Thursday, March 1, 2012

အန်အယ်လ်ဒီ အမတ်​လောင်း​တဦး​ကို ​ကော်မရှင်က ပယ်ဖျက်

November | 3/01/2012 09:33:00 PM | Best Blogger Tips

ကြား​ဖြတ်​ ရွေး​ကောက်ပွဲမှာ စစ်ကိုင်း​တိုင်း​ ကသာခရိုင်က ဝင်အ​ရွေး​ခံမယ့်​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ကိုယ်စား​ပြုစာရင်း​သွင်း​သူ ဦး​စောလှိုင်ကို ​ရွေး​ကောက်ပွဲ​ကော်မရှင်က ကိုယ်စား​လှယ် အမည်pာရင်း​က ပယ်ဖျက်ပြီး​ ဖြစ်တဲ့​အ​ကြောင်း​ ဒီ​နေ့​ အ​ကြောင်း​ကြား​ပါတယ်။

ဦး​ စောလှိုင်ဟာ အမျိုး​သား​လွှတ်​တော် အမှတ် ၇ မဲဆန္ဒနယ်ဖြစ်တဲ့​ စစ်ကိုင်း​တိုင်း​ ​ကောလင်း​၊​ ဝန်း​သို၊​ ပင်လယ်ဘူး​၊​ ဗန်း​မောက်မြို့​နယ် ၄ ခုကို ကိုယ်စား​ပြုပြီး​ ဝင်ပြိုင်ဖို့​ စီစဉ်ထား​တာပါ။
ရွေး​ ကောက်ပွဲမှာ ဦး​စောလှိုင်ရဲ့​ ကိုယ်စား​လှယ်အဖြစ် ခန့်​ထား​တဲ့​ ဦး​မြင့်​ကြည်က “ဒီ​နေ့​မနက် ၁၀ နာရီ ၂၅ မိနစ်​လောက်မှာ ကသာခရိုင် ​ကော်မရှင်အဖွဲ့​ခွဲကို သွား​ပြီး​တော့​မှ အကျိုး​အ​ကြောင်း​ စုံစမ်း​ပါတယ်။ ခရိုင်​ကော်မရှင် အဖွဲ့​ခွဲ ဥက္ကဋ္ဌနဲ့​ ​တွေ့​ပါတယ်။ သူ့​ပြောကြား​ချက်အရ ဦး​စောလှိုင်ကို ပယ်လိုက်ပါပြီ။ သူသွင်း​ထား​တဲ့​ ​ရွေး​ကောက်ပွဲ ဝင်​ကြေး​ ၅ သိန်း​ကိုလည်း​ ပြန်ထုတ်​ပေး​မှာပါလို့​ ​ပြောပါတယ်။ တရား​ဝင် အ​ကြောင်း​ကြား​ဖို့​ ​မေး​မြန်း​ကြည့်​တော့​ ဒီ​နေ့​မနက်မှ တိုင်း​ဒေသကြီး​ ​ကော်မရှင်အဖွဲ့​ခွဲက​နေ ဖုန်း​နဲ့​ ဝင်လာပြီး​ အ​ကြောင်း​ကြား​တာ ဖြစ်ပါတယ်။ မတ်လ ၅ ရက်​နေ့​ တနင်္လာ​နေ့​ အ​စောဆုံး​ထား​ပြီး​ စာနဲ့​တကွ ပြန်ကြား​ပေး​ပါမယ်လို့​ ​ပြောပါတယ်။”
Ref; DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1