Thursday, March 8, 2012

 ဥပဒေအရ ကြိုတင်မဲပေးခွင့်ရှိသူမှအပ အခြားမဲဆန္ဒရှင်များ မဲရုံတွင်သာ မဲပေးကြရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တိုက်တွန်းနှိုးဆော်

Anonymous | 3/08/2012 07:26:00 PM | Best Blogger Tips
သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၄၃ နှင့် နည်းဥပဒေ ၃၉(ဆ)တို့အရ ရွေးကောက်ပွဲတွင် (ဥပဒေနှင့်အညီ) ကြိုတင်မဲပေးခွင့်ရှိသူမှအပ အခြားမဲဆန္ဒရှင်များမဲ ရုံတွင်သာ မဲပေးကြရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တိုက် တွန်းနှိုးဆော်ထားကြောင်း သိရသည်။

လွှတ်တော်ဆိုင်ရာရွေးကောက်ပွဲ ပုဒ် ၄၅ (က)၊ ပုဒ်မ ၄၆ နှင့် ၄၇ တို့ အရ မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်မဲပေးခွင့်ရှိသူများမှာ မဲဆန္ဒနယ်ပြင်ပရောက် တပ်မတော်သားများ၊ မဲဆန္ဒနယ် ပြင်ပရောက် ကျောင်းသားများ၊ မဲဆန္ဒနယ် ပြင်ပရောက် သင်တန်းသားများ၊ မဲဆန္ဒနယ်ပြင်ပရောက် အချုပ်ခံနေရသူများ၊ မဲဆန္ဒနယ်ပြင်ပရောက် အခြားမဲဆန္ဒရှင်များ(ရက်ပေါင်း ၁၈၀ ထက်မနည်း)၊ အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက်ရှိနေသော မဲဆန္ဒရှင်များ ဖြစ်သည်။ ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၄၅ (ခ)နှင့် (ဂ)တို့အရ မဲဆန္ဒနယ်အတွင်း ၌ရှိသော်လည်း ကြိုတင်မဲ ပေးပိုင်ခွင့်ရှိသူများမှာ ရွေးကောက်ပွဲကျင်းပသည့်နေ့၌ မိမိအမည်စာရင်းပါရှိရာ မဲဆန္ဒနယ်မှ ကျော်လွန်၍ ခရီးဝေးသွားလာရန်ရှိခြင်း၊ အနာကြီးရောဂါ စွဲကပ်နေခြင်း၊ ရောဂါဝေဒနာ ပြင်းထန်စွာ ခံစားနေရခြင်း၊ အသက်အရွယ်ကြီးရင့်နေခြင်း၊ သားဖွားနေခြင်း၊ ရဲအချုပ်စခန်း သို့မဟုတ် အကျဉ်းစခန်းတွင် အချုပ်ခံနေရခြင်း၊ ဆေးရုံ၌ အတွင်းလူနာအဖြစ် ဆေးဝါးကုသမှုခံယူနေခြင်း၊ နိုင်ငံဝန်ထမ်း သို့မဟုတ် တပ်မတော်သား သို့မဟုတ် ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် မဲစာရင်းပါရှိရာဒေသမှ ကျော်လွန်၍ ယာယီတာဝန်သွားရောက် ထမ်းဆောင်ရခြင်း စသည်တို့ကြောင့် မဲရုံသို့ ကိုယ်တိုင်လာရောက် မဲမပေးနိုင်ပါက ကြိုတင်မဲပေးခွင့်ရှိကြောင်း သိရသည်။
Ref; EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1