Monday, March 26, 2012

ဗိုလ်ချုပ်အဖြစ် သရုပ်ဆောင်ရန် ၁၄ ဦးကို ပဏာမ ရွေးချယ်

Ever November | 3/26/2012 10:39:00 PM | Best Blogger Tips
ဗိုလ်ချုပ် အောင်ဆန်း အဖြစ် သရုပ်ဆောင်ရန် လျှောက်ထားသူ ၁၅၇ ဦးအနက် ၁၄ ဦးကို ပဏာမ ရွေးချယ် လိုက်ကြောင်း ဗိုလ်ချုပ် အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့က ယခုလ ၂၄ ရက်နေ့တွင်
ထုတ်ပြန် ကြေညာခဲ့သည်။ ပဏာမ ရွေးချယ်ထားသူများ အားလုံးကို လာမည့် ဧပြီလ ၇ ရက်နေ့တွင် ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ ရုံးခန်း၌ လူတွေ့ စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။ ဒေါ်ခင်ကြည်အဖြစ် အဓိက သရုပ်ဆောင်လို သူများကိုလည်း လျှောက်လွှာခေါ်ယူနေပြီး လာမည့် မေလ ၁၅ ရက်တွင် နောက်ဆုံးထား ပေးပို့ရမည်ဟု သိရသည်။ ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး အတွက် ရွှေစင်စကြာ ယာဉ်လိုင်းက အလှူငွေ သိန်း ၁၀၀၀ ကျပ် လှူဒါန်းခဲ့ကြောင်းလည်း သိရှိရသည်။
ဧရာဝတီ 
 
 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1