Thursday, March 8, 2012

 သြစတြေးလျတွင် ရေကြီးမှုကြောင့် လူထောင်ပေါင်းများစွာ နေရာရွှေ့ပြောင်းခဲ့ရ၍ စိုးရိမ်မှုများ မြင့်တက်လာ

November | 3/08/2012 07:54:00 PM | Best Blogger Tips
 

ရေလွှမ်းမိုးခဲ့သော ၀က်ဂါဝက်ဂါမြို့ကို သြစတြေးလျဝန်ကြီးချုပ် ဂျူလီယာဂီးလာဒ် 
မတ်လ ၇ ရက်နေ့က ရဟတ်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုနေစဉ်
သြစတြေးလျရှိ မူရမ်ဘစ်ဂျီမြစ် ရေများမြင့်တက်လာကာ မြစ်ကမ်းဘေး၌ ကာရံထားသော ရေကာတာများ ကျိုးပေါက်လာတော့မည်ဖြစ်သောကြောင့် နိုင်ငံအရှေ့တောင်ပိုင်းရှိ ထောင်ပေါင်းများစွာသော ပြည်သူများသည် မတ်လ ၅ ရက်နေ့တွင် ၎င်းတို့၏ နေအိမ်များအား စွန့်ခွာထွက် ပြေးခဲ့ရသည်။
မူရမ်ဘစ်ဂျီမြစ်သည် နယူးဆောက်ဝေးလ်ပြည်နယ်၏ အဓိကမြစ်ကြီးတစ်စင်းဖြစ်ပြီး ယခုသီတင်းပတ်အတွင်းတွင် မြစ်ရေကြီးရေလျံမှု ကြောင့် နိုင်ငံအရှေ့ပိုင်းရှိ နယူး ဆောက်ဝေး၊ ကွင်းစ်လန်း၊ ဗစ်တိုးရီးယား ပြည်နယ် တို့ကို ထိခိုက်စေခဲ့ပြီး အိမ်ရာပေါင်းများစွာ ပျက်စီးခဲ့ရ၍ ဒေါ်လာသန်းပေါင်းများစွာ ဆုံးရှုံးခဲ့သည်။
နယူးဆောက်ဝေးပြည်နယ်တွင် အကြီးဆုံးမြို့ဖြစ်သော ၀က်ဂါဝက်ဂါ (Wagga Wagga)မြို့တွင် မတ်လ ၆ ရက်နေ့က လူ ၉၀၀၀ ခန့်ကို နေရာ ရွှေ့ပြောင်းပေးခဲ့ရသည်။ 
''ရေကာတာကနေ ရေတွေဆက်မထိန်းနိုင်တော့ရင် မြစ်ရေတွေဟာ ၀က်ဂါဝက်ဂါမြို့ရဲ့ စီးပွားရေးအချက်အချာ CBD နေရာအပြင် အခြားနေရာတွေကိုပါ ရေလွှမ်းသွားနိုင်ပါတယ်''ဟု ဒေသဆိုင်ရာ အရေးပေါ် ကယ်ဆယ်ရေးဌာနမှ ကိုယ်စားလှယ် Dieter Geske က ပြောကြားခဲ့သည်။  မူရမ်ဘစ်ဂျီမြစ်ရေသည် ရေကာတာ၏ အမြင့်ဆုံးရေထိန်းသိမ်းနိုင်သော ၁၀ ဒသမ ၉ မီတာ(၃၆ ပေ) အထိ မြင့်တက်လာနိုင်သောကြောင့် စိုးရိမ်နေကြရသည်။
မူရမ်ဘစ်ဂျီမြစ်သည် ၁၈၄၄ ခုနှစ်မှစ၍ ယခုကဲ့သို့သော မြစ်ရေကြီးမှုမျိုး မဖြစ်ပွားခဲ့ဖူးကြောင်း သိရှိရသည်။ ယခုချိန်ထိရေကြီးမှုကြောင့် အိမ် ၂၄၀ ခန့် ပျက်စီးခဲ့ပြီး ဖြစ်သည်။
၂၀၁၁ ခုနှစ်အစောပိုင်းတွင်လည်း သြစတြေးလျအရှေ့ပိုင်း၌ ရေကြီးမှုများကြောင့် လူပေါင်း ၃၀ ကျော်သေဆုံးခဲ့ရကာ အိမ်ခြေထောင်ပေါင်းများစွာ ရေနစ်မြုပ်ခဲ့ရ၍ ကွင်းစ်လန်းပြည်နယ်၏ မြို့တော်အပါအ၀င် နိုင်ငံနေရာအတော်များများ ရေလွှမ်းခံခဲ့ရသည်။
Ref:AFP


No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1