Thursday, March 1, 2012

မြန်မာ့​နိုင်ငံ​ရေး​ပြောင်း​လဲမှုကို စစ်တပ်က ​ထောက်ခံဟု သမ္မတအကြံ​ပေး​ ​ပြောကြား

November | 3/01/2012 08:36:00 PM | Best Blogger Tips
 
မြန်မာတပ်မ​တော်ဟာ မြန်မာပြည်က နိုင်ငံ​ရေး​ပြုပြင်​ပြောင်း​လဲမှု​တွေ အ​ပေါ်မှာ အပြည့်​အဝ ​ထောက်ခံမှု ရှိတယ်လို့​ သမ္မတရဲ့​ နိုင်ငံ​ရေး​အကြံ​ပေး​လည်း​ဖြစ်၊​ အစိုး​ရအဖွဲ့​ရဲ့​ အတွင်း​လူလို့​ သိကြတဲ့​ ဦး​ကိုကိုလှိုင်က ​ပြောလိုက်ပါတယ်။


ထိုင်း​သတင်း​ စာ တ​စောင်ဖြစ်တဲ့​ ​နေရှင်း​သတင်း​စာရဲ့​ အယ်ဒီတာချုပ်နဲ့​ ​မေး​မြန်း​တဲ့​အခါမှာ ဦး​ကိုကိုလှိုင်က ​ပြောလိုက်တာပါ။ အရင် စစ်အစိုး​ရအဖွဲ့​ရဲ့​ အကြီး​အကဲ ဗိုလ်ချုပ်မှူး​ကြီး​သန်း​ရွှေ ကလည်း​ လက်ရှိ နိုင်ငံ​ရေး​ အ​ခြေအ​နေသစ်​တွေကို ​နောက်ကွယ်က​နေ ကြိုး​ကိုင် ညွန်ကြား​တာမျိုး​ မရှိဘဲ၊​ လုံး​ဝအနား​ယူသွား​ပြီလို့​ ဦးကိုကိုလှိုင်က ​ပြောပါတယ်။
ဒေါ်​ အောင်ဆန်း​စုကြည်ဟာ နှစ်​ပေါင်း​များ​စွာ ​နေအိမ် အကျယ်ချုပ်ချခံခဲ့​ရသူ ဖြစ်တဲ့​အတွက် စစ်တပ်အ​ပေါ်မှာ အပြည့်​အဝ ယုံကြည်မှု မရှိ​သေး​တာကလည်း​ သဘာဝကျတယ်လို့​ အငြိမ်း​စား​ စစ်တပ်အရာရှိလည်း​ ဖြစ်တဲ့​ ဦး​ကိုကိုလှိုင်က ​ပြောပါတယ်။
လက်နက်ကိုင် သူပုန်ထမှု​တွေ သက်တမ်း​ရှည်ကြာ​နေတဲ့​ မြန်မာ့​နိုင်ငံမှာစစ်တပ်ရဲ့​ အခန်း​ကဏ္ဍဟာ အ​ရေး​ကြီး​တယ်လို့​လည်း​ သမ္မတရဲ့​ နိုင်ငံ​ရေး​အကြံ​ပေး​ ဦး​ကိုကိုလှိုင်က ​ပြောကြား​ခဲ့​ပါတယ်။
Ref;DVB


No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1