Monday, May 14, 2012

iPay Card ဖြင့် ယာဉ်စီးခ ပေးချေသည့်စနစ်အား ပန်းဆိုးတန်း ဒလရေယာဉ်များနှင့် မြို့ပတ်ရထားများတွင်ပါ အသုံးပြုသွားရန် စီစဉ်

Ever November | 5/14/2012 01:09:00 PM | Best Blogger Tips


iPay Card ဖြင့်ယာဉ်စီးခ ပေးချေသည့်စနစ်ကို ပန်းဆိုးတန်း-ဒလ ပြေးဆွဲနေသည့် ရေယာဉ်များနှင့် မြို့ပတ်ရထားများတွင်ပါ အသုံးပြုသွားရန် စီစဉ်လျက်ရှိကြောင်း ယင်းစနစ်အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် KISPA NADI EXPRESS LTDမှ သတင်းရရှိပါသည်။

iPay Card ဖြင့် ယာဉ်စီးခပေးချေသည့် စနစ်ကို ဧပြီလ ၂ ရက်နေ့မှ စတင်၍ အဓိပတိ(အပြာ)ယာဉ်လိုင်း၌ စတင်အသုံးပြုခဲ့ခြင်းဖြစ်ပြီး ယခု လက်ရှိအချိန်အထိ ၄င်းယာဉ်လိုင်း ရှိယာဉ်စီးရေ ၅၉ စီးတွင် iPay Card အသုံးပြုသည့်စနစ်ကျင့် သုံးလျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် iPay Card အသုံးပြု၍ ယာဉ်စီးခပေးချေသည့်စနစ်အား စတင်အသုံးပြုစဉ်ကာလဖြစ်သော ဧပြီလဆန်းပိုင်းက iPay Card အသုံးပြု၍ ယာဉ်စီးခပေးချေ သည့် ခရီးသည်ဦးရေ ငါးထောင်ကျော်မှာ ယခုလက်ရှိတွင် အသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ခရီးသည် တင်ဘတ်စ်ကားတွင် iPay Card အသုံးပြု၍ ယာဉ်စီးခပေးချေသည့် ခရီးသည် များပြား လာသည့်အတွက် ပန်းဆိုးတန်း-ဒလသို့ ပြေးဆွဲနေသည့် ရေယာဉ်များနှင့် မြို့ပတ်ရထားများတွင် စီးနင်းခများကို iPay Card အသုံးပြုကာ ပေးချေနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 iPay Card အား ကတ်တစ်ကတ် လျှင် လူတစ်ဦးသာ အသုံးပြုနိုင်ရန် ၈မိနစ်လျှင် တစ်ကြိမ်သာ ငွေဖြတ်နိုင်သည့်စနစ်အား ထည့်သွင်းအသုံးပြုထားကာ ကတ်တစ်ကတ်လျှင် ကျပ်တစ်ထောင်နှုန်းဖြင့် ယာဉ်နောက်လိုက်များနှင့် iPay Station များတွင် ရောင်းချပေးလျက်ရှိသည်။ ယင်းကတ်တွင် ကတ်တန်ဖိုးကျပ် ၃၀၀ အပါအ၀င် ယာဉ်စီး ကျပ်၇၀၀ ပါရှိပြီး ယင်းကတ်၌ ယာဉ်စီးခ ပေးချေရန် ငွေမလုံလောက်တော့ပါက ကတ်တန်ဖိုးငွေ ကျပ် ၃၀၀ ထပ်မံပေး စရာမလိုဘဲ ငွေထပ်မံဖြည့်သွင်းနိုင်ကြောင်း သိရသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1