Thursday, March 8, 2012

စာရင်း​အမှား​များ​ကို ပြုစုဖို့​ ​ဒေါ်​အောင်ဆန်း​စုကြည်က ကိုယ်စား​လှယ်လောင်း​များ​ကို​ပြော

November | 3/08/2012 07:57:00 PM | Best Blogger Tips

ရာ​ထောင်ချီပြီး​ မှား​ယွင်း​နေတဲ့​ မဲစာရင်း​များ​ကို အမြန်ဆုံး​ပြုစုပြီး​ ပြင်ဆင်နိုင် ​အောင် တင်ပြဖို့​ အမျိုး​သား
ဒီမိုက​ရေစီအဖွဲ့​ချုပ် ဥက္ကဌ ​ဒေါ်​အောင်ဆန်း​စု ကြည်က ပါတီကိုယ်စား​ပြုကိုယ်စား​လှယ်​လောင်း​များ​ကို ဒီ​နေ့​တိုက်တွန်း​ ​ပြောကြား​လိုက်ပါတယ်။
ကြား​ဖြတ် ​ရွေး​ကောက်ပွဲမှာ ဝင်​ရောက်ယှဉ်ပြိုင်ကြမယ့်​ အဖွဲ့​ချုပ်ကိုယ် စား​လှယ်​လောင်း​တွေနဲ့​ ပထမဆုံး​တွေ့​ဆုံပွဲမှာ ​ပြောကြား​လိုက်တာ ဖြစ်ပါ တယ်။
အောင်နိုင်​ ရေး​ ​ကော်မတီ တာဝန်ခံ ဦး​တင်ဦး​နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည် အပါအဝင် ​အောင်နိုင်​ရေး​ ​ကော်မတီ အဖွဲ့​ဝင်​တွေ၊​ အဖွဲ့​ချုပ်အတွင်း​ရေး​မှူး​ အဖွဲ့​ဝင် ​တွေ တက်​ရောက်ခဲ့​တဲ့​ သည်​တွေ့​ဆုံပွဲမှာ ​ဒေါ်​အောင်ဆန်း​စုကြည် ​ပြောကြား​ခဲ့​တဲ့​ မိန့်​ခွန်း​ကို ပြန်ကြား​ရေး​တာဝန်ခံ ဦး​အုန်း​ကြိုင်က သည်လို ​ပြောပြပါတယ်။
“အခုဆိုရင် ​နေရာ​တော်​တော်များ​များ​ကို ကျမ စည်း​ရုံး​ရေး​ခရီး​ ထွက် ခဲ့​ပြီး​ ပြီ။ အ​ခြေအ​နေ​တွေကိုလည်း​ ​တော်​တော် သိခဲ့​ရပြီ။ အကြမ်း​ဖျင်း​အား​ဖြင့်​ ပြည်သူလူထုဘက်က အင်မတန် ​ကောင်း​ပါတယ်။ လိုအပ်ချက်​တွေ ရှိ​နေတယ် ဆိုရင် အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်​တွေဘက်က ရှိတာ​တွေကိုပဲ ​တွေ့​ရတယ်။ တဖက်က ​ရွေး​ကောက်ပွဲ မသမာမှု​တွေ ဘာ​တွေ လုပ်​နေလဲဆိုတာလဲ အား​လုံး​ သိပြီး​သား​ဖြစ်တယ်။ ဒါ​တွေကလည်း​ ​ကော်မရှင်ကို ပြန်ပြီး​တော့​ တင်ပြမှာ ဖြစ် တယ်။ ကိုယ်စား​လှယ် အား​လုံး​ သတိပြုရမှာက မဲစာရင်း​တွေနဲ့​ ပတ်သက်လို့​ အမှန်အမှား​ ​သေချာ စစ်​ဆေး​ကြည့်​လိုက်တဲ့​အခါမှာ အမှား​အယွင်း​တွေက အ​တော်များ​နေတာကို ​တွေ့​ရတယ်။ ရာနဲ့​၊​ ​ထောင်နဲ့​ ချီပြီး​တော့​ မှား​ယွင်း​နေ တာ​တွေ ရှိတယ်။ ဒါ​တွေကို အမြန်ဆုံး​ ပြုစုပြီး​ ပြင်နိုင်​အောင် တင်ပြမယ်။”
တက်​ရောက်လာသူ ​တွေက လက်ရှိကြုံ​တွေ့​နေရတဲ့​ မဲစာရင်း​ မှား​ယွင်း​ တာ​တွေ၊​ တရား​မဲ့​ မဲဆွယ်တဲ့​ လုပ်ရပ်​တွေ၊​ မဲမသမာမှု​တွေ ကြုံလာရင် ဥပ​ဒေ ​ကြောင်း​ အရ ဘယ်လို​ဆောင်ရွက်မလဲ ဆိုတာ​တွေကို ​ဆွေး​နွေး​ခဲ့​ကြတယ်လို့​ ​ပြောပါတယ်။
“အစည်း​အ​ဝေး​ က ​တော်​တော် အကျိုး​ရှိပါတယ်။ နယ်အသီး​သီး​မှာ ရှိ​နေ တဲ့​ အ​ခြေအ​နေမှန်ကိုလည်း​ သိရပါတယ်။ ကျ​နော်တို့​ ​ရှေ့​ဆက် ကြုံ​တွေ့​ရ မယ့်​ အခက်အခဲ​တွေကို ဘယ်လို ​ကျော်လွှား​နိုင်မလဲ ဆိုတာကို စဉ်း​စား​နိုင်ခဲ့​ တယ်။ ​ရွေး​ကောက်ပွဲ ​အောင်နိုင်​ရေး​အတွက် ​တော်​တော် အ​ထောက်အကူပြု တဲ့​ အစည်း​အ​ဝေး​လို့​ ​ပြောချင်ပါတယ်။”
အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ် ကိုယ်စား​လှယ်​လောင်း​ ၄၈ ဦး​အနက် ၄၇ ဦး​ တက်​ရောက်ခဲ့​ပြီး​ ၁ ဦး​ ပျက်ကွက်ခဲ့​ပါတယ်။ ကသာခရိုင်က အမျိုး​သား​ လွှတ် ​တော် ​နေရာအတွက် ဝင်ပြိုင်မယ့်​သူ ၁ ဦး​ကို ခရိုင်​ကော်မရှင်က ကိုယ် စား​ လှယ်​လောင်း​ အမည်စာရင်း​က​နေ ပယ်ထား​ပါတယ်။
အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ်ဟာ ၁၉၉၀ ပါတီစုံ ဒီမိုက​ရေစီ အ​ထွေ​ထွေ ​ရွေး​ကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့​ အနိုင်ရရှိခဲ့​ပေမယ့်​ အုပ်ချုပ်ခွင့်​ မရခဲ့​ ပါ ဘူး​။ ၂၀၁၀ ​ရွေး​ကောက်ပွဲကိုလည်း​ သပိတ် ​မှောက်ခဲ့​ပါတယ်။
Ref; DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1