Thursday, March 8, 2012

ထိုင်း​နဲ့​မြန်မာအမျိုး​သမီး​များ​ ပူး​ပေါင်း​ပြီး​ နိုင်ငံတကာအမျိုး​သမီး​များ​နေ့​ကျင်း​ပ

November | 3/08/2012 07:33:00 PM | Best Blogger Tips

ထိုင်း​နိုင်ငံ မဲ​ဆောက်မြို့​မှာ ထိုင်း​နဲ့​မြန်မာအမျိုး​သမီး​အဖွဲ့​ပူး​ပေါင်း​ ပြီး​ သည်​နေ့​ ကျ​ရောက်တဲ့​ ၁၀၁ကြိမ်​မြောက် နိုင်ငံတကာအမျိုး​သမီး​များ​နေ့​ကို ကျင်း​ပခဲ့​ပါ တယ်။

မဲ​ဆောက်မြို့​ပိုင်ရုံး​မှာ ကျင်း​ပတဲ့​ ဒီအခမ်း​အနား​ကို တာ့​ခရိုင်မှူး​က တက် ​ရောက် အမှာစကား​ ​ပြောကြား​ခဲ့​ပါတယ်။
မြန်မာအမျိုး​သမီး​သမဂ္ဂရဲ့​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​ဒေါ်နိုး​နိုး​ ထက်စံက သည်လို ​ပြောပါတယ်။
“ကျမတို့​က အရမ်း​ကြီး​ကို ဝမ်း​သာတယ်။ ဘာဖြစ်လို့​လဲဆိုရင် ပထမဆုံး​ ​ခြေလှမ်း​ အဖြစ် ထိုင်း​အ​နေနဲ့​ ကျမတို့​နဲ့​ ပူး​ပေါင်း​ဆက်ဆံတာ ဆက်သွယ် လုပ်​ဆောင်တာ ဖြစ်တယ်။ တပြိုက်နက်တည်း​မှာ ဒီ​နေ့​ဟာ ပြည်တွင်း​မှာ နိုင်ငံတကာအမျိုး​သမီး​များ​နေ့​ကို ကျင်း​ပ​နေကြတယ်​ပေါ့​။ ဒါဟာ ကျမတို့​ နိုင်ငံအတွက်လည်း​ ပထမဆုံး​ အကြိမ်ဖြစ်တယ်။ အဲဒီ့​အတွက်ကိုပဲ ကျမ အရမ်း​ဝမ်း​သာတယ် ကြိုဆိုတယ်။ ဆက်ပြီး​မှလည်း​ ဒီကိစ္စ​တွေ ဖွင့်​သွား​ပေး​ပါ လို့​ ​ပြောချင်တာ​ပေါ့​။”
ထိုင်း​ နိုင်ငံ ချင်း​မိုင်မြို့​မှာလည်း​ ထိုင်း​နဲ့​ မြန်မာ အန်ဂျီအိုများ​နဲ့​ မြန်မာ အဖွဲ့​ အစည်း​တွေ ပူး​ပေါင်း​ပြီး​ ည​နေ ၅ နာရီခွဲမှာ လမ်း​လျှောက်ချီ တက် ကြ ပါ တယ်။ ဒီချီတက်ပွဲမှာ (အမျိုး​သမီး​နဲ့​ဦး​ဆောင်မှု)ဆိုတဲ့​ အ​ကြောင်း​ အရာ ကို ​တောင်း​ဆို ထား​တယ်လို့​ သိရပါတယ်။
အမျိုး​သမီး​ များ​အဖွဲ့​ချုပ်မြန်မာနိုင်ငံရဲ့​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​ဒေါ်တင် တင် ညိုက “ အမျိုး​သမီး​နဲ့​ ဦး​ဆောင်မှု ဆိုပြီး​တော့​မှ အဲဒါက​တော့​ သူတို့​ရဲ့​ အဓိက theme ​ပေါ့​။ အမျိုး​သမီး​တွေက အ​ပြောင်း​အလဲ​တွေကို ပြုလုပ် ဖန်တီး​ မယ့်​ သူ​တွေ​ပေါ့​နော်။ ဒီပုံစံမျိုး​နဲ့​တော့​ သူတို့​က ​ခေါ်ထား​တာ ရှိတယ်”လို့​ ​ပြော ပါ တယ်။
ဒီ​နေ့​ကျ​ရောက်တဲ့​ (၁၀၁) ကြိမ်​မြောက် နိုင်ငံတကာ အမျိုး​သမီး​များ​နေ့​ အထိမ်း​အမှတ် အခမ်း​အနား​ကို ပထမဆုံး​အကြိမ်အဖြစ် ထား​ဝယ်မြို့​မောင်း​မ ကန် ကမ်း​ခြေမှာ ကျင်း​ပခဲ့​ကြောင်း​ ၊​တိုင်း​ရင်း​သား​ဝန်ကြီး​ ဦး​ ​စောဟာဗွီက အခမ်း​အနား​ကို ဖဲကြိုး​ဖြတ် ဖွင့်​လှစ်​ပေး​ခဲ့​ကြောင်း​၊​ ပရိသတ် ၁၅၀ ​ကျော် တက် ​ရောက်​ကြောင်း​ ထား​ဝယ်လူထုအသံ အွန်လိုင်း​စာမျက်နှာမှာ ​ရေး​သား​ ​ဖော်ပြ ထား​ ပါတယ်။
Ref; DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1