Monday, March 26, 2012

ယခုနှစ်သင်္ကြန်၌ အင်းလျားလမ်းတွင် မဏ္ဍပ်ဆောက်လုပ်ခွင့် ပြုမည်မဟုတ်ဘဲ ပြည်လမ်း၊ ကမ္ဘာအေး စေတီလမ်းနှင့် ကန်တော်ကြီး ကန်ပတ်လမ်းတို့တွင် ခွင့်ပြုမည်

Ever November | 3/26/2012 09:30:00 PM | Best Blogger Tips
ယခုနှစ်သင်္ကြန်၌ အင်းလျားလမ်းတွင် မဏ္ဍပ်ဆောက်လုပ်ခွင့် ပြုသွားမည် မဟုတ်ဘဲ ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီး ကန်ပတ်လမ်းတို့တွင်သာ ရေကစားမဏ္ဍပ်ပေါင်း ၃၇ခုခန့် ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
အဆိုပါ ပြည်လမ်း၊ ကမ္ဘာအေး စေတီလမ်းနှင့် ကန်တော်ကြီး ကန်ပတ်လမ်းတို့တွင် ရေကစားမဏ္ဍပ်များ ဆောက်လုပ်ရန်ခွင့်ပြုမှုတွင် ကန်တော်ကြီး ကန်ပတ်လမ်း၌ မဏ္ဍပ်အများဆုံး ဆောက်လုပ်ခွင့် ပြုသွားမည် ဖြစ်သည်။ ထို့ကြောင့် မဏ္ဍပ်ဆောက်လုပ်ခွင့် ပြုသည့် ပြည်လမ်းတွင် မဏ္ဍပ်လေးခုခန့်၊ ကန်တော်ကြီး ကန်ပတ်လမ်းတွင် မဏ္ဍပ်၂၀ခုခန့်နှင့် ကမ္ဘာအေးစေတီလမ်းတွင် မဏ္ဍပ်၁၃ခုခန့် ဆောက်လုပ်ခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းနေရာများတွင် မဏ္ဍပ် ဆောက်လုပ်ခွင့်ပြုရာတွင်လည်း ပေ ၁၀၀ရှိ မဏ္ဍပ်ကြီးများ ဆောက်လုပ်ရန် ခွင့်ပြုခြင်းဖြစ်ပြီး ကန်တော်ကြီး နှင့် အင်းလျားကန် အတွင်းရှိရေများကို အသုံးပြုသွားမည် ဖြစ်သည်။
ထို့ပြင် အဆိုပါနေရာများ အပြင် ပါရမီလမ်း၊ စက်မှု၁လမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း ၊ဝေဇယန္တာလမ်း၊ ဘုရင့်နောင်လမ်း၊ ဆရာစံလမ်း၊ အလုံလမ်းနှင့် ကမ်းနားလမ်းတို့တွင်လည်း ရေကစားရန်ရေရှိမှု အပေါ်မူတည်၍ စိစစ်ခွင့်ပြု ပေးသွားမည် ဖြစ်ကာ ပေ၅၀အထက်ရှိ မဏ္ဍပ်များတွင် CCTV တပ်ဆင်ရမည်ဖြစ်ကြောင်း သိရသည်။ မဏ္ဍပ်များကို ဆောက်လုပ်ခွင့် နေရာချထားပေးရာ လမ်းမအလိုက် တစ်ဖက်ယာဉ်ကြောတွင်သာ ဆောက်လုပ်ခွင့် ပြုပေးသွားမည်ဖြစ်ကာ ကျန်တစ်ဖက်ယာဉ်ကြောကို ကားသွားလာမှု အဆင်ပြေစေရန် ခွင့်ပြုပေးသွားမည် ဖြစ်သည်။ သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်ခွင့် နေရာများ မထုတ်ပြန်မီ မဏ္ဍပ်များ လိုက်နာရမည့် လုံခြုံရေးစည်းကမ်းချက်၂၅ ချက်ကို ယခင်နှစ်များအတိုင်း ထုတ်ပြန်ထားရှိပြီး သင်္ကြန်မဏ္ဍပ်၏ နောက်ခံကားချပ် အပြင်အဆင်တွင် မြန်မာ့ရိုးရာ အတာသင်္ကြန် ပုံပေါ်သည့် ပန်းချီဒီဇိုင်းများ၊ မြန်မာ့ ရိုးရာသင်္ကြန် မဏ္ဍပ်အမည်စစ်စစ်ကိုသာ ရေးဆွဲရန်နှင့် မဏ္ဍပ်ဆောက်လုပ်ရန်အတွက် ခွင့်ပြုချက်ရရှိသူမှ တစ်ပါးမဏ္ဍပ် နေရာများကို အခြားသူများသို့ ငှားရမ်းခြင်း၊ လွှဲပြောင်း ရောင်းချခြင်းများ မပြုလုပ်ရန် အစရှိသဖြင့် စည်းကမ်းများ ထုတ်ပြန်ထားရှိကြောင်း သိရှိရပါသည်။
ပြီးခဲ့သည့် ၂၀၁၁ခုနှစ်၊ မဟသင်္ကြန်၌လည်း ရန်ကုန်၌ အင်းလျားလမ်းနှင့် တက္ကသိုလ် ရိပ်သာလမ်းတို့ ၌ မဏ္ဍပ်ဆောက်လုပ်ခွင့် မပြုခဲ့ကြောင်း သိရသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1