Wednesday, February 15, 2012

ရွေး​ကောက်ပွဲ​ကော်မရှင် ဥက္ကဋ္ဌ နိုင်ငံ​ရေး​ပါတီများ​နှင့်​ ​တွေ့​ဆုံ

November | 2/15/2012 11:26:00 AM | Best Blogger Tips
ဦးတင်အေး


ပြည်​ထောင်စု​ရွေး​ကောက်ပွဲ ​ကော်မရှင် ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး​ဟောင်း​ ဦး​တင်​အေး​ဟာ နိုင်ငံ​ရေး​ပါတီ​တွေနဲ့​ ​တွေ့​ဆုံခဲ့​ပါတယ်။
ဧပြီ ၁ ရက်​နေ့​ ကျင်း​ပမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ဝင်​ရောက် ယှဉ်ပြိုင်ကြမယ့်​ နိုင်ငံ​ရေး​ပါတီ ၁၇ ပါတီက တာဝန်ရှိသူ​တွေနဲ့​ ပြည်​ထောင်စု ​ရွေး​ကောက်ပွဲ​ကော်မရှင် ဥက္ကဋ္ဌ ဦး​တင်​အေး​တို့​ ​နေပြည်​တော်မှာ ဒီက​နေ့​ ​တွေ့​ဆုံ ​ဆွေး​နွေး​ကြတာပါ။

