Monday, May 14, 2012

 ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်း ဥရောပသမဂ္ဂ ပါလီမန်သို့ ပထမဆုံးအကြိမ်သွားရောက်

Ever November | 5/14/2012 12:37:00 PM | Best Blogger Tips


ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်းနှင့် ကိုယ်စားလှယ်အဖွဲ့သည် ဥရောပသမဂ္ဂပါလီမန်သို့ မေလ ၁၀ ရက်နေ့က ပထမဆုံးအကြိမ် သွားရောက်ခဲ့ကာ ဥရောပသမဂ္ဂဥက္ကဌနှင့် ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးနှင့် လုံခြုံရေး မူဝါဒဆိုင်ရာ အကြီးအကဲ ကက်သရင်းအက်ရှ်တန်တို့နှင့် ဘရပ်ဆဲမြို့တွင် တွေ့ဆုံခဲ့သည်ဟု EU ၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

ကက်သရင်းအက်ရှ်တန်နှင့် သူရဦးရွှေမန်းတို့နှစ်ဦး၏ တွေ့ဆုံဆွေးနွေးမှုတွင် ဦးရွှေမန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင် ပါဝင်နိုင်ရေး အပါအ၀င် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ ရှေ့ဆက်သွားရေးအတွက် ကြိုးပမ်းဆောင်ရွက် သွားမည်ဟု လေးနက်စွာ ပြောကြားသွားခဲ့ကြောင်း သိရသည်။

၎င်းတို့နှစ်ဦးသည် ကချင်ပြည်နယ်အပါအ၀င် တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများအကြောင်းလည်း ဆွေးနွေးခဲ့ကြသည်ဟု ဖော်ပြထားသည်။ အဆိုပါဒေသများရှိ တိုင်းရင်းသား လက်နက်ကိုင် များနှင့် အပစ်အခတ်ရပ်စဲရေး အခြေခိုင်မာစေရန်နှင့် ငြိမ်းချမ်းရေးကြာ ရှည်တည်မြဲစေရန် ဥရောပသမဂ္ဂမှ မည်ကဲ့သို့ ကူညီနိုင်မည်ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် မစ္စအက်ရှ်တန်က သူရဦးရွှေမန်းနှင့် ကိုယ်စားလှယ်အဖွဲ့ကို မြန်မာနိုင်ငံအတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များအတွက် EU ၏ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် နိုင်ငံခြားရေးကောင်စီတွင် ပြုလုပ်မည့် တွေ့ဆုံဆွေးနွေးပွဲ အတွက် ကြိုတင်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု အဆိုပါသတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လတ်တလောအချိန်တွင် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်းသည် အနားယူခွင့်တောင်းထားသော ဒုသမ္မတ တင်အောင်မြင့်ဦး၏ နေရာတွင် အစားထိုး ၀င်ရောက်နိုင်ခြေရှိသည်ဟု လေ့လာသူများက ခန့်မှန်းထားကြသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1