Wednesday, March 14, 2012

လုံထိန်း​တပ်ဖွဲ့​ ဖျက်ပစ်ဖို့​ လွှတ်​တော်မှာ အဆိုတင်

November | 3/14/2012 07:34:00 PM | Best Blogger Tips


အဓိကရုဏ်း​နှိမ်း​နင်း​ရေး​တွေမှာ အစိုး​ရက အသုံး​ပြု​လေ့​ရှိတဲ့​ လုံထိန်း​ရဲတပ်ဖွဲ့​တွေ အပါအဝင် ​ခေတ်စနစ်နဲ့​ မညီ​တော့​တဲ့​ အဖွဲ့​တချို့​နဲ့​ ဝန်ကြီး​ဌာနအချို့​ ဖျက်သိမ်း​ဖို့​ အဆိုတရပ်ကို ကျင်း​ပ​နေတဲ့​ အမျိုး​သား​လွှတ်​တော်မှာ မတ် ၁၂ ရက်က တင်သွင်း​ခဲ့​ပါတယ်။
ဝန်ထမ်း​အဖွဲ့ ​အစည်း​တချို့​ ဖျက်သိမ်း​ဖို့​၊​ ချုံ့​ဖို့​၊​ ချဲ့​ဖို့​နဲ့​ အသစ်ဖွဲ့​ဖို့​ လိုရင်လည်း​ ထပ်ဖွဲ့​ဖို့​ စတဲ့​ အဆို တရပ်ကို ရခိုင်ပြည်နယ်၊​ မဲဆန္ဒနယ် အမှတ်(၁)က ​ဒေါက်တာ​အေး​မောင်က တင်သွင်း​ခဲ့​တာပါ။
ဒေါက်တာ​အေး​ မောင်က “ ဥပမာ-ရဲတပ်ဖွဲ့​ဆိုရင်လည်း​ လုံထိန်း​တွေက ဒီ​လောက်ထိ တပ်ရင်း​တွေ ရှိစရာ မလိုဘူး​၊​ ဆန္ဒပြတာကို ထိန်း​ချုပ်ဖို့​အတွက် ဖွဲ့​ထား​ခဲ့​တယ်ဆိုရင် ဒီရည်မှန်း​ချက်က ဒီ​နေ့​ချိန်မှာ မလို အပ်​တော့​ဘူး​။ ဥပမာ – ဝန်ထမ်း​ရွေး​ချယ် ​လေ့​ကျင့်​ရေး​ရဲ့​ အထက်မြန်မာပြည်၊​ ​အောက်မြန်မာပြည် ၂ ခုရှိတယ်။ ဗဟိုဝန်ထမ်း​တက္ကသိုလ်၊​ ဝန်ထမ်း​အစ ဝန်ထမ်း​တွေရဲ့​ အရာရှိ ၅ လ သင်တန်း​ပေး​ရမယ့်​ ရုံး​ဝန်ထမ်း​တွေကိုပဲ၊​ ဒါ​ပေမယ့်​ ​ကျောင်း​ဆရာ၊​ ဆရာမ​တွေ၊​ တခြား​ဝန်ထမ်း​ အကြီး​တွေကို ခုနလို အထူး​မွမ်း​မံသင်တန်း​လို ​ပေး​ ​ပေး​နေတဲ့​ နိုင်ငံ​တော်ရဲ့​ ပိုက်ဆံ စရိတ်​တွေက ​တော်​တော်ကုန်ပါတယ်။ ဒါ​တွေက ခုန​ပြောသလို မ​ပေး​သင့်​တော့​ဘူး​။ သူ့​ရဲ့​ကျွမ်း​ကျင်မှုအတွက် သူ့​ရဲ့​ဝန်ကြီး​ဌာန​အောက်မှာ ​ပေး​ရင် ရတဲ့​ သင်တန်း​မျိုး​ကို အခုလို အချိန်ကုန်ခံပြီး​ ​ပေး​တာမျိုး​ဟာ ဒီ​နေ့​ အချိန်ကာလဟာ ဆိုရှယ်လစ်​ခေတ် မဟုတ်​တော့​ဘူး​။ နအဖ၊​ နဝတ​ခေတ် မဟုတ်​တော့​ဘူး​။ ကျ​နော်တို့​သွား​တဲ့​ ဒီမိုက​ရေစီလမ်း​ကြောင်း​ပေါ်မှာ လိုအပ်ရဲ့​လား​ဆိုတာ အစိုး​ရအဖွဲ့​သိမှာပါ။ ဒီသ​ဘောပါပဲ။”
