Monday, March 26, 2012

 လာမည့် ဘဏ္ဍာရေးနှစ်မှစ၍ ၀င်ငွေခွန် ၁ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်း အထိနှင့် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း ကောက်ခံမည်

Ever November | 3/26/2012 08:28:00 PM | Best Blogger Tips
အတည်ပြု ပြဋ္ဌာန်းပြီးဖြစ်သော ၀င်ငွေခွန်ဥပဒေနှင့် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေတို့အရ ၀င်ငွေခွန် ၁ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိနှင့် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း ကောက်ခံသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနထံမှ သတင်းရရှိသည်။
''လာမယ့် ဘဏ္ဍာရေးနှစ်ကနေစပြီး လစာဝင်ငွေရဲ့ ၁ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်း၊ သမ၀ါယမ၀င်ငွေနဲ့ စီးပွားရေးလုပ်ငန်း ၀င်ငွေတို့ရဲ့ ၂ ရာခိုင် နှုန်းကနေ ၃၀ ရာခိုင်နှုန်းထိ ၀င်ငွေခွန် ကောက်ခံသွားမှာပါ။ နောက်ပြီး ၂၀၁၂-၂၀၁၃ ၀င်ငွေနှစ်က စတင်ပြီး အထူးကုန်စည် ၁၈ မျိုးမှအပ ကျန်ကုန်စည်တွေ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း ကျသင့်မှာ ဖြစ်ပါတယ်''ဟု ပြည်တွင်း အခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။

ထို့ပြင် ၀င်ငွေခွန် မစည်းကြပ်ထိုက်သော တစ်နှစ်ဝင်ငွေများလည်း ရှိပြီး လစာဝင်ငွေ ၁၄၄၀၀၀၀၊ သမ၀ါယမ၀င်ငွေ ၁၂၀၀၀၀၀၊ စီးပွားရေး လုပ်ငန်းဝင်ငွေ ၁၂၀၀၀၀၀၊ အခြေခံ ပစ္စည်းမြတ်စွန်းငွေ ၅၀၀၀၀၀၀ အထိ ၀င်ငွေများကို ၀င်ငွေခွန် မစည်းကြပ်ကြောင်း၊၂၀၁၂-၂၀၁၃(၂၀၁၃-၂၀၁၄ စည်းကြပ်နှစ်)မှ စတင်ကာ ကုမ္ပဏီလုပ်ငန်းများ၏ အသားတင် ၀င်ငွေအပေါ်ဝင်ငွေခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ ၂၀၁၂-၂၀၁၃ ၀င်ငွေနှစ်မှစတင်ပြီး အခြေခံကုန်စည် ၇၀ မျိုး၏ ပြည်တွင်း ထုတ်လုပ်ရောင်းချမှုအပေါ် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပေးခဲ့ပြီး ပြည်ပမှတင်သွင်းခြင်းနှင့် ပြည်တွင်း ၀ယ်ယူရောင်းချခြင်းဖြစ်ပါက ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ကျသင့်မည်ဖြစ်ကြောင်း၊ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေဇယား (၇)ပါ ၀န်ဆောင်မှုလုပ်ငန်း ၁၄ မျိုး၏ ၀န်ဆောင်မှုရငွေအပေါ် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း ကောက်ခံသွားမည်ဖြစ်ပြီး ယခင်ဝန်ဆောင်မှုလုပ်ငန်း ၁၀ မျိုးအပြင် ပွဲခစားလုပ်ငန်း၊ မြေအဆောက်အအုံ အလှဆင်ပြုပြင် မွန်းမံခြင်းလုပ်ငန်း၊ ကြော်ငြာလုပ်ငန်း၊ ဓာတ်ပုံများ၊ ရုပ်ရှင်ဗီဒီယို ရိုက်ကူးဖြန့်ချိရေး လုပ်ငန်းများ၊ အကျိုးဆောင်ရှေ့နေ၊ လက်မှတ်ရ စာရင်းကိုင်၊ စာရင်းစစ်လုပ်ငန်းများ၏ ရငွေများအပေါ်တွင်လည်း ကုန်သွယ်လုပ်ငန်းခွန် ကျသင့်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကုန်သွယ်လုပ်ငန်းခွန် မကျသင့်သော ၀င်ငွေများလည်းရှိပြီး ကုန်စည် ထုတ်လုပ်မှုလုပ်ငန်း ရောင်းရငွေ၊ကုန် စည်ဝယ်ယူရောင်းချခြင်း လုပ်ငန်း၊ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း၊ စားသောက်ဖွယ် ရောင်းချခြင်းလုပ်ငန်းတို့မှ ရရှိသောဝင်ငွေ ၁၀၀၀၀၀၀၀ ကျပ်အထိကို ကုန်သွယ်လုပ်ငန်းခွန် မကောက်ခံကြောင်း သိရပါသည်။ ယင်းဥပဒေများတွင် သက်သာခွင့်များ ပါရှိပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်(၂၀၁၃-၂၀၁၄ စည်းကြပ်နှစ်) မှ စတင် အကျိုးသက်ရောက်မည့် သက်သာခွင့်များမှာ အခြေခံသက်သာခွင့် ၂၀ ရာခိုင်နှုန်း(ကျပ် ၁၀၀၀၀၀၀၀ ထိ၊  အိမ်ထောင်ဘက် ကျပ် ၃၀၀၀၀၀၊ သား သမီးကျပ် ၂၀၀၀၀၀ တို့ဖြစ်ကြောင်း ပြည်တွင်း အခွန်ဦးစီးဌာနမှ သိရသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1