Wednesday, April 25, 2012

ဧပြီလကုန်မှစ၍ Debit Card အဖြစ် အသုံးပြုနိုင်မည့် Myanmar Payment Union Card ကို စမ်းသပ်အသုံးပြုမည်

Ever November | 4/25/2012 02:05:00 PM | Best Blogger Tips
ယခုနှစ် ဧပြီလကုန်မှစ၍ Debit Card အဖြစ်အသုံးပြုနိုင်မည့် MPU Card(Myanmar Payment  Union Card) ကို စတင်စမ်းသပ်အသုံးပြုသွားမည်ဖြစ်ကြောင်းပုဂ္ဂလိကဘဏ်အသိုင်းအ၀ိုင်းထံမှသတင်းရရှိသည်။
''Debit ကတ်အဖြစ် အသုံးပြုနိုင်မယ့် MPU ကတ်ကို ဧပြီလကုန်ပိုင်းမှာ စတင်စမ်းသပ်မှာပါ။ တစ်လနှစ်လ ၀န်းကျင်စမ်းသပ်မှာ ဖြစ်ပါတယ်။ စမ်းသပ်မှု ကောင်းမွန်ပြီဆိုတာနဲ့ လက်ရှိဘဏ်တွေက ထုတ်ပေးထားတဲ့ အေတီအမ်ကတ်တွေအားလုံး  MPU ကတ်နဲ့ ပြန်လဲရမှာပါ''ဟု ပုဂ္ဂလိကဘဏ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။ အဆိုပါ MPU ကတ်ကို အေတီအမ်ကတ်နှင့် Debit ကတ်အဖြစ်  အသုံးပြုနိုင်မည်ဖြစ်ပြီး  Myanmar Union Payment Network (MPU Network)ချိတ်ဆက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် မြန်မာဘဏ်များအား အေတီအမ် ကတ်စနစ်၊ POS (Ponit of Sale) စနစ်နှင့် Debit ကတ်စနစ်များကို ပထမအဆင့်အနေဖြင့် အသုံးပြုခွင့် ပေးထားကြောင်း ဘဏ်လုပ်ငန်းတာ ၀န်ရှိသူများထံမှ သိရသည်။
တစ်လ နှစ်လ၀န်းကျင် စမ်းသပ်မှာ ဖြစ်ပါတယ်။ စမ်းသပ်မှုကောင်းမွန်ပြီဆိုတာနဲ့ လက်ရှိဘဏ်တွေက ထုတ်ပေးထားတဲ့ အေတီအမ်ကတ်တွေအားလုံး MPU ကတ်နဲ့ ပြန်လဲရမှာပါ
မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဘဏ် များပါဝင်သော ငွေပေးချေမှုဆိုင်ရာ အဆင့်မြှင့်တင်ရေးကော်မတီကိုလည်း ဖွဲ့စည်းပြီးဖြစ်ပြီး မြန်မာငွေပေးချေမှု  အဖွဲ့(Myanmar  Payment Union) ကိုတည်ထောင်ကာ နိုင်ငံတကာတွင် အသုံးပြုနေသော  ငွေပေးချေမှုနည်း ပညာများနှင့်စနစ်များဖြစ်အောင် ပြင် ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ National Switch နှင့် Data Center တို့ကို ဘဏ်များ၏ Own Swith နှင့် ချိတ်ဆက်သွား မည်ဖြစ်ကြောင်းနှင့် VISA ကတ်နှင့် CUP ကတ် (China Union Pay) ကဲ့သို့ နိုင်ငံတကာကတ်များ ၀င်ရောက်လာပါက MPU Network အတွင်း ၀င်ရောက် ချိတ်ဆက်သွားရမည်ဖြစ်ကြောင်း သိရသည်။

လာမည့် ၂၀၁၃ ခုနှစ်တွင် မြန် မာနိုင်ငံသားများအနေဖြင့် ပြည်တွင်း ဘဏ်များတွင် ငွေစာရင်းဖွင့်လှစ်ထားပါက နိုင်ငံတကာသို့ ငွေကြေးကိုင်ဆောင်ခြင်းပြုရန်မလိုဘဲ ငွေပေးချေနိုင်သည်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ၂၀၁၃ ခုနှစ်တွင် နိုင်ငံတကာကတ်များ ၀င်ရောက်လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရပါသည်။
EMG          

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1