Monday, March 19, 2012

မဲရုံအတွင်းသို့ မည်သည့် ကင်မရာမှ ယူဆောင်ခွင့်မပြုကြောင်း ပြည်ထောင်စုကော်မရှင်က ထုတ်ပြန်

Ever November | 3/19/2012 10:32:00 PM | Best Blogger Tips
 
၀၁၀ ရွေးကောက်ပွဲတွင် မဲရုံတခုအားတွေ့ မြင်ရစဉ်
  ကြားဖြတ်ရွေးကောက် ပွဲနေ့တွင်မဲရုံတွင်းသို့ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများ၊  ကိုယ်စား လှယ်လောင်း၏   ကိုယ်စားလှယ်များ၊  မဲရုံကိုယ်စား လှယ်များနှင့်   မဲရုံအကူကိုယ် စားလှယ်များ မဲရုံတွင်းသို့ ဗွီဒီယိုကင် မရာ၊ ကင်မရာ၊ ဟမ်းဖုန်း ကင်မရာများ ဖြင့်မှတ်တမ်း ဓါတ်ပုံရိုက်ကူး ရန်ယူ ဆောင်ခွင့်မရှိ  ကြောင်းမတ် (၁၄)ရက် စွဲဖြင့်ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်ကထုတ်ပြန်ခဲ့ခြင်းကြောင့်မဲရုံ  အပြည့်မဲရုံကိုယ်စားလှယ်မထားနိုင် သူများအတွက်  ဥပဒေ နှင့် မကိုက်ညီ သည့် ကိစ0x081စရပ်များပေါ်ပေါက်လာပါက  သက် သေပြရန် အခက်အခဲ ရှိနိုင်ကြောင်း သိရသည်။''ကျွန်တော်တို့ပါတီကို ဒီနေ့(၁၉ရက်နေ့) ပဲရောက်တယ်။အရင် တုန်းကတော့ ကြားရတာတော့ ကင်မရာတွေဘာ တွေယူခွင့်ရှိတယ် ဆိုပြီကြား နေရတယ်။ဒီနေ့ရုံးကို ပြည်ထောင်စု ကော်မရှင် ကစာရောက်မှပဲ ဘာကင်မရာ မှယူဆောင်ခွင့် မရှိဘူး ဆိုတာသိရတယ်။ မဲရုံတွင်းမှာ မသမာမှု  တစ်စုံတစ်ခု  ဖြစ်ခဲ့ရင်  ကျွန်တော်တို့အရင်အတွေ့အကြုံအရ  သက်သေတွေရဖို့  အလွန်ခက် ခဲခဲ့တယ်။ တစ်စုံတစ်ရာ ပြဿနာဖြစ် ခဲ့ရင် သက်သေ အဖြစ်မှတ်တမ်း ယူနိုင်မှ ခိုင်လုံတဲ့ သက်သေပြနိုင် မှာပေါ့။  ပြီးခဲ့တဲ့ တစ်ခေါက်ကလည်း မဲရုံကိုယ်စား လှယ်တွေမထား နိုင်ခဲ့တော့ အခက်အခဲဖြစ်ကြတယ်။  ဒီတစ်ခေါက်တော့ တက်နိုင် သလောက်  မဲရုံ ကိုယ်စားလှယ် အပြည့်ထား နိုင်ဖို့ကြိုးစား သွားမယ်''ဟု အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီ မှ ဒေါက်တာဝင်းနိုင်ကဆိုသည်။အဆိုပါ အမိန့်ကြော်ငြာ စာမှာ-ရွေးကောက်ပွဲ  ဥပဒေ-၄၈(ခ) (၆)အရ  ကိုယ်စားလှယ်လောင်း များ၊ ကိုယ်စားလှယ်လောင်း၏ကိုယ်စား လှယ်များ၊ မဲရုံကိုယ်စားလှယ်များနှင့် မဲရုံအကူကိုယ်စားလှယ်များအနေဖြင့် မဲဆန္ဒရှင်ပြည်သူများ လှိျု့ဝှက် ဆန္ဒမဲ ပေးရာတွင် အနှောင့်အယှက် မဖြစ်စေ ရန်အတွက် မဲရုံတွင်းသို့  ဗွီဒိယိုကင်မ ရာ ၊ ကင်မရာ၊  ဟန်းဖုန်းကင်မရာများကို ယူဆောင်ခွင့်မရှိကြောင်း နိုင်ငံရေး ပါတီများသို့ အကြောင်းကြား စာများပေး ပို့လာကြောင်းသိရသည်။''နိုင်ငံရေး ပါတီတွေကို တော့ပို့ထားပြီးပါပြီ ။  မဲရုံတွင်းကို  တရားဝင် ဝင်ရောက်ခွင့်ရှိတဲ့   ကိုယ်စားလှယ်လောင်း၊ ကိုယ်စားလှယ်လောင်း ၏ကိုယ်စားလှယ်၊ မဲရုံကိုယ်စားလှယ်  နှင့် မဲရုံ အကူကိုယ်စားလှယ်တွေက မဲပေးတဲ့နေ့ မှာ မဲရုံအတွင်းကို ကင်မရာ၊ဗွီဒီယိုကင် မရာ၊ ဟမ်းဖုန်းကင် မရာတွေ ယူဆောင် ခွင့်မပြုပါဘူး။ အကယ်၍   ပြဿနာတစ် စုံတစ်ရာရှိခဲ့ရင်  သက်သေအဖြစ်ပါတီ မဲရုံကိုယ်စားလှယ် အချင်းချင်းနဲ့ မဲဆန္ဒ ရှင်တွေ ကို သက်သေလုပ် သွားလို့ရ ပါတယ်''ဟုရန်ကုန်တိုင်း  ဒေသကြီးကော် မရှင်အဖွဲ့ခွဲဥက္ကဌဦးကိုကိုကဆိုသည်။
Ref; ရန်ကုန်တိုင်းမ်

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1