Thursday, March 8, 2012

သင်္ကြန်ပိတ်ရက် လုပ်ခ ခံစား​ခွင့်​ စက်မှုဇုန် အလုပ်သမား​များ​ ​တောင်း​ဆို

November | 3/08/2012 07:23:00 PM | Best Blogger Tips
သင်္ကြန်ကာလ အလုပ်ပိတ်ရက်​တွေအတွက် လုပ်ခလစာ​တွေ ​ပေး​ဖို့​ ရန်ကုန် တိုင်း​ စက်မှုဇုန် အလုပ်သမား​သမဂ္ဂက သမ္မတနဲ့​ သက်ဆိုင်ရာ တာဝန်ရှိသူ ​တွေထံ စာ​ရေး​သား​ပေး​ပို့​ ​တောင်း​ဆိုလိုက်ပါတယ်။

စက်မှုဇုန်အလုပ်သမား ​တွေအ​နေနဲ့​ သင်္ကြန်ကာလ ပိတ်ရက် ၁၀ ရက်မှာ လုပ်ခလစာမရဘဲ နား​ရတဲ့​အတွက် စား​ဝတ်​နေ​ရေး​ ခက်ခဲကျပ်တည်း​တာ ​ကြောင့်​ အစိုး​ရရုံး​ဝန်ထမ်း​များ​နည်း​တူ လုပ်ခလစာအပြည့်​ရတဲ့​ အလုပ်ပိတ်ရက် အဖြစ် အကျိုး​ခံစား​ခွင့်​ ရရှိဖို့​ ​တောင်း​ဆိုတာ ဖြစ်ပါတယ်။
ဒီ​တောင်း​ ဆိုစာကို ရန်ကုန်တိုင်း​အတွင်း​ရှိ စက်မှုဇုန် ၁၈ ခုက အလုပ် သမား​ နှစ်​ထောင်​ကျော်ကို ကိုယ်စား​ပြု ​တောင်း​ဆိုတာ ဖြစ်တယ်လို့​ ရန်ကုန် တိုင်း​ စက်မှုဇုန် အလုပ်သမား​သမဂ္ဂ ဥက္ကဋ္ဌ ဦး​ရဲ​ကျော်သူက ​ပြောပါတယ်။
“ရက်မှန်​ကြေး ​ ဆု​ကြေး​ငွေ​တွေလည်း​ တလကို တ​သောင်း​ပေး​ရင် အကုန်လုံး​ ဖြတ်ခံရတယ်။ မဆင်း​တဲ့​ရက်လည်း​ လုပ်အား​ခ မ​ပေး​ဘူး​။ ပုံမှန် ဆင်း​တဲ့​လမှာ ၅ ​သောင်း​ ရရင် သင်္ကြန်ပိတ်ရက် ခံသွား​တဲ့​အခါမှာ ၂ ​သောင်း​ ​ကျော်​ကျော်​လောက် နစ်နာတယ်။ စက်မှုဇုန်​တွေမှာက ​နေ့​စား​သမား​ များ​ တယ်။ အမြဲတမ်း​ ဝန်ထမ်း​ခန့်​ထား​တာ နည်း​တယ်။ ကျ​နော်တို့​ အ​ခြေခံ လူတန်း​ စား​အ​နေနဲ့​ ၁၀ ရက် မဆင်း​နိုင်​တော့​ဘူး​ ။ အလုပ်ရှင်​တွေကလည်း​ အလုပ်ပိတ်လိုက်တဲ့​အခါမှာ လုပ်အား​ခ နစ်နာတယ်။ စား​ဝတ်​နေ​ရေး​လည်း​ အခက်အခဲ ဖြစ်သွား​တာ​ပေါ့​။”
သင်္ကြန်ကာလမှာ စက်မှုဇုန်​တွေက အလုပ်ရုံ၊​ စက်ရုံ​တွေ အကုန်လုံး​ ပိတ်တယ်လို့​ ​ပြောပါတယ်။ ရန်ကုန်တိုင်း​ စက်မှုဇုန် အလုပ်သမား​သမဂ္ဂကို ပြီး​ခဲ့​တဲ့​နှစ်ကတည်း​က ဖွဲ့​စည်း​ထား​ပြီး​၊​ သက်ဆိုင်ရာ အလုပ်သမား​ ဝန်ကြီး​ ဌာနကို တရား​ဝင် မှတ်ပုံတင်ထား​ပေမယ့်​ ခုထိ ချမ​ပေး​သေး​ဘူး​လို့​ ဆိုပါ တယ်။
ဒီ​တောင်း​ ဆိုစာကို နိုင်ငံတကာ အလုပ်သမား​အဖွဲ့​တွေ ဖြစ်တဲ့​ ကမ္ဘာ့​ အလုပ်သမား​အဖွဲ့​ချုပ် (အိုင်အယ်လ်အို)နဲ့​ အပြည်ပြည်ဆိုင်ရာ အလုပ် သမား​ အဖွဲ့​ချုပ် (အိုင်တီယူစီ) ​တွေကိုလည်း​ မိတ္တူ​ပေး​ပို့​ခဲ့​ပါတယ်။
Ref; DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1