Wednesday, May 23, 2012

ဇူလိုင်လအတွင်း ကမ်းရိုးတန်းဖုန်းများအား Prepaidစနစ်သို့ ပြောင်းလဲပေးမည်

Ever November | 5/23/2012 08:45:00 PM | Best Blogger Tips
ဖုန်းခေါ်ဆိုခကြိုတင်ပေးသွင်းရသည့်စနစ်(Prepaid)စနစ်သို့ ပြောင်းလဲပေးရန်ကျန်ရှိသောကမ်းရိုး တန်းဖုန်းများအား ဇူလိုင်လအတွင်း ပြောင်းလဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရသည်။


“ဇူလိုင်လ ပထမအပတ်လောက်မှာ ဖြစ်လောက်တယ်၊ အဲ့ဒီစနစ်ကိုလုပ်မယ်ဆိုရင် အရင် Massage ပို့ပြီး Regster ရမယ်၊        ပြီးမှ Call Center ကတဆင့် Prepaid စနစ် သုံးပြုလို့ရမရကို သတင်းပြန်ပို့ ပေးမှာပါ”ဟု ဆက်သွယ်ရေးကဏ္ဍ Call Center တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
ဖုန်းဘီလ်စနစ်မှ ကြိုတင်ပေးသွင်းသည့်စနစ်သို့ ပြောင်းလဲပေးရန