Wednesday, April 25, 2012

ဘုရင့်နောင်၌ ယာဉ်ကြောပိတ်ဆို့မှု လျော့ကျစေရန် ပွဲရုံဝင်းအတွင်း ကွန်တိန်နာနှင့် နောက်တွဲယာဉ်များ ၀င်ရောက်ချိန်ကန့်သတ်

Ever November | 4/25/2012 09:00:00 PM | Best Blogger Tips

ဘုရင့်နောင်လမ်းမပေါ်တွင် ယာဉ်ကြောပိတ်ဆို့နေစဉ်
ဘုရင့်နောင်၌ မကြာခဏ ဖြစ်ပွားလျက်ရှိသော ယာဉ်ကြောပိတ်ဆို့မှု လျော့ကျစေရန် ပွဲရုံဝင်းအတွင်းသို့ ပေ ၄၀ အရှည်ရှိ ကွန်တိန်နာနှင့် နောက်တွဲယာဉ်များအား ၀င်ရောက်ချိန်ကန့်သတ်ထားကြောင်း လုံခြုံရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ထံမှ သိရှိရသည်။
ယင်းကဲ့သို့ ကန့်သတ်ထားမှုများအား ဧပြီလဆန်းပိုင်းမှ စတင် ပြီး မနက် ၇ နာရီမှ ည ၇ နာရီ အချိန်အတွင်း ၀င်ခွင့်မပြုတော့ကြောင်း၊ အလားတူ ဓာတ်ဆီ၊ ဒီဇယ်ဆီနှင့် လောင်စာဆီ တင်ဆောင်ထားသော ယာဉ်များအား ၀င်ခွင့်ပြုမထားကြောင်း၊ တားမြစ်ထားသော ယာဉ်အမျိုးအစားများ မ၀င်ရန် ယာဉ်ဝင်ခွင့်ကောက်ခံသော ဂိတ်များတွင် တာဝန်ရှိကြောင်းလည်း သိရှိရသည်။
“လက်ရှိအနေအထားမှာ ဒီဇယ်၊ ဓာတ်ဆီတင်ယာဉ်တွေ ၀င်ရောက်မှုရှိနေသေးလို့ သတိပေးမှု တွေရှိနေတယ်။ ယာဉ်ကြောပိတ် ဆို့မှုနည်းပါးစေဖို့ နောက်တွဲ ယာဉ်နဲ့ ပေ ၄၀ အရှည်ရှိတဲ့ ယာဉ် တွေကို ၀င်ရောက်ခွင့် ကန့်သတ်ထားပါတယ်။ ဒီဘုရင့်နောင်ဝင်းကြီးက ၁၉၉၀ ပြည့်လွန်နှစ်တွေ က ကိုယ်ထည်အရှည်ပေ ၂၀ ရှိ ခြောက်ဘီးကုန်တင်ယာဉ်တွေအတွက် ပုံစံထုတ် တည်ဆောက်ခဲ့တာလို့လည်း သိရပါတယ်။ ဒါပေမဲ့ နောက်ပိုင်း မှာ ကိုယ်တည်အရှည် ၃၂ ပေရှိတဲ့ ၁၀ ဘီး၊ ၁၂ ဘီးကားတွေ အသုံးပြုတဲ့အတွက် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းကာလတွေမှာ ယာဉ်ကြောပိတ် ဆို့မှုတွေ အဖြစ်များလာခဲ့တာပါ” ဟုလည်း ငုဝါလမ်းရှိ ကားဂိတ်လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။
ထို့ပြင် ဘုရင့်နောင်ပွဲရုံဝင်းအတွင်း ၂၀၁၂ ခုနှစ် နှစ်စပိုင်းကလည်း နေ့တစ်ဝက်နီးပါးကြာအောင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ရာ မတ်လ နောက်ဆုံးပတ်အတွင်းကလည်း   ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သည်။ ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ ကားရပ်နားကွင်းအတွင်း ရပ်နား ထားသော ကုန်တင်ယာဉ်အစီးရေ ၃၀၀ ကျော်၊ ၀င်းအတွင်းရှိ လမ်းများပေါ်တွင် ညအိပ်ရပ်နားထားသော ကုန်တင်ယာဉ် အစီးရေမှာလည်း ၇၀၀ နီးပါးရှိကာ  ညအိပ်ရပ်နားသော ကုန်တင်ယာဉ်အစီးရေမှာ ၁၀၀၀ ကျော်ရှိနေသည့် အတွက် ယခု ရက်ပိုင်းအတွင်း ယာဉ်ကြောပိတ်ဆို့မှုများ ဆက်တိုက်ဖြစ်ပေါ်နေရကြောင်း စခန်းအကျိုးဆောင်အဖွဲ့ မှ သိရသည်။
ဘုရင့်နောင်ဝင်းအတွင်း ယာဉ်ကြောပိတ်ဆို့မှုများသည် အချို့နေ့များတွင် အချိန်ကိုးနာရီကျော် ကြာမြင့်တက်ကြောင်းနှင့် ပွဲရုံများသို့ ကုန်ဝင်ရောက်ရမည့်အချိန် နောက်ကျခြင်း၊ ကုန်ပို့ချိန်နောက် ကျခြင်းများ ဖြစ်ပေါ်နေရကြောင်းလည်း ပွဲရုံလုပ်ငန်းရှင်များက ဆိုပါသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1