Wednesday, March 14, 2012

 ဧပြီလ ၁ရက်နေ့မှစ၍ နိုင်ငံ့ဝန်ထမ်းများအား အပိုထောက်ပံ့ကြေး ၃၀၀၀၀ ခံစားခွင့်ပြု

November | 3/14/2012 04:33:00 PM | Best Blogger Tips
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၁၀၀/ ၂၀၁၂)ဖြင့် ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ နိုင်ငံ့ဝန်ထမ်းများအား အပိုထောက်ပံ့ကြေးအဖြစ် ကျပ် ၃၀၀၀၀ ကို
ခံစားခွင့်ပြုမည်ဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်သံများမှ မတ်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ ကြေညာချက်အရ နိုင်ငံတော်အတွင်း နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်လျက်ရှိကျသည့် ၀န်ထမ်းများ၊ တပ်မတော် ကြည်း၊ ရေ၊ လေ ၀န်ထမ်းများအား စားဝတ်နေရေး သက်သာချောင်လည်မှုရှိစေရန်အတွက် လက်ရှိလစာအပြင် အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် တစ်လကျပ် ၃၀၀၀၀၊ ကျပ် ၃၀၀၀၀ တိတိခံစားခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။ 
ထို့အပြင် အစိုးရဌာနများနှင့် အဖွဲ့အစည်းများရှိနေ့စားအလုပ်သမားများ၏ လုပ်ခကိုအလုပ်ချိန် တစ်နေ့ ၈ နာရီအတွက် လက်ရှိသတ်မှတ်ထားသော လုပ်ခကျပ် ၁၁၀၀၊ ကျပ် ၁၁၀၀ တိတိအပေါ်တွင် အပိုထောက်ပံ့ကြေး ကျပ် ၁၀၀၀ တိတိကို ထပ်မံခံစားခွင့်ပြုမည်ဖြစ်သဖြင့် နေ့စား လုပ်သမားများ နေ့စဉ်လုပ်ခကျပ် ၂၁၀၀၊ ကျပ် ၂၁၀၀တိတိ ခံစားခွင့်ပြုမည်ဖြစ်ကြောင်းလည်း သိရသည်။
တိုင်းဒေသကြီး/ပြည်နယ် လူမှုရေးခက်ခဲသည့်
မြို့နယ်များ ၀န်ထမ်းဦးရေ
ကချင်ပြည်နယ် ၁၅ ၄၂၆၁
ကယားပြည်နယ် ၁၂၀၈
ကရင်ပြည်နယ် ၁၀ ၄၀၅၂
ချင်းပြည်နယ် ၁၂ ၁၂၉၈၂
စစ်ကိုင်းတိုင်းဒေသကြီး ၁၁ ၆၇၄၉
တနင်္သာရီတိုင်းဒေသကြီး ၁၂၅၈
ရခိုင်ပြည်နယ် ၁၂၆၆
ရန်ကုန်တိုင်းဒေသကြီး ၁၆၈
ရှမ်းပြည်နယ် ၂၇ ၅၈၇၃
စုစုပေါင်း ၈၅ ၃၇၈၁၇

၁၉၈၈ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အတွင်း ၀န်ထမ်းများ၏ လစာ၊ ပင်စင်၊ လုပ်ခများ တိုးမြှင့်ပေးမှု အခြေအနေ
၁၉၈၉ ခုနှစ်၊ ဧပြီလ ၁ရက်နေ့တွင် ၁ကြိမ်
၁၉၉၃ ခုနှစ်၊ ဧပြီလ ၁ရက်နေ့တွင် ၁ကြိမ်
၂၀၀၀ ခုနှစ်၊ ဧပြီလ ၁ရက်နေ့တွင် ၁ကြိမ်
၂၀၀၆ ခုနှစ်၊ ဧပြီလ ၁ရက်နေ့တွင် ၁ကြိမ်
၂၀၁၀ ခုနှစ်၊ ဇန်န၀ါရီလ ၁ရက်နေ့တွင် ၁ကြိမ်

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1