Saturday, March 31, 2012

အမှန်တရားအတွက် မှန်ရာကို ခြစ်မည့် ပြည်သူ့တပ်မတော်သားများ...

Ever November | 3/31/2012 10:41:00 AM | Best Blogger Tips
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး မဲဆွယ် စည်းရုံးရေး ခရီးစဉ်အတွင်း တပ်မတော်သားများမှ အဖွဲ့ချုပ် လက်ကမ်းစာစောင်များအား ဝမ်းပန်းတသာ လက်ခံ ရယူပြီး အပြန်အလှန်
အသိအမှတ်ပြုနေကြတဲ့ မြင်ကွင်း ဓာတ်ပုံတွေပါ...။ အကြောင်းကြောင်းကြောင့် မည်သည့်မြို့ မည်သည့်တပ်ဆိုတာကို ကာယကံရှင်များရဲ့ လုံခြုံရေးကြောင့် မဖော်ပြနိုင်တာကိုတော့ နားလည်စေချင်ပါတယ်..။
 အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ လက်ကမ်း စာစောင်တွေကို ဝမ်းပန်းတသာ ရယူပြီး ပြန်လည်   အသိအမှတ်ပြုနေကြတဲ့ ပြည်သူ့တပ်မတော်သားများ..

ပြီးခဲ့တဲ့ ၁၉၉၀ရွေးကောက်ပွဲတွေမှာ တပ်မြို့တွေဖြစ်တဲ့ မင်္ဂလာဒုံ၊ မှော်ဘီအစရှိတဲ့ နေရာတွေမှာ အဖွဲ့ချုပ်က ပြတ်ပြတ်သားသား အနိုင်ရခဲ့တာ မှတ်မိကြဦးမှာပါ..။ လတ်တလော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေး ခရီးစဉ်တွေမှာလည်း ယူနီဖောင်းကို ချွတ်ပြီး လာရောက်အားပေးကြတဲ့ သူတွေဒုနဲ့ဒေးပါ..။ ကလောမြို့က တပ်သားလေး ကျော်ဇင်ဝင်းတို့ အဖွဲ့ချုပ်ကို လာရောက်တိုင်ကြားတဲ့ ရေတပ်သားသူရိန်တို့ သတင်းတွေဟာလည်း အင်တာနက် သတင်းစာမျက်နှာတွေမှာ မြင်တွေ့နေရတာပါ..။ လူထုခေါင်းဆောင်မှလည်း မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးတွေမှာ တပ်မတော်မှ ပူပေါင်းပါဝင် ဆောင်ရွက်ဖို့ ပြောဆိုနေတာလည်း အများသိပြီး ဖြစ်ပါတယ်..။ တကယ့် အရာခံ၊ အကြပ်၊ တပ်သားတွေရဲ့ ရင်ထဲမှာလည်း အမှန်တရားဆိုတာကို သိရှိနားလည် ပြီးသားပါ...။  တပ်မတော်နဲ့ ပြည်သူကို ရန်သူသဖွယ် ပိုင်းခြားခဲ့တဲ့ လူနည်းစု တဦး၊ တဖွဲ့ ကြောင့် အိမ်ကြက်အချင်းချင်း ပြန်ခွပ်နေရပြီး ပြည်သူနဲ့ အလှမ်းဝေးနေရတာပါ...။
ကောင်းမွန်တဲ့ စံနစ်တခုအောက်ကို ပြန်လည်ရောက်ရှိမှသာ တပ်မတော်သားတွေရဲ့ ဘဝတွေ သာယာစိုပြေနိုင်မှာ ဖြစ်သလို ခေတ်မှီပြီး အင်အားတောင့်တင်းတဲ့ ပြည်သူ့ကို ကာကွယ်တဲ့ တပ်မတော်ဆိုတာ ဖြစ်လာမှာပါ...။ တိုင်းပြည် အင်းအားရှိမှ တပ်မတော်လည်း အင်အားရှိလာမှာ မလွဲမသေပါပဲ။ အနာဂတ်မှာ ဗိုလ်ချုပ်တည်ထောင်ခဲ့တဲ့  ပြည်သူချစ်တဲ့ ပြည်သူတပ်မတော်ဆိုတဲ့ ကောင်းမွေကို ပြန်လည် ဆက်ခံနိုင်ဖို့ အတွက် ပြည်သူ့ဘက်က ရပ်တည်ပေးကြပါလို့ တိုက်တွန်းလိုက် ရပါတယ် ပြည်သူ့တပ်မတော်သားများ ခင်ဗျာ..။

အထက်က ဖော်ပြပါ ဓာတ်ပုံတွေကို မည်သည့်တပ်၊ မည်သူဆိုတာ စုံစမ်းမနေပဲ တကယ့် အောက်ခြေမှ စစ်သည်တွေရဲ့ ရင်ထဲက ဆန္ဒတွေကို နားလည်ပေးဖို့ သက်ဆိုင်ရာ အာဏာပိုင်များအား မေတ္တာရပ်ခံ အပ်ပါတယ်..။
ဒီမိုဝေယံ

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1