Monday, March 26, 2012

သင်္ကြန်ကာလအတွင်း အောင်မင်္ဂလာအဝေးပြေးရှိ ယာဉ်လိုင်းနှစ်ခုနှင့် ဒဂုံဧရာအဝေးပြေးရှိ ယာဉ်လိုင်းငါးခုမှ နေ့စဉ် ပိတ်ရက်မရှိ ပြေးဆွဲပေးမည်

Ever November | 3/26/2012 09:01:00 PM | Best Blogger Tips
သင်္ကြန်ကာလအတွင်း အောင်မင်္ဂလာအဝေးပြေးရှိယာဉ်လိုင်းနှစ်ခုနှင့်ဒဂုံဧရာအဝေးပြေးရှိယာဉ်လိုင်း
ငါးခုတို့မှ နေ့စဉ်ပိတ်ရက်မရှိ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်
လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (အဝေးပြေး)မှ သတင်းရရှိသည်။

သင်္ကြန်ကာလအတွင်း အဝေးပြေးယာဉ်လိုင်းအချို့မှာ ဧပြီလ ၉ ရက်နေ့မှ စတင်၍ ပြေးဆွဲမှုရပ်နားပြီး ယာဉ်လိုင်းအများစုမှာ ဧပြီလ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့များမှစ၍ ဧပြီ လ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့
များ အထိ ရပ်နားကြောင်း သိရသည်။
သို့ရာတွင် ယခုနှစ်သင်္ကြန် ကာလအတွင်း၌ အောင်မင်္ဂလာအ ဝေးပြေးယာဉ်ရပ်နားစခန်းရှိ ရန်ကုန်မှ မုတ္တမပြေးဆွဲနေသော မိဟာရယာဉ်လိုင်းနှင့် ရန်ကုန်မှ နေပြည်တော်သို့ ပြေးဆွဲသည့် ရာဇာမင်းယာဉ်လိုင်းတို့မှာ နေ့စဉ် ပိတ်ရက်မရှိ ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ဒဂုံဧရာ အဝေးပြေး ယာဉ်ရပ်နားစခန်းရှိ ရန်ကုန်မှ ကျုံပျော်သို့ ပြေးဆွဲသည့် ခေတ်မီယာဉ်လိုင်း၊ သူရထွန်းယာဉ်လိုင်း၊ ရန်ကုန်မှ ပုသိမ်သို့ ပြေးဆွဲနေသော မြင့်ယာဉ်လိုင်း၊ စိုးအေးယာဉ်လိုင်းနှင့် ယူနီဗာဆယ်ယာဉ်လိုင်းတို့မှာ နေ့စဉ် ပိတ်ရက်မရှိ ပြေးဆွဲပေးသွားမည်ဖြစ်သည်။

ထို့ကြောင့် အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစခန်းနှင့် ဒဂုံဧရာအဝေးပြေး ယာဉ်ရပ်နားစခန်းတို့တွင် ယာဉ်လိုင်းပေါင်း ၁၉၇ လိုင်းရှိသည့်အနက် ယာဉ်လိုင်း ၇ ခုသာ မဟာသင်္ကြန်ကာလအတွင်း ပုံမှန်အတိုင်း နေ့စဉ် ပြေးဆွဲသွားနိုင်မည်ဖြစ်သည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1