Wednesday, March 14, 2012

 ကြိုတင်မဲနှင့် ပတ်သက်၍ မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များ စတင်မဲပေးနိုင်ပြီး ရပ်ကွက် မဲဆန္ဒနယ်အတွင်းရှိ မဲဆန္ဒရှင်များအနေဖြင့်မူ မတ်လ ၃၀ ရက်နေ့နှင့် ၃၁ ရက်နေ့များတွင် မဲပေးနိုင်

November | 3/14/2012 04:16:00 PM | Best Blogger Tips
ကြိုတင်မဲနှင့် ပတ်သက်၍ မဲဆန္ဒနယ် ပြင်ပရောက် မဲဆန္ဒရှင်များသည် စတင်မဲပေးနိုင်ပြီး ရပ်ကွက်မဲဆန္ဒနယ်အတွင်းရှိ မဲဆန္ဒရှင်များအနေဖြင့်မူ မတ်လ ၃၀ ရက်နေ့နှင့် ၃၁ရက်နေ့များ

တွင် မဲပေးနိုင်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
''မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒ ရှင်များအတွက် ကြိုတင်မဲက အခု လုပ်မယ်ဆိုရင် အခုပေးလို့ ရပြီ။ ရပ်ကွက် မဲဆန္ဒနယ်အတွင်းရှိ မဲဆန္ဒရှင်များအတွက် ကြိုတင်မဲကတော့ မတ်လ ၃၀ ရက်နေ့နဲ့ ၃၁ ရက်နေ့တွေ မှာ နံနက် ၆ နာရီက စပြီးပေးလို့ ရပါတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကိုကိုက ပြောကြားခဲ့သည်။
မဲဆန္ဒနယ် ပြင်ပရောက် ကြိုတင်မဲပေးပိုင်ခွင့်ရှိသူများမှာ (၁) မဲဆန္ဒနယ်ပြင်ပရောက် တပ်မတော်သားများ၊ (၂) မဲဆန္ဒနယ်ပြင်ပရောက် ကျောင်းသားများ၊ (၃) မဲ ဆန္ဒနယ်ပြင်ပရောက် သင်တန်းသားများ၊ (၄) မဲဆန္ဒနယ်ပြင်ပရောက် အချုပ်ခံနေရသူများ၊ (၅) မဲဆန္ဒ နယ်ပြင်ပရောက် ဆေးရုံတက်ရောက် ကုသနေသူများ၊ (၆) မဲဆန္ဒနယ် ပြင်ပရောက် အခြားမဲဆန္ဒရှင်များ (ရက်ပေါင်း ၁၈၀ ထက်မနည်း)၊ (၇) အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသော မဲဆန္ဒရှင်များ ဖြစ်ကြသည်။
မဲဆန္ဒနယ်အတွင်း၌ ရှိသော်လည်း ကြိုတင်မဲပေးပိုင်ခွင့် ရှိသူများမှာ (၁) ရွေးကောက်ပွဲ ကျင်းပသည့်နေ့၌ မိမိအမည်စာရင်း ပါရှိရာ မဲဆန္ဒနယ်မှ ကျော်လွန်၍ ခရီးဝေး သွားလာရန်ရှိခြင်း၊ (၂) အနာကြီးရောဂါ စွဲကပ်နေခြင်း၊ (၃) ရောဂါဝေဒနာ ပြင်းထန်စွာ ခံစားနေရခြင်း၊ (၄) အသက်အရွယ် ကြီးရင့်နေခြင်း၊ (၅) သားဖွားနေခြင်း၊ (၆) ရဲအချုပ်စခန်း သို့မဟုတ် အကျဉ်းစခန်းတွင် အချုပ်ခံနေရခြင်း၊ (၇) ဆေးရုံ၌ အတွင်းလူနာအဖြစ် ဆေးဝါး ကုသမှုခံယူနေခြင်း၊ (၈) နိုင်ငံ့ဝန်ထမ်း သို့မဟုတ် တပ်မတော်သား သို့မဟုတ် ရဲတပ် ဖွဲ့ဝင်တစ်ဦးသည် မဲစာရင်းပါရှိရာ ဒေသမှကျော်လွန်၍ ယာယီတာဝန် သွားရောက်ထမ်းဆောင်ရခြင်း စသည်တို့ကြောင့် မဲရုံသို့ ကိုယ်တိုင် လာရောက်မဲမပေးနိုင်ပါက ကြိုတင်မဲပေးခွင့်ရှိကြောင်း သိရသည်။
ယင်းသို့ ကြိုတင်ဆန္ဒမဲပေးရန်  ဥပဒေအရ ခွင့်ပြုထားသူများမှအပ အခြားမဲဆန္ဒရှင်များသည် ကြိုတင် မဲပေးခွင့်မရှိဘဲ ရွေးကောက်ပွဲ ကျင်းပသည့်နေ့၌သာ မဲရုံသို့ ကိုယ်တိုင်လာရောက် ဆန္ဒမဲပေးကြရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။
Ref; EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1