Wednesday, May 23, 2012

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ ဆက်ထားမယ်လို့ မစ္စစ် ကလင်တန် ပြောဆို

Ever November | 5/23/2012 08:08:00 PM | Best Blogger Tips
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ကလင်တန်နဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးဟာ အမေရိကန်စံတော်ချိန် တနင်္ဂနွေနေ့ည (မြန်မာစံတော်ချိန် တနင်္လာနေ့ မနက်ပိုင်း) က တယ်လီဖုန်း ဆက်သွယ် ပြောဆိုခဲ့ပြီးနောက် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြောင်းလဲမှုတွေ ခိုင်မာလုံခြုံမှုရှိအောင် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အမေရိကန် ပြည်ထောင်စုက ဆက်လက်ထားရှိသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက တနင်္လာနေ့မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။
မြန်မာနိုင်ငံက အပြောင်းအလဲတွေ မတည်ငြိမ်သေးဘူး ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စစ်ကလင်တန်တို့ နှစ်ဦးစလုံး သဘောတူခဲ့ကြကြောင်းနဲ့ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့လတွေအတွင်း ဖြစ်ပေါ်ခဲ့တဲ့ အရေးကြီးတဲ့ တိုးတက်ပြောင်းလဲမှုတွေဟာ အလွယ်တကူ ပြန်လည် ပျက်စီးသွားနိုင်တဲ့ အခြေအနေမှာပဲ ရှိနေပြီး ဒါတွေကို နောက်ပြန်လှည့်မသွားနိုင်အောင် အကာအကွယ်ပေးဖို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ အကူအညီတွေ လိုအပ်တယ်ဆိုတာ မစ္စစ်ကလင်တန်နဲ့ ဒေါ်အောင်ဆန်းစုကြည် နှစ်ဦးစလုံးက သဘောတူခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန အရာရှိတစ်ဦးက RFA ကိုပြောပါတယ်။
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ဖို့ တားမြစ်ထားတာတွေကို ပယ်ဖျက် လျော့ပေါ့ပေးလိုက်ကြောင်း အမေရိကန်သမ္မတ အိုဘားမားက ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။
RFA

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1