Wednesday, March 14, 2012

လှည်းတန်းလမ်းဆုံခုံးကျော်တံတား ဇူလိုင်လကုန်အပြီးဆောက်မည်ဟုဆို

November | 3/14/2012 07:28:00 PM | Best Blogger Tips

လှည်းတန်းခုံးကျော်တံတား တည်ဆောက်ရန်အတွက် ပန္နက်တင် မင်္ဂလာအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းမှ မန္နရိုက်နေစဉ်

ယာဉ်ကြောရှုပ်ထွေးကြန့်ကြာမှု လျော့နည်းသွားစေရန် လှည်းတန်းလမ်းဆုံ ခုံကျော်တံတားကို လေးလခန့်ဖြင့် အပြီးသတ် ဆောက်လုပ် သွားမည်ဖြစ်ကြောင်း ရွေတောင်ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီလီမိတက် အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ဇော်နိုင်က လှည်းတန်းလမ်းဆုံခုံကျော် တံတား တည်ဆောက်ခြင်းပန္နတင် မင်္ဂလာအခမ်းအနားတွင်ပြောသည်။
အဆိုပါလှည်းတန်းလမ်းဆုံ ခုံးကျော်တံတားတည်ဆောက်ရန် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများများမှာ မြေပြင် တိုင်းတာ ခြင်းနှင့် Geometric Desing ထုတ်လုပ်ခြင်း၊ Traffic Volume လေ့လာဆန်းစစ်ခြင်း၊ အုတ်မြစ်လုပ်ငန်းတွက်ချက်မှု အတွက် Soll Investigation ဆောင်ရွက်ခြင်း၊ စင်ကာပူနိုင်ငံမှ TY Lin International Pte.m Ltd အား ခန့်အပ်၍ တံတားဒီဇိုင်းပုံစံများ ပုံထုတ်ဆောင်ရွက်ခြင်း၊ Preliminary Test Pile နှင့် Load Test ပြုလုပ်ရန် စီစဉ်ခြင်းတို့ ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
ဦးအောင်ဇော်နိုင်ကရှင်းပြရာ " ပထမဆုံး ဒီဇိုင်းရေးဆွဲခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ လှည်းတန်းလမ်းဆုံအပိုင်း၊ တာမွေလမ်းဆုံအပိုင်း နှစ်ခုလုံကို အင်္ဂလန်နိုင်ငံအခြေပြု စင်ကာပူမှာရှိတဲ့ ကုမ္ပဏီကို Traffic Annalisis ပေါ့၊ မီးပွိုင့်လို Contral တွေ၊ Traffic ဒီဇိုင်းတွေ လုပ်ပေးတဲ့ကုမ္ပဏီကိုအပ်လိုက်တယ်။ တံတားပေါ်မှာ ယာဉ်အန္တရာယ်ကင်းရှင်းအောင်လဲ ဆောင်ရွက်သွားမှာပါ " ဟုပြောသည်။ လက်ရှိအချိန်အတွင် ခုံးကျော်တံတားနှင့်ပတ်သတ်၍ ဆောင်ရွက်နေသည့်အပိုင်းကို ဦးအောင်ဇော်နိုင်ကရှင်းပြရာ " လက်ရှိမှာ မြေအောက် Cable တွေ ပြောင်းရွှေ့နေပါပြီ။ ရှိတာကိုရွေ့ပြီး Cable အသစ်တွေထပ်ချသွားမှာပါ။ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်က သတ်မှတ်ထားတဲ့ လိုအပ်ချက်တွေကို ထည့်သွင်းတည်ဆောက်မှာ ဖြစ်ပါတယ်။ တစ်ဖက် 2 Lane, 2 Lane စီကို လမ်းချဲ့ပေးမယ်။ မန္နရိုက်ခဲ့တဲ့နေရာမှာ 2 Lane ကို အပြီးခြံစည်းရိုးကာမယ် " ပြောသည်။