တွေ့​ဆုံရတဲ့ ​ အ​ကြောင်း​က​တော့​ လာမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ရှိလာမယ့်​ အခက်အခဲ​တွေကို လွတ်လွတ်လပ်လပ် ​ဆွေး​နွေး​ကြတာလို့​ ​တွေ့​ဆုံပွဲမှာ ပါဝင်ခဲ့​တဲ့​ မြန်မာအမျိုး​သား​ ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဦး​ကောင်း​မြင့်​ထွဋ်က ​ပြောပါတယ်။
“ကျ​နော်က ကျ​နော့်​ရဲ့​ မြန်မာအမျိုး​သား​ ကွန်ဂရက်ပါတီအ​နေနဲ့​ ​ပြောတဲ့​ အချက်အလက်​တွေ ရှိတယ်။ ကျ​နော် မှတ်ချက်ထုတ်ထား​တာအရ ​ပြောရင်​တော့​ လာမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ တရား​မဲ့​ပြုကျင့်​မှု​တွေ ဖြစ်လာရင် ဘယ်လိုလုပ်မလဲ။ ဘယ်လို ကာကွယ်ကြမလဲ။ ဘယ်လို ​ဖြေရှင်း​ကြမလဲ​ပေါ့​။ အဲဒါအ​ရေး​ကြီး​တဲ့​ ကိစ္စတခုပါ။ မဲလိမ်၊​မဲခိုး​တာ​တွေ​ပေါ့​။ တရား​မဲ့​ ပြုကျင့်​တာ​တွေ​ပေါ့​။ အဲဒါကို ​ကော်မရှင်ဥက္ကဋ္ဌ ဦး​တင်​အေး​ပြောတာ​တွေ အများ​ကြီး​ထဲက အဓိကကျတဲ့​ အချက်အလက် တခုက​တော့​ ကျ​နော် မှတ်ထား​တယ်။ မှတ်တမ်း​ မှတ်ရာနဲ့​သာ ကန့်​ကွက်ပါတဲ့​။ ကျ​နော် အ​ရေး​ယူပါမယ်လို့​ ဆိုပြီး​တော့​ ​ကော်မရှင်ဥက္ကဋ္ဌက​တော့​ ပြတ်ပြတ်သား​သား​ ​ပြောသွား​ပါတယ်။”
ရွေး​ ကောက်ပွဲ​ကော်မရှင် ဥက္ကဋ္ဌ ဦး​တင်​အေး​က​တော့​ ပြီး​ခဲ့​တဲ့​ ၂၀၁၀ ​ရွေး​ကောက်ပွဲမှာ ချို့​ယွင်း​ချက်​တွေ ရှိတာကိုလည်း​ ဝန်ခံ​ပြောဆိုသွား​တယ်လို့​ သူက ဆက်​ပြောပါတယ်။
“သူက ၂၀၁၀ မှာ ဖြစ်ခဲ့​တဲ့​ ဖြစ်ရပ်​တွေနဲ့​ ပတ်သက်လို့​ သူက မငြင်း​ပါဘူး​။ ၂၀၁၀ မှာ အဖြစ်အပျက်​တွေ အမျိုး​မျိုး​ ဖြစ်ခဲ့​တယ်။ ပါတီအသီး​သီး​ကလည်း​ တင်ပြကြတယ်။ ဒါကိုသူက အငြင်း​အခုန် မလုပ်ပါဘူး​။ ဒါ​ပေမယ့်​ ဖြစ်နိုင်​ချေ ရှိတာ​လေး​တွေ​တော့​ သူ​ပြောပါတယ်။ ဥပမာ – ၂၀၁၀ ​ရွေး​ကောက်ပွဲမှာတုန်း​က ပြည်သူ​တွေ တ​နေ့​တည်း​မှာတင် ပြည်သူ့​လွှတ်​တော်၊​ အမျိုး​သား​လွှတ်​တော်၊​ တိုင်း​ဒေသကြီး​နဲ့​ ပြည်နယ်လွှတ်​တော် စသည်အား​ဖြင့်​ တချို့​နေရာ​တွေမှာဆိုရင် တိုင်း​ရင်း​သား​လူမျိုး​စု​ရေး​ရာ၊​ အဲဒါ​တွေကို တပြိုင်နက်တည်း​ မဲ​ပေး​ရတယ်။ အချိန်မလုံ​လောက်မှု၊​ ချို့​ယွင်း​ချက်​တွေ ​တော်​တော်များ​များ​ ရှိတယ်။ အဲဒါအ​ပေါ်မှာ နား​လည်မှု​တွေ လွဲမှား​ပြီး​ ဟသွား​တဲ့​အချက်​တွေ ရှိနိုင်တယ်​ပေါ့​။ ဒါကို​တော့​ သူ​ပြောပါတယ်။ အဲဒီ​တော့​ အခုလာမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ​တော့​ တရား​မဲ့​ ပြုကျင့်​မှု​တွေ မဖြစ်ရ​အောင် အစွမ်း​ကုန် ကြိုး​ပမ်း​ ​ဆောင်ရွက်သွား​မယ် ဆိုတာကို အတည်ပြု ​ပြောပါတယ်။”
ရှမ်း​တိုင်း​ ရင်း​သား​များ​ ဒီမိုကရက်တစ်ပါတီကလည်း​ ကြား​ဖြတ် ​ရွေး​ကောက်ပွဲမှာ လွတ်လပ်တဲ့​ ​စောင့်​ကြည့်​ရေး​အဖွဲ့​တွေရှိဖို့​ တင်ပြချက်ကို အမျိုး​သား​ ဒီမိုက​ရေစီပါတီသစ်ကလည်း​ ​ထောက်ခံခဲ့​တယ်လို့​ ပါတီရဲ့​ ဥက္ကဋ္ဌ ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ် ဦး​သိန်း​ညွန့်​က ​ပြောပါတယ်။
အမျိုး​သား​ ဒီမိုက​ရေစီအင်အား​စုပါတီ ဒု-ဥက္ကဋ္ဌ ဦး​စိုး​ဝင်း​ကလည်း​ လာမယ့်​ ​ရွေး​ကောက်ပွဲ​တွေမှာ ကြိုတင်မဲစာရင်း​တွေကို လွတ်လပ်စွာ ကူး​ယူနိုင်ဖို့​ကိုလည်း​ ​ဆွေး​နွေး​ခဲ့​တယ်လို့​ အခုလို ​ပြောပါတယ်။
“ကြိုတင်မဲစာရင်း ​ကို အခမဲ့​ ကိုယ့်​ဘာသာကိုယ် ကူး​ယူ​ပေါ့​ဗျာ။ လွှတ်​တော်ကိုယ်စား​လှယ်ကို တစုံ ကူး​ယူခွင့်​ ​ပေး​မယ်တဲ့​။ ကျန်တဲ့​သူက ကူး​ချင်ရင်​တော့​ တရား​ဝင် ဘာ​ကြောင့်​ ကူး​ယူချင်ပါတယ်ဆိုတဲ့​ အ​ကြောင်း​ပြချက် ​လျှောက်လွာနဲ့​ဆိုရင် တမျက်နှာကို ၂၀၀ နဲ့​ ကူး​ယူခွင့်​ပြုမယ်။ ကြိုတင်မဲ​တွေကို ကျ​နော်တို့​ ဘယ်အချိန်​နောက်ဆုံး​ သတ်မှတ်​ပေး​မယ် ဆိုတဲ့​ဟာက​တော့​ ကြိုတင်မဲ​တွေဟာ ​ရွေး​ကောက်ပွဲ နယ်​မြေအတွင်း​မှာ ရှိတဲ့​ ကြိုတင်မဲ​တွေက​တော့​ မနက် ၆ နာရီ မဲရုံ မဖွင့်​ခင်ကတည်း​က မဲရုံမှူး​ဆီကို ​ရောက်ပြီး​သား​ ဖြစ်ရမယ်။ အဲဒီ့​ ​နောက်ပိုင်း​မှာ မဲဆန္ဒနယ်​မြေထဲမှာ ရှိတဲ့​ ကြိုတင်မဲဆိုရင် ဒါကြီး​ကို ထည့်​ရေတွက်စရာ မလို​တော့​ဘူး​၊​ လက်ခံစရာ မလိုဘူး​။”
ဧပြီ ၁ ရက်​နေ့​ ကျင်း​ပမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ အာဏာရ ပြည်​ထောင်စုကြံ့​ခိုင်​ရေး​နဲ့​ဖွံ့​ဖြိုး​ရေး​ပါတီ အပါအဝင် နိုင်ငံ​ရေး​ပါတီ ၁၇ ပါတီက လွှတ်​တော် ၃ ရပ်မှာ လစ်လပ်​နေတဲ့​ မဲဆန္ဒနယ် ၄၈ ​နေရာအတွက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ 
From DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1