်ယောက်အနေနဲ့ တော့ ဝမ်းသာစရာပါ။ ဒါပေမဲ့ လက်ရှိ နှုန်းထားထက် ဘယ် လောက်လျှော့ချသွားမှာလဲ။ ထက် ဝက်နှုန်းလျှော့ချပေးမယ်ဆိုတာ တောင် အသုံးပြုဖို့ခက်ခဲနေမှာပါ'' ဟု ပုဇွန်တောင်မြို့နယ်ရှိ ဖုန်းသုံးစွဲ သူကိုစည်သူက ပြောသည်။
From ပေါ်ပြူလာဂျာနယ်

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1