Wednesday, April 25, 2012

သင်္ဃန်းကျွန်းမြို့နယ်တွင် ရပ်ကွက်နေပြည်သူများအား အုပ်စုလိုက်ရမ်းကားသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ အမှုဖွင့်တိုင်ကြားထား

Ever November | 4/25/2012 09:09:00 PM | Best Blogger Tips

အတိုက်ခံရသော အဓိပတိ(အဖြူ)ယာဉ်အား တွေ့ရစဉ်
၂၀၁၂ ခုနှစ် ဧပြီ ၄ ရက်နေ့ ကဖြစ်ပွားခဲ့သော သင်္ဃန်းကျွန်းမြို့နယ် ရပ်ကွက်နေပြည်သူများအား  အုပ်စုလိုက်ရမ်းကားခဲ့သည့် ဖြစ်စဉ် နှင့်ပတ်သက်၍ ဗန္ဓုလသယ်ယူပို့ ဆောင်ရေး အဓိပတိ(အဖြူ)ယာဉ် လိုင်းကို သင်္ဃန်းကျွန်းရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီလ ၄ ရက်နေ့ ည ၁၁ နာရီ အချိန်ခန့်တွင် သင်္ဃန်း ကျွန်းမြို့နယ် လေးထောင့်ကန်လမ်း မကြီးပေါ်၌ စက်ပျက်၍ရပ်ထား သော ပါရမီအဓိပတိ (အဖြူ) ယာဉ် လိုင်းမှကားတစ်စီးကို ဂျစ်ကား တစ်စီးမှ ၀င်တိုက်မိရာ ဂျစ်ကား မောင်းသူမှာ ဒဏ်ရာရရှိ သွားသဖြင့် ရပ်ကွက်နေပြည်သူများမှ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရာမှတစ်ဆင့် အဓိပတိ ယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးနှင့် အချင်းများခဲ့ကြောင်း၊ ညပိုင်းတွင် ကားနှစ်စီးဖြင့် လူ ၃၀ ကျော် ရောက်ရှိလာပြီး အုပ်စုလိုက်ရမ်းကား ခဲ့ခြင်းကြောင့် ရပ်ကွက်နေ ပြည်သူ များကသက်သေခံပစ္စည်းများနှင့်အတူ သင်္ဃန်းကျွန်းရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်းနှင့်သင်္ဃန်း ကျွန်းရဲစခန်းမှ (ပ)၂၂၀/၁၂၊ ပုဒ်မ-၂၉၄/၃၂၃/ ၅၀၆/၁၁၄ ဖြင့် အဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိ ရသည်။
“ဒဏ်ရာရတဲ့သူကိုကူညီပေး တာပါ။ ဒါကို အဓိပတိယာဉ်လိုင်း က ဗိုလ်ကြီးအောင်သူ (ငြိမ်း)ဆိုတဲ့ သူက ‘မဆိုင်သူတွေအနားမကပ်နဲ့၊ မင်းတို့ဘာကောင်တွေလဲ’လို့ ပြော တယ်။ သေချာရှင်းပြတော့ သူမှား ကြောင်းတောင်းပန်ပြီး ပြန်ထွက် သွားတယ်။ သိပ်မကြာဘူး။ အဓိ ပတိ (အဖြူ) ကားနှစ်စီးရောက်လာ ပြီး ‘တွေ့တဲ့သူအကုန်ရိုက်၊ အဓိပတိ ယာဉ်လိုင်းကို ဒီလိုလုပ်လို့မရဘူး’ ဆိုပြီး လိုက်ရိုက်တာ ကောင်လေး တစ်ယောက် အရိုက်ခံရတယ်။ သက်သေခံပစ္စည်းတွေ ဖြစ်တဲ့တစ်ပေခွဲ လောက်ရှိတဲ့ သံပိုက်လုံးတွေနဲ့အတူ သင်္ဃန်းကျွန်းရဲစခန်းမှာ တိုင်ကြားခဲ့ တယ်။ ဒီနေ့အထိတော့ သက်ဆိုင်ရာ က အမှုနဲ့ပတ်သက်ပြီး အကြောင်းမပြန်သေးပါဘူး”ဟု တရားလိုပြုတိုင်ကြားသူ ဦးစိန်သန်းက ပြောပါ သည်။ လေးထောင့်ကန်ရပ်ကွက်နေ မော်ခန်း(ခ)စိုးမင်းထွန်း (အသက် ၂၇ နှစ်)မှာ ဒဏ်ရာရရှိခဲ့ပြီး အနီးရှိ ဈေးဆိုင်ခန်းများလည်း ပျက်စီးခဲ့ ကြောင်း သိရသည်။
“စံပြဈေးဘက်ကနေအဓိပတိ နှစ်စီးကလူတွေ အများကြီးတင်လာပြီး ယာဉ်တိုက်မှုဖြစ်တဲ့ ဘက်ကိုသွားတာ တွေ့လို့ ပြန်သွားကြည့်တော့ အဲဒီမှာသူတို့က လိုက်ရိုက်နေပြီ။ ကျွန် တော့်ကိုလည်း တွေ့ရောလိုက်ရိုက် ကြတယ်။ ရှောင်ရင်းလက်နဲ့ကာ လိုက်တာလက်ထိသွားတာ” ဟုရိုက် နှက်မှုကြောင့်ဒဏ်ရာရရှိသူ ကိုမော်ခန်း(ခ)စိုးမင်းထွန်းက ပြောပြခဲ့ပါသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ လေးထောင့်ကန်ရပ်ကွက်နှင့် ဆ/ခ ရပ်ကွက်ရှိ ပြည်သူတစ်ရာကျော်ခန့်က လက်မှတ်ရေးထိုးကာ သင်္ဃန်းကျွန်း မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ထံ တိုင်ကြား၍ ဦးသိန်းညွန့်က နိုင်ငံတော် သမ္မတနှင့် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ထံသို့ အုပ်စုဖွဲ့ရမ်းကားမှုအား အရေးယူပေးပါရန် တင်ပြထားကြောင်းလည်း သိရသည်။
“အခုအုပ်ချုပ်ရေးပိုင်းက ဘာဆက်လက် ဆောင်ရွက်မယ်ဆိုတာ ကျွန်တော်တို့စောင့်နေပါတယ်” ဟု သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောပါသည်။
EMG
 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1