Thursday, March 1, 2012

ကျပ်ငါး​ထောင်တန်ဖုန်း​ သုံး​စွဲနိုင်​ရေး​ ကြိုး​ပမ်း​မည်ဟု သမ္မတ ကတိပြု

November | 3/01/2012 08:13:00 PM | Best Blogger Tips
တန်ဖိုးနည်း ဆင်းကတ်ဖြစ်အောင် လုပ်ပေးဖို့ တောင်းဆိုသည့် စတစ်ကာ


လက်ရှိပြည်သူ​ တွေ အကြား​မှာ စိတ်ဝင်စား​မှု အထူး​မြင့်​တက်​နေတဲ့​ ၅၀၀၀ တန် မိုလ်ဘိုင်း​ ဖုန်း​ကိစ္စကို ပြည်သူ့​ဆန္ဒလိုလား​ချက်နဲ့​အညီ အ​ကောင်း​ဆုံး​ နည်း​လမ်း​တွေရှာပြီး​ ​ဆောင်ရွက်သွား​မယ်လို့​ သမ္မတဦး​သိန်း​စိန်က ကတိပြုလိုက်ပါတယ်။

တန်ဖိုးနည်းဆင်းကတ်ဖြစ်အောင်လုပ်ပေးဖို့ တောင်းဆိုသည့်စတစ်ကာ“လက်ရှိပြည်သူကြား မှာစိတ်ဝင်စားမှုအထူးပဲမြင့်တက်နေတဲ့မိုလ်ဘိုင်းဖုန်းကိစ္စနဲ့ပတ်သက်ပြီးတော့​ လောလောဆယ်မှာ ကျနော်တို့တည်ဆောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေရပါတယ်။ဒီလုပ်ငန်းတွေပြီးတာနဲ့အမျှ ပြည်သူ​တွေရဲ့ဆန္ဒကို ပြည့်အောင်နိုင်ငံတကာရဲ့စံချိန်စံညွှန်းတွေနဲ့အညီအကောင်းဆုံးနည်းလမ်းများကိုရှာဖွေပြီး​ ​ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။”သမ္မတဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်မှာမတ်၁ရက်နေ့က အစိုးရသက်တမ်း၁ နှစ်ပြည့်မိန့်ခွန်းမှာထည့်ပြောခဲ့တာပါ။အရင်ကလည်း​ မြစ်ဆုံစီမံကိန်းကို သူ့အစိုးရသက်တမ်းအတွင်းဆိုင်းငံ့မယ်ဆိုပြီးကတိပေးတဲ့အတိုင်းအကောင်အထည် ဖော်နေတာကြောင့်​ အခုမိုဘိုင်းဖုန်းနဲ့ပတ်သက်ပြီးသမ္မတရဲ့ကတိစကားကိုလည်းအများကကြိုဆိုလိုက်ပါတယ်။ဒဂုံတက္ကသိုလ်က ​ကျောင်း​သူတဦး​ကလည်း​ ခုလို ဆိုပါတယ်။
“ငါး​ထောင်တန် ဖုန်း​ထွက်ရင်​တော့​ ဝမ်း​သာတာ​ပေါ့​။ လူတန်း​စား​မ​ရွေး​ ကိုင်​ဆောင် လို့​ရတာ​ပေါ့​။ ကိုင်​ဆောင်လို့​ရရင် ဘယ်​နေရာမှာမဆို အသုံး​ပြုလို့​ရတာ​ပေါ့​။ လုပ်ငန်း​ပဲဖြစ်ဖြစ်၊​ ​ကျောင်း​သူ​ကျောင်း​သား​ပဲဖြစ်ဖြစ် ကိစ္စ​လေး​ရှိရင် ဖုန်း​နဲ့​အလွယ်တကူ ဆက်သွယ်လို့​ ရတယ်ဆို​တော့​ ဝမ်း​သာတာ​ပေါ့​။”
ဖွံ့​ဖြိုး​ မှုနိမ့်​ကျတဲ့​ ချင်း​ပြည်နယ်က ဟား​ခါး​ ​ဒေသခံတဦး​ကို ​မေး​ကြည့်​ရာမှာ တဦး​နဲ့​တဦး​ ဆက်သွယ်​ရေး​ လွယ်ကူလျင်မြန်မှာဖြစ်လို့​ တကယ် ဖြစ်လာ​စေချင်တယ်လို့​ ​ပြောပါတယ်။
“​တော​ရော မြို့​ပါ တ​ယောက်နဲ့​တ​ယောက် ကိစ္စရှိရင်လည်း​ အ​ကြောင်း​ကြား​နိုင်မယ်။ ဆက်သွယ်နိုင်မယ်ဆို​တော့​ အများ​ကြီး​ အ​ထောက်အကူ ပြုတာ​ပေါ့​။ စီး​ပွား​ရေး​လုပ်ငန်း​က​တော့​ တရွာနဲ့​တရွာ ဒီ​လောက်ကြီး​ စီး​ပွား​ရေး​လုပ်ငန်း​ဆက်သွယ်တာမရှိ​တော့​ လူမှု​ရေး​မှာပဲ ပိုပြီး​အကျိုး​ပြုမယ်လို့​ ယူဆတယ်။”
