Thursday, March 1, 2012

အစိုး​ရအဖွဲ့​တွင်း​မှာ ဂိုဏ်း​ကွဲမှုမရှိဟု သမ္မတရှင်း

November | 3/01/2012 07:39:00 PM | Best Blogger Tips
                                            
 အစိုး​ရအဖွဲ့​ အတွင်း​မှာ အမာဂိုဏ်း​နဲ့​ အ​ပျော့​ဂိုဏ်း​ဆိုပြီး​ ကွဲပြား​နေတာ မရှိဘူး​လို့​ သမ္မတ ဦး​သိန်း​စိန်က နိုင်ငံ​တော် အ​ခြေပြမိန့်​ခွန်း​မှာ ထည့်​ပြောသွား​ပါတယ်။

သမ္မတဦး ​ဆောင်တဲ့​ အစိုး​ရအဖွဲ့​၊​ တိုင်း​နဲ့​ ပြည်နယ် အစိုး​ရအဖွဲ့​ဝင်​တွေ၊​ တပ်မ​တော်​ခေါင်း​ဆောင်​တွေ၊​ လွှတ်​တော်နဲ့​ တရား​ရေး​မဏ္ဍိုင်က ပုဂ္ဂိုလ်​တွေ အား​လုံး​ဟာ အစိုး​ရအဖွဲ့​ရဲ့​ မူဝါဒကို ယုံကြည်စွာနဲ့​ ​ဆောင်ရွက်​နေကြတယ်လို့​ သမ္မတ ဦး​သိန်း​စိန်က ​ပြောပါတယ်။
အစိုး​ရအဖွဲ့​ အတွင်း​မှာ ဂိုဏ်း​ကွဲ​နေတာမျိုး​ မဟုတ်ဘဲ လူတဦး​ချင်း​စီရဲ့​ ဗီဇ၊​ စရိုက်နဲ့​ အမူအကျင့်​တွေအ​ပေါ် မူတည်ပြီး​ စီမံခန့်​ခွဲမှုမှာ ကွာခြား​နေတာမျိုး​ ဖြစ်တယ်လို့​ ဦး​သိန်း​စိန်က အစိုး​ရအဖွဲ့​ တနှစ်ပြည့်​ မိန့်​ခွန်း​မှာ ထည့်​ပြောသွား​ပါတယ်။
အစိုး​ရအဖွဲ့​ အ​နေနဲ့​ တိုင်း​ပြည်ရဲ့​ ဂျီဒီပီ တိုး​တက်လာရုံသာမက၊​ ပြည်သူလူထုရဲ့​ လူ​နေမှုအဆင့်​အတန်း​တွေ မြင့်​မား​လာဖို့​ ရရှိခံစား​နေတဲ့​ ပညာ​ရေး​၊​ ကျန်း​မာ​ရေး​၊​ လူမှုဖူလုံ​ရေး​နဲ့​ ပြည်သူ​ရေး​ရာ ဝန်​ဆောင်မှု​တွေ တိုး​တက်မြင့်​မား​လာဖို့​ရယ်၊​ ဖွံ့​ဖြိုး​တိုး​တက်မှု​ကြောင့်​ သဘာဝပတ်ဝန်း​ကျင် မထိခိုက် မဆုံး​ရှုံး​စေဖို့​အထိ ရည်ရွယ်​ဆောင်ရွက်​နေတယ်လို့​ သမ္မတ ဦး​သိန်း​စိန်က ​ပြောသွား​ပါတယ်။ 
Ref; DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1