Wednesday, February 15, 2012

မြန်မာပြည်မှာ အထင်ကြီး​စရာ အ​ခြေအ​နေ ​တွေ့​ခဲ့​ရဟု ဂျိုး​ဇက်စတစ်ဂလစ် ​ပြော

November | 2/15/2012 09:30:00 PM | Best Blogger Tips
မြန်မာပြည်ကို စီး​ပွား​ရေး​အကြံ​ပေး​ဖို့​ သွား​ရောက်ခဲ့​တဲ့​ ထင်ရှား​တဲ့​ စီး​ပွား​ရေး​ပညာရှင် ဂျိုး​ဇက်စတစ်ဂလစ်က မြန်မာပြည်မှာ အရင်နဲ့​မတူ အထင်ကြီး​လောက်စရာ အ​ခြေအ​နေ​တွေကို ​တွေ့​ခဲ့​ရတယ်လို့​ ​ပြောပါတယ်။
ဂျိုး​ဇက်စတစ်ဂလစ်(ဓာတ်​ပုံ-​ရိုက်​တာ)
မြန်မာသမ္မတ ဦး​သိန်း​စိန်၊​ အစိုး​ရပိုင်း​က ဝန်ကြီး​တွေ၊​ အရပ်ဘက် အဖွဲ့​အစည်း​တွေနဲ့​ ​တွေ့​ဆုံခဲ့​တဲ့​ ဂျိုး​ဇက်စတစ်ဂလစ်က အခုခရီး​စဉ်မှာ ၂၀၀၉ ခုနှစ် ခရီး​နဲ့​ မတူတဲ့​ တိုး​တက်မှု​တွေကို ​တွေ့​ခဲ့​ရတဲ့​အ​ကြောင်း​ ဒီဗွီဘီနဲ့​ သီး​သန့်​ ​မေး​မြန်း​ခန်း​မှာ ​ပြောပါတယ်။

