Monday, May 14, 2012

 အမေရိကန်ထံမှ အမြောက် ၁၄၅ လက်ကို အိန္ဒိယ၀ယ်မည်

Ever November | 5/14/2012 01:16:00 PM | Best Blogger Tips

၁၉၉၉ ခုနှစ်၊ ဇူလိုင် ၂၃ ရက်က ပါကစ္စတန်နှင့် ကာဂီလ်ပဋိပက္ခအတွင်း 
အိန္ဒိယတပ်များက အမြောက်များဖြင့် ပစ်ခတ်နေစဉ်

အိန္ဒိယသည် အမေရိကန်ထံမှ အမေရိကန်ဒေါ်လာ သန်း ၅၆၀ တန်ဖိုးရှိ ဟောင်ဝဇ္ဇာပြောင်းတို အမြောက် ၁၄၅ လက်ကို ၀ယ်ယူရန် သဘောတူခဲ့ကြောင်း အိန္ဒိယအစိုးရ တာဝန်ရှိသူတစ်ဦးက မေလ ၁၂ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်က အိန္ဒိယ၏ ခေတ်နောက်ကျနေသော လက်နက်များကို အဆင့်မြှင့်ပေးမည်ဆိုသဖြင့် ယင်းသဘောတူညီချက် ရရှိခဲ့ကြောင်း သိရသည်။

အလွန်အမင်း ပေါ့ပါးသော ယင်းအမြောက်များကို အမေရိကန်ရှိ BAE System Inc ထံမှ ၀ယ်ယူရန် မေလ ၁၁ ရက်တွင် သဘောတူခဲ့ကြောင်း အမည်မဖော်လိုသော အိန္ဒိယ ကာကွယ်ရေးအကြီးတန်း တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ယင်းကုမ္ပဏီမှာ ဗြိတိန်အခြေစိုက် BAE Systems Plc ၏ ရုံးခွဲတစ်ခုဖြစ်ကြောင်း သိရသည်။
အကွာအဝေး ၁၇ မိုင်အထိ ရောက်အောင်ပစ်ခတ်နိုင်သော ယင်းအမြောက်များကို မြင့်မားသော အရပ်ဒေသရှိ စစ်မျက်နှာများတွင် အသုံးပြုရန် ရည်ရွယ်ထားကြောင်း သိရသည်။

အိန္ဒိယသည် ၁၉၈၆ ခုနှစ်တွင် ဆွီဒင်လက်နက်ကုမ္ပဏီကြီး AB Bofors ထံမှ ဟောင်ဝဇ္ဇာအမြောက် အလက် ၄၁၀ ၀ယ်ယူခဲ့ပြီးနောက်ပိုင်း ယခုတစ်ဖန် ယင်းအမြောက်များကို ထပ်မံဝယ်ယူရန် သဘောတူခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယသည် ဒေသတွင်း ပြိုင်ဘက်များဖြစ်သော ပါကစ္စတန်၊ တရုတ်တို့နှင့် ကာလရှည်ကြာ တင်းမာမှုရှိခဲ့သဖြင့် စစ်ရေးစွမ်းရည် မြင့်မားစေရန် ဒေါ်လာဘီလျံနှင့်ချီ၍ သုံးစွဲနေသည်။ ယခု ဘဏ္ဍာရေးနှစ်အတွင်း စစ်ရေးအသုံးစရိတ် စုစုပေါင်း ရူပီး ၁ ဒသမ ၉၃ ထရီလျံအထိ သုံးစွဲမည် ဟု ကြေညာခဲ့သည်။
AFP

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1