စစ်အစိုး​ရ​ ခေတ်က တယ်လီဖုန်း​ဆင်း​ကတ်တခုကို ကျပ် သိန်း​ ၂၀ ​ကျော် အထိ​ပေး​ပြီး​ အစိုး​ရထံ ငှား​သုံး​နေရာက​နေ လက်ရှိမှာ ကျပ်​ငွေ ၅ သိန်း​ထိ ​လျော့​ကျလာပါတယ်။ ဒါ​ပေမယ့်​ ​ရွှေပြည် တံခွန်ကုမ္ပဏီက ဒီနှစ်ဆန်း​မှာ တယ်လီဖုန်း​ဆင်း​ကတ် တခုကို ကျပ်​ငွေ ၅၀၀၀ နဲ့​ ​ရောင်း​ပေး​မယ်ဆိုတဲ့​ သတင်း​ကြောင့်​ လူထုအကြား​မှာ အုတ်​အော်​သောင်း​တင်း​ ဖြစ်ခဲ့​ပါတယ်။ မြန်မာ့​ ဆက်သွယ်​ရေး​တာဝန်ရှိသူ​တွေက လက်ရှိတည်ဆဲဥပ​ဒေ​တွေအရ မဖြစ်နိုင်ဘူး​လို့​ ရှင်း​ လင်း​ခဲ့​ပါတယ်
၅၀၀၀ တန် ဆင်း​ကတ်ကိစ္စဟာ တအုံ​နွေး​နွေး​ ဖြစ်​နေပြီး​ လက်​တွေ့​ အ​ကောင်အထည် ​ပေါ်လာ​အောင် လူထုအကြား​ လှုံ့​ဆော်မှု​တွေ ရှိလာပါတယ်။ ပြီး​ခဲ့​တဲ့​ရက်ပိုင်း​ကပဲ ကုန်​ဈေး​ နှုန်း​ကျဆင်း​ရေး​ အဖွဲ့​ခေါင်း​ဆောင် ကိုထင်​ကျော်တို့​ဟာ ၅၀၀၀ တန်ဆင်း​ကတ် သုံး​ခွင့်​ပေး​ပါလို့​ အစိုး​ရထံ ​တောင်း​ဆိုမှုကို ​ဈေး​တွေမှာ လူထုအကြား​ ပြုလုပ်ခဲ့​ပါတယ်။ ဒီလှုပ်ရှား​မှု​ကြောင့်​ ​ခေတ္တထိန်း​သိမ်း​ခံရပြီး​ ပြန်လွတ်တဲ့​ ကိုထင်​ကျော်က မိုလ်ဘိုင်း​ဖုန်း​ ဆင်း​ကတ်ကိစ္စကို အစိုး​ရက ပြည်သူလိုလား​ချက်နဲ့​အညီ အ​ကောင်အထည် ​ဖော်မယ်ဆိုတဲ့​ သမ္မတရဲ့​ ကတိစကား​ကို ကြိုဆိုလိုက်ပါတယ်။
“​ကျောင်း​သူ​ ကျောင်း​သား​ ရဟန်း​ရှင်လူ အား​လုံး​ ကျ​နော်တို့​ တိုင်း​ရင်း​သား​တွေ အပါအဝင် ကိုင်​ဆောင်နိုင်မယ့်​ ငါး​ထောင်ကျပ်တန် ဒီထက်နည်း​လည်း​ ကျ​နော်တို့​ ကြိုဆိုပါတယ်။ ကတိကဝတ်နဲ့​အညီ အမြန်ဆုံး​ ချမှတ်​ပေး​လိမ့်​မယ်လို့​ ​မျှော်လင့်​တယ်။ နိုင်ငံတိုင်း​ရဲ့​ သမ္မတ​တွေက ကိုယ်​ပြောတဲ့​စကား​ကို ကိုယ်တာဝန်ယူ​လေ့​ ရှိပါတယ်။ ကျ​နော်တို့​ နိုင်ငံ​တော်သမ္မတကြီး​ ဦး​သိန်း​စိန်ကလည်း​ အဲဒီကတိကို တည်လိမ့်​မယ်လို့​ ကျ​နော်ထင်ပါတယ်။”
မန္တ​လေး​မြို့ ​မှာလည်း​ တန်ဖိုး​နည်း​ တယ်လီဖုန်း​တွေ အများ​လက်ဝယ် ကိုင်​ဆောင်နိုင် ​ရေး​အတွက် လူထုအကြား​ လှုံ့​ဆော်စတစ်ကာ ၁ သိန်း​ခွဲ​ကျော် ဖြန့်​ဝေ​နေကြတယ်လို့​ ဦး​စီး​လုပ် ​ဆောင် သူ​တွေက ​ပြောဆိုပြီး​ နိုင်ငံတဝှမ်း​ တတ်နိုင်သ​လောက် လုပ်ကိုင်ကြဖို့​ တိုက် တွန်း​ကြပါတယ်။
မြန်မာနိုင်ငံမှာ တယ်လီဖုန်း​ ဆင်း​ကတ်တခုကို သိန်း​ချီ​ဈေး​ပြောပြီး​ လူထုထံ​တောင်း​ ​နေ​ပေမယ့်​ အိမ်နီး​ချင်း​ ထိုင်း​နိုင်ငံမှာ​တော့​ အခမဲ့​ဖြန့်​ချိပါတယ်။
REF; DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1