လှည်းတန်းလမ်းဆုံခုံးကျော်တံတားကို ရန်ကုန်-ပြည်လမ်း ကမာရွတ်မြို့နယ်တွင် တည်ဆောက်မည်ဖြစ်ပြီး တံတားအမျိုးအစားမှာ သံမဏိသံယက်မနှင့် သံကူကွန်ကရစ်ဖြစ်ပြီး တံတားအရှည်ပေ 2466 ပေ၊ တံတားအကျယ်ပေ 508 လက်မ၊ ယာဉ်သွားလမ်းအကျယ်နှင့် လူသွားလမ်းအကျယ် 11 ပေ 2 လက်မ 4 Lane နှင့် သုံးပေ (နှစ်ဖက်)၊ တံတားအောက် ကင်းလွတ်အမြင့် 18 ပေနှင့် ယာဉ်တစ်စီးချင်း ခွင့်ပြုတန်ချိန် တန် 60 ဖြစ်သည်ဟုသိရသည်။ ယင်းပန္နတင် အခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဌ ဦးစိုးသိန်းက " တစ်စ တစ်စ လူဦးရေက ပိုတိုးလာတယ်။ သာမာန်အားဖြင့် မြန်မာနိုင်ငံလူဦးရေ ခြောက်သန်းနီးပါးရှိတယ်။ ရန်ကုန်မြို့ဟာ မြန်မာနိုင်ငံလူဦးရေ 10 ရာခိုင်နှုန်းရှိပါတယ်။ ဒီလူဦးရေရဲ့ သွားရေး၊ လာရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအလုပ်အကိုင်ကိစ္စက များပြားလာမှားဖြစ်ပါတယ်။ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က အခြားတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ အတူပါဘူး။ အလွန်အလုပ်ရှုပ်ပါတယ်။ ဒါကလဲ လူထုနဲ့ပတ်သတ်နေလို့ ဖြစ်ပါတယ်။ လူထုရဲ့သွားလာရေး ပိုအဆင်ပြေရင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအတွက် အနာဂတ်မှာ ပို၍ပို၍အောင်မြင်နိုင်တဲ့ အနေအထားရှိပါတယ်။ မြို့နေလူဦးရေရဲ့ပြဿနာတွေကို ကျွန်တော်တို့အခြေခံအဆောက်အအုံနဲ့ လုပ်ပေးရမယ်။ ဒါဟာ အနာဂတ်အတွက် အလွန်တရာမှ အဆင်ပြေသွားပါပြီ " ဟုပြောသည်။
လှည်းတန်းခုံးကျော်တံတားနှင့် ပတ်သတ်၍ စာချုပ်ချုပ်ဆိုမည့်အစီအစဉ်မှာ ပဏာမသဘောတူညီချက် (MOU) ရေးထိုးဆောင်ရွက်ခွင့် ပြုရန်၊ အသေးစိတ်ငွေတွက်ချက်မှု စီစဉ်ဆောင်ရွက်ရန်၊ သဘောတူစာချုပ် လက်မှတ်ရေးထိုးရန်တို့ဖြစ်ကြောင်း သိရသည်။ ဦးစိုးသိန်းက ဆက်လက်၍  " ဒီလုပ်ငန်းနဲ့ပတ်သတ်လို့ မရှင်းလင်းရင် မေးမြန်းနိုင်ပါတယ်။ ဒီလုပ်ငန်းပေါ်မှာ လုံးဝအကျိုးအမြတ်ရချင်လို့ လုပ်ခြင်း မဟုတ်ပါဘူး။ ဒီလိုခုံးကျော်တံတားတည်ဆောက်ခြင်းဟာ လူထုတွေရဲ့ စိတ်ညစ်စရာ ကိစ္စရပ်တွေကို ဖြေရှင်းတာပါပဲ။ နောက်ပိုင်း စက်မှုဇုန်တွေကလဲ အများကြီးတိုးတက်လာမှာပါ "  ဟုပြောသည်။
ရန်ကုန်မြို့တွင်းတွင် ရန်ကုန်-ပြည်လမ်းမကို ယာဉ်ဖြတ်သန်းသွားလာမှု အများဆုံးဖြစ်ပြီး နံနက် 6 နာရီမှ ညနေ 6 နာရီအထိ ယာဉ်စီးရေ 35000 နှင့် 40000 ကြားရှိကြောင်းသိရသည်။ လှည်းတန်းခုံးကျော်တံတားတည်ဆောက်ခြင်း၊ မန္နတင်မင်္ဂလာအခမ်းအနားကို မတ် 11 ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့ပြီး ယင်းခုံးကျော်တံတားကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
Ref; ရန်ကုန်တိုင်းမ်

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1