Monday, February 6, 2012

အစိုးရ​ ငြိမ်းချမ်းရေးကိုယ်စားလှယ်များနှင့် ပြည်ပ အခြေစိုက် အဖွဲ့များတွေ့

November | 2/06/2012 10:56:00 AM | Best Blogger Tips
ထိုင်း-မြန်မာ နယ်စပ်တနေရာမှာ ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း​ ခေါင်းဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ ပြည်ပအခြေစိုက်​ အဖွဲ့အစည်းတွေ​ အပါအ၀င် တိုင်းရင်းသား အဖွဲ့တချို့နဲ့ ဒီကနေ့ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

ဦး ညိုအုန်း မြင့်
ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဟာ ဒီကနေ့မှာ လူဘောင်သစ် ဒီမိုကရက်တစ်ပါတီနဲ့ ပအိုဝ် အမျိုးသားအစည်းအရုံးတို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။
ဦးအောင်မိုးဇော် ခေါင်းဆောင်တဲ့ လူဘောင်သစ် ဒီမိုကရက်တစ်ပါတီနဲ့ တနာရီခွဲကျော်လောက်​ ​တွေ့ဆုံခဲ့ပြီးတော့ ပါတီရဲ့​ ​တောင်းဆိုချက်တွေကို ငြိမ်းချမ်းရေး အကျိုးဆောင် ဦးညိုအုန်းမြင့်က အခုလို ရှင်းပြပါတယ်။
“အဓိကကတော့ ဦးအောင်မိုးဇော်တို့ရဲ့ တောင်းဆိုချက်ကတော့ ကျနော်တို့ တိုင်းပြည်တွင်းမှာရှိနေတဲ့ ဒီမိုကရေစီ အင်အားစုတွေနဲ့ ပြန်ပြီးတော့ တည်ငြိမ်တဲ့ နိုင်ငံရေး လှုပ်ရှားမှု တခုဖြစ်ဖို့ပေါ့နော်၊ နောက်တခါ တိုင်းပြည် ပြောင်းပြီ ဆိုတာကိုလည်း ကျနော်တို့ အားလုံးသိနေတယ်။ အဲဒီအတွက်ကြောင့် သမ္မတဦးသိန်းစိန်ရဲ့ ဒီမိုကရေစီဖော်ဆောင်ရေးမှာလည်း အနာဂတ် မြန်မာနိုင်ငံရေးမှာ ဒီမိုကရေစီ နိုင်ငံရေး ပါတီတခုအနေနဲ့ ဘယ်လို ရှင်သန်ဖို့ ရှိနေသလဲဆိုတာတွေ ဆွေးနွေးတာကိုလည်းတွေ့ရပါတယ်။”
ခွန်မြင့်ထွန်း၊ ဗိုလ်မှူးကြီး ခွန်သူရိန် ခေါင်းဆောင်တဲ့ ပအိုဝ့် အမျိုးသား အစည်းအရုံးကနဲ့လည်း တွေ့ဆုံပြီးတော့ ရှမ်း၊ မွန်၊ ကရင်၊ ပဲခူးတိုင်းတို့မှာပျံနှံနေတဲ့ ပအိုဝ့်တိုင်းရင်းသား တို့ရဲ့ အမျိုးသား တန်းတူရေးကို အခြေခံ ဆွေးနွေးတယ်လို့လည်း သူက ပြောပါတယ်။
“ပအိုဝ့်တိုင်းရင်းသားတွေရဲ့ လိုလားချက်က ကျန်တဲ့ တိုင်းရင်းသားကြီးတွေနဲ့ မတူဘူး၊ ဘာလဲဆိုတော့ သူတို့ နယ်မြေ သတ်မှတ်မှုအဓိက လိုအပ်ပါတယ်။ နယ်မြေသတ်မှတ်ပြီးတဲ့ အချကျမှသာလျှင် ဒီဟာကို သူတို့လုပ်ရပါလိမ့်မယ်။ နယ်မြေသတ်မှတ်ဖို့ကိုလည်း နိုင်ငံတော်ဘက်က ပြန်ပြီးဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နယ်မြေသတ်မှတ်ဖို့အတွက် ဒီနေ့ အကြိုညိနှိုင်းပွဲလို့ ပြောလို့ရပါတယ်။”
ပအိုဝ့်အမျိုးသား အစည်းအရုံးနဲ့ တစုံတရာသဘောတူညီမှု လတ်မှတ် ရေးထိုးတာတွေ မရှိပေမယ့်လည်း ၀န်ကြီးက ပအိုဝ့်တိုင်းရင်းသားတို့၏ တောင်းဆိုချက်များကို လိုက်လျောတာကို တွေ့ခဲ့ရတယ်လို့လည်း သူက ပြောပါတယ်။
မနက်ဖြန် တွေ့ဆုံမယ့် အဖွဲထဲမှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေ၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစုတွေနဲ့ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ 
From DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1