မိုးမောက်မြို့နယ်၊ ခိုင်ဘန်ကျေးရွာသူ မရွယ်ဂျာ အား လေးလကြာ မတရား ဖမ်းဆီးထား
ခြင်းနှင့်
ပတ်သက်၍ ခမရ ၃၂၁ အား တရားစွဲဆိုထားမှုကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ
သုံးရက်တာ ကြားနာအပြီး ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့သို့ ရုံးချိန်း
ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။
မဆွမ်လွတ်ရွယ်ဂျာ အား
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခမရ ၃၂၁ လွယ်ဂျယ်တပ်စခန်းမှ
ဥပဒေမဲ့ ဖမ်းဆီးထားသည့်အပေါ် ခင်ပွန်းဖြစ်သူ ဇောင်းခေါင် က သက်ဆိုင်ရာ
တပ်ရင်းအား တရားစွဲဆိုထားခြင်း ဖြစ်သည်။
အမှုအား ဖေဖေါ်ဝါရီလ ၉
ရက်နေ့မှ စတင်ကြားနာခဲ့သော်လည်း တဖက်မှ ပြင်ဆင်မှု အဆင်သင့် မဖြစ်သေးသည့်
အတွက် ဤသို့ ရွှေ့ဆိုင်းလိုက်ရခြင်း ဖြစ်ကြောင်း ဇောင်းခေါင် ၏ ရှေ့နေ
ဦးဇော်ဆမ် က ပြောသည်။
“ဒီအမူနဲ့ ပါတ်သက်ပြီး မလေ့လာသေးလို့
ပြောင်းလိုက်တာလို့ ပြောတယ်။ သူတို့ဘက်က ရှေ့နေတွေ အဆင်သင့် မဖြစ်သေးလို့
ရှေနေရုံးချုပ်က ပြောလိုက်တာပါ။ လျှောက်ထားခံဘက်က ဒီအမူကို သေချာ
မစီစစ်ရသေးလို့ ဆိုပြီး
ပြောင်းလိုက်တာပါ” ဟု ပြောသည်။
ကြားနာမှု
သုံးရက်အတွင်း တဖက်မှ စစ်အရာရှိများ လာရောက်ခဲ့ကြသော်လည်း သတင်းအပြည့်အစုံ
ထုတ်ပြန်၍ မရသေးကြောင်း ဦးဇော်ဆမ် က ပြောသည်။ “ဗိုလ်ကြီး တယောက်နဲ့
ဗိုလ်မှူး တယောက် လာတယ်။ ၃၂၁ ခမရ ကိုယ်စားလို့ သူတို့ပြောတယ်”
မဆွမ်လွတ်
ရွယ်ဂျာမှာ ၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၈ ရက်နေ့က ၎င်း၏ ခင်ပွန်း၊ ဖခင်
တို့နှင့်အတူ တောင်ယာသို့ အသွား လမ်းတွင် ကချင်လွတ်မြောက်ရေးတပ် KIA
ထောက်လှမ်းရေးဟု စွပ်စွဲပြီး ခမရ ၃၂၁ မှ ဖမ်းဆီးရန် ကြိုးစား ခဲ့သည်။
ခင်ပွန်းနှင့် ဖခင်မှာ ထွက်ပြေး လွတ်မြောက်သွားသဖြင့် မရွယ်ဂျာတယောက်သာ
ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည် ဟု ဇောင်းခေါင်၏ ရှေ့နေတဦးဖြစ်သူ ဦးမားခါး က
ပြောသည်။
ထိုစဉ်ကတည်းက ဖမ်းဆီးခံထားရသော မရွယ်ဂျာမှာ အသက်ရှင်လျက် ရှိ/မရှိ ကိုပင် မသိရသောကြောင့် အကယ်၍
သေဆုံးသွားပြီဆိုပါကလည်း သေဆုံးမှုနှင့် ပတ်သက်၍ ဆက်လက် တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ဦးမားခါး က မဇ္ဈိမကို ပြောသည်။
မရွယ်ဂျာအမှုနှင့်
ပူးတွဲ၍ ခလရ ၃၇ မှ ဖမ်းဆီးထားသည့် တာလောကြီးကျေးရွာမှ ဦးဘရန်ဆိုင်းနှင့်
ဇော်ဆိုင်း တို့အမှုအားလည်း ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့သို့
ပြောင်းလွဲချိန်းဆိုလိုက်ကြောင်း သိရသည်။
From မဇ္ဈိမ
No comments:
Post a Comment