Wednesday, April 25, 2012

စင်ကာပူရောက် မြန်မာများ တရားဝင်ငွေလွှဲနိုင်ပြီ

Ever November | 4/25/2012 02:08:00 PM | Best Blogger Tips
 
စင်ကာပူနိုင်ငံရှိ မြန်မာအလုပ်သမားများဧပြီ၂၃ရက်မှစတင်၍ နိုင်ငံအတွင်းသို့တရားဝင်ငွေလွှဲနိုင်
ပြီဖြစ်သည်။ငွေလွှဲရာတွင် ပြည်ပရောက်အလုပ်သမားများသာဆောင်ရွက် နိုင်မည်ဖြစ်သဖြင့် တစ်
ရက်လျှင် စင်ကာပူနိုင်ငံသုံးငွေ ၃၀၀၀ သာလွှဲပို့နိုင်သည်။ ငွေလွှဲဝန်ဆောင်ခမှာလည်း တစ်ကြိမ်လျှင် ပမာဏမည်မျှပင်ဖြစ်စေအမေရိကန်ဒေါ်လာဖြင့်တွက်ပါက လေးဒေါ်လာနီးပါးပေးဆောင်ရမည်၊ ပြည်တွင်းမှ
 ငွေလွှဲဝန်ဆောင်မှုကိုရန်ကုန်မြို့မှအပအခြားသောမြို့များသို့ ပေးပို့ရမည်ဆိုပါက ပြည်တွင်းငွေလွှဲနှုန်းအတိုင်းဝန်ဆောင်စရိတ်ယူမည်ဟု သမ၀ါယမဘဏ် (CB) ဘဏ်လီမိတက်မှမန်နေဂျင်းဒါရိုက်တာ ဦးဖေမြင့်က ဆိုသည်။

“စီးပွားရေးလုပ်ငန်းကြီးတွေ၊ နှစ်နိုင်ငံကုန်သွယ်ရေးလုပ် ငန်းကြီးတွေကတော့ ဆွစ်ဖ် SWIFT စနစ်ပြီးမှ လုပ်လို့ရမယ်”ဟုဦးဖေမြင့်ကရှင်းပြသည်။
စင်ကာပူနိုင်ငံမှ ငွေလွှဲလုပ်ငန်းကို All Best Exchange Co.,Ltd ပုဂ္ဂလိကငွေလွှဲဝန်ဆောင်မှုလုပ်ငန်းနှင့် ပြည်တွင်းရှိ သမ၀ါယမဘဏ်တို့က ချိတ်ဆက် ၍ စတင်ဆောင်ရွက်လျက်ရှိ သည်။ ထို့အပြင် ဧပြီလကုန်ပိုင်းတွင် မလေးရှားနိုင်ငံမှလည်း နိုင်ငံခြားငွေလွှဲလုပ်ငန်းကို လုပ်ကိုင်ရန် စီစဉ်ထားကြောင်း သမ၀ါယမ ဘဏ်မှစုံစမ်း သိရသည်။

“လောလောဆယ်တော့လုပ်ဖို့ အစီအစဉ်မရှိသေးဘူး”ဟု AGD အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးက နိုင် ငံခြားငွေလဲဝန်ဆောင်မှုလုပ်ငန်းနှင့်ပတ်သက် 7Day News ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။ နိုင်ငံတော်က ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၁ ခုကို ၂၀၁၁ နိုဝင်ဘာ ၂၅ ရက်မှစတင်၍ နိုင်ငံခြားငွေ ရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ချပေးခဲ့သည်။

7Day News 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1