ခေတ်နဲ့​အညီ ချုံ့​ဖို့​၊​ ချဲ့​ဖို့​ တင်ပြခဲ့​တဲ့​ ဝန်ကြီး​ဌာန​တွေထဲမှာ ပြန်ကြား​ရေး​၊​ စိုက်ပျိုး​ရေး​နဲ့​ သမဝါယမစတဲ့​ ဌာန​တွေပါရှိပါတယ်။ အခုတင်သွင်း​တဲ့​ အဆိုဟာလွှတ်​တော်ထဲမှာ ​အောင်မြင်နိုင် မလား​ဆိုတဲ့​အ​မေး​ကို​တော့​ ​ဒေါက်တာ​အေး​မောင်ကခုလို​ဖြေကြား​သွား​ပါတယ်။
“​ခေတ်ကို ပြုပြင်ချင်တယ်။ စနစ်အမှန် တခုကို သွား​ချင်တဲ့​အခါမှာ အဆိုတခု တင်တယ်။ တချို့​ အရိုး​စွဲ​နေတဲ့​ ပုဂ္ဂိုလ်​တွေက အဲ့​လိုသွား​မယ့်​ လမ်း​ကြောင်း​ကို ပိတ်ဆို့​တာရှိတယ်။ အဲဒီ​တော့​ ကျ​နော်တို့​ ပိတ်ဆို့​ခြင်း​၊​ ဖွင့်​ပေး​ခြင်း​ဆိုတာ အဆိုတခုရဲ့​ ​အောင်ခြင်း​၊​ မ​အောင်ခြင်း​ပေါ်မှာ မူတည်ပါတယ်။ အဲဒီ​တော့​ လွှတ်​တော်မှာရှိတဲ့​ ဒီပုဂ္ဂိုလ်​တွေရဲ့​ သ​ဘောထား​တွေ၊​ သူတို့​သွား​ချင်တဲ့​ လမ်း​ကြောင်း​က ​ရှေ့​ကိုသွား​လား​ ဒါမှမဟုတ် ​နောက်ကို ဆုတ်​နေသလား​ဆိုတာ လူထုကလည်း​ သိ​အောင် အစိုး​ရကိုယ်တိုင်သိ​အောင် ကျ​နော်တို့​က အဆို​တွေကို တင်ရခြင်း​ဖြစ်တယ်။ အဲဒါ​ကြောင့်​ ​အောင်ခြင်း​၊​ မ​အောင်ခြင်း​ထက် လွှတ်​တော်ရဲ့​ ပုံသဏ္ဍန်ကို လူထုသိ​အောင် အဓိကရည်ရွယ်ပါတယ်။”
ဒေါက်တာ​အေး​ မောင်ဟာ အမျိုး​သား​လွှတ်​တော်ရဲ့​ နိုင်ငံသား​များ​ရဲ့​ မူလအခွင့်​အ​ရေး​၊​ ဒီမိုက​ရေစီ​ရေး​နဲ့​ လူ့​အခွင့်​အ​ရေး​ဆိုင်ရာ ​ကော်မတီ ဥက္ကဋ္ဌလည်း​ ဖြစ်ပါတယ်။ ပြည်သူ့​လွှတ်​တော်ဥက္ကဋ္ဌ သူရဦး​ရွှေမန်း​က အလုပ် မဖြစ်တဲ့​ စီမံကိန်း​တွေ ရပ်ဆိုင်း​ထား​ဖို့​ ပြီး​ခဲ့​တဲ့​လက ​ပြောကြား​ခဲ့​ပါ​သေး​တယ်။
ဒေါက်တာ​အေး​ မောင်ရဲ့​ အဆိုကို မတ်လ ၁၄ ရက်​နေ့​မှာ လွှတ်​တော်တွင်း​ ဆွေး​နွေး​ခဲ့​ကြပြီး​၊ ​လွှတ်တော်တွင် မှတ်တမ်း​တင်ထား​ရန်သာ ဆုံး​ဖြတ်ခဲ့​ပါတယ်။
Ref; DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1