“ဥပမာအ​နေနဲ့​ လိုင်စင်​တွေ ​တော်​တော်များ​များ​ ထုတ်​ပေး​ထား​လို့​ ​ဈေး​ကွက်ထဲမှာ ပြိုင်ဆိုင်မှုကလည်း​ ​တော်​တော်​လေး​ ရှိလာပါတယ်၊​ အရင်တုန်း​က ဒီလို ပြိုင်ဆိုင်မှု မရှိတဲ့​ ဒဏ်​တွေ ခံခဲ့​ရတယ်​လေ။ အခု​နောက်ပိုင်း​မှာ​တော့​ ​ဈေး​ကွက်ကို ​စောင့်​ကြည့်​နေသူ​တွေက ​ဈေး​နှုန်း​တွေ ကျသွား​တဲ့​ အ​ကြောင်း​ ​ပြောကြပါတယ်။ ဒါမျိုး​တွေကို သူတို့​ ​တော်​တော်​လေး​ကို လုပ်ထား​တာ ရှိပါတယ်” လို့​ ​ပြောပါတယ်။
အ​မေရိကန်ပြည် ​ထောင်စု၊​ ကိုလံဘီယာတက္ကသိုလ်က နိုဘယ်လ်ဆုရ စီး​ပွား​ရေး​ပညာရှင် ဂျိုး​ဇက်စတစ် ဂလစ်ဟာ လွတ်လပ်တဲ့​ ​ဈေး​ကွက်စီး​ပွား​ရေး​နဲ့​ ဆိုရှယ်လစ်စီး​ပွား​ရေး​ စနစ်နှစ်ခုကို ​ရောစပ်ထား​တဲ့​ တတိယနည်း​ စီး​ပွား​ရေး​စနစ်ကို မြှင့်​တင်သူအဖြစ် ပညာရှင် အသိုင်း​အဝိုင်း​ကြား​မှာ လူသိများ​သူဖြစ်ပါတယ်။
သူ့​ကို မြန်မာအစိုး​ရက ဒုတိယအကြိမ် ဖိတ်ကြား​တာဟာ သူ့​ရဲ့​ `တတိယနည်း​´ စီး​ပွား​ရေး​ဒဿနကို စိတ်ဝင်စား​လို့​ ဖြစ်မယ်ဆိုရင် အံ့​ဩစရာမရှိဘူး​လို့​ ဂျိုး​ဇက်စတစ်ဂလစ်က ​ပြောပါတယ်။
“တတိယနည်း​က​ တော့​ မြန်မာအစိုး​ရက ​တော်​တော်​လေး​ စိတ်ဝင်စား​တာ ​တွေ့​ရပါတယ်။ မြန်မာပြည်က အာဆီယံအဖွဲ့​ရဲ့​ လွှမ်း​မိုး​မှုရှိတယ်၊​ ကူး​လူး​ဆက်ဆံမှု များ​တယ်၊​ အာဆီယံမှာကလည်း​ တတိယနည်း​ဆိုတဲ့​ စီး​ပွား​ရေး​ ဒဿနက အား​ကောင်း​ ​မောင်း​သန်ရှိတယ်။ ဒါ​ကြောင့်​ အံ့​ဩစရာ မရှိပါဘူး​။”
ဂျိုး​ ဇက်စတစ်ဂလစ်ဟာ စ​နေ​နေ့​မှာ ရန်ကုန်မြို့​ လမ်း​မ​တော်နား​က မင်း​ရဲ​ကျော်စွာလမ်း​က မြန်မာနိုင်ငံ ကုန်သည်များ​နှင့်​ စက်မှုလုပ်ငန်း​ရှင်များ​ အသင်း​ချုပ် (UMFCCI) မှာ အရပ်ဘက်အဖွဲ့​အစည်း​တွေက စိတ်ဝင်စား​သူ​တွေ တက်​ရောက်တဲ့​ စီး​ပွား​ရေး​ဆိုင်ရာ ​ဟော​ပြောပွဲလုပ်ခဲ့​သလို၊​ အင်္ဂါ​နေ့​မှာ သမ္မတ ဦး​သိန်း​စိန်နဲ့​ ​နေပြည်​တော်မှာ ​တွေ့​ဆုံခဲ့​ပါတယ်။
အစိုး​ရပိုင်း ​မှာ​ရော၊​ အရပ်ဘက်အဖွဲ့​အစည်း​မှာပါ စီး​ပွား​ရေး​ ပြုပြင်​ပြောင်း​လဲမှု အ​ပေါ် စိတ်ဝင်တစား​ ရှိတာ ​တွေ့​ခဲ့​ရတယ်လို့​ ဂျိုး​ဇက်စတစ်ဂလစ်က ​ပြောပါတယ်။
“စ​နေ​နေ့​ ကျ​နော့်​ရဲ့​ ​ဟော​ပြောချက် အကျဉ်း​ချုပ်က အင်္ဂါ​နေ့​ သမ္မတနဲ့​ ​တွေ့​တဲ့​အချိန်မှာ သမ္မတလက်ထဲမှာ ​ရောက်​နေပြီ။ ဒါက အ​တော်​လေး​ စိတ်ဝင်စား​စရာ ​ကောင်း​ပါတယ်။ အစိုး​ရပိုင်း​က ပြည်တွင်း​ဖြစ် စီး​ပွား​ရေး​ အစီအစဉ် တခု ရှိလာဖို့​ စိတ်ပိုင်း​ဖြတ်ထား​ပုံ​တော့​ ရတယ်။ တချိန်တည်း​မှာ အပြင်က လိုအပ်တဲ့​ အကြံဉာဏ်​တွေကိုလည်း​ အ​လေး​အနက် နား​ထောင်သွား​မယ် ဆိုတဲ့​ သ​ဘောမျိုး​ပေါ့​။”
သမ္မတ အစိုး​ရဝန်ကြီး​တွေနဲ့​ ​ဆွေး​နွေး​တဲ့​အခါမှာ ၂၀၀၉ ခုနှစ်တုန်း​က သတိကြီး​ကြီး​ထား​ပြီး​ ​ပြောဆိုခဲ့​ရတဲ့​ ဆင်း​ရဲမွဲ​တေမှုကိစ္စ၊​ လူသား​အရင်း​အမြစ်ကို အား​သစ်​လောင်း​ဖို့​ ကိစ္စ၊​ စီး​ပွား​ရေး​ကို လုံး​ဝဖွင့်​ပေး​ဖို့​ ကိစ္စ​တွေမှာ ပွင့်​ပွင့်​လင်း​လင်း​ ​ဆွေး​နွေး​နိုင်ခဲ့​တယ်လို့​ သူက ဆိုပါတယ်။
မြန်မာပြည်မှာ လွန်ခဲ့​တဲ့​ နှစ်​တွေက ပြသာနာဟာ ရင်း​နှီး​မြှုပ်နှံသူ​တွေက သဘာဝသယံဇာတကို ထုတ်ယူတဲ့​ကဏ္ဍ၊​ လျှပ်စစ်ဓာတ်အား​ ထုတ်ယူတဲ့​ ကဏ္ဍ​တွေမှာပဲ ရင်း​နှီး​မြှုပ်နှံခဲ့​ပြီး​၊​ အလုပ်အကိုင်ကို ဖန်တီး​ပေး​နိုင်မယ့်​ ကုန်ထုတ်လုပ်မှုကဏ္ဍမှာ ရင်း​နှီး​မြှုပ်နှံမှု မရှိခဲ့​တာ​ကြောင့်​လို့​ စတစ်ဂလစ်က သုံး​သပ်ပါတယ်။
ရန်ကုန်က ​ဟော​ပြောပွဲမှာ တက်​ရောက် နား​ထောင်သူ​တွေလည်း​ ၂၀၀၉ ခုနှစ် တုန်း​က အ​ခြေအ​နေနဲ့​ မတူဘဲ ပိုပြီး​ ပွင့်​ပွင့်​လင်း​လင်း​၊​ စိတ်အား​ ထက်ထက်သန်သန်နဲ့​ ရှိတာ ​တွေ့​ခဲ့​ရပြီး​၊​ အထူး​သဖြင့်​ `သယံဇာတကျိန်စာ´ကိစ္စ အ​ပေါ် အ​လေး​ထား​ ​ဆွေး​နွေး​ခဲ့​တယ်လို့​ ​ပြောပါတယ်။
အစိုး​ရအဖွဲ့​ အတွင်း​မှာ ပြုပြင်​ပြောင်း​လဲမှုကို လုပ်ချင်တဲ့​ အင်အား​စု​တွေ အား​ကောင်း​မောင်း​သန် ရှိ​နေတာ၊​ လူထုအ​ခြေပြု အဖွဲ့​အစည်း​တွေ ပိုပြီး​ အသက်ဝင်လာတာ၊​ ပြီး​ခဲ့​တဲ့​ နှစ်​တွေက နိုင်ငံခြား​မှာ ​ရောက်​နေတဲ့​ မြန်မာ ပညာတတ် လူငယ်​တွေ နိုင်ငံထဲ ပြန်လာကြတာ​တွေဟာလည်း​ မြန်မာပြည်အတွက် အား​တက်စရာ ဖြစ်တယ်လို့​ စတစ်ဂလစ်က သုံး​သပ်ပါတယ်။ 
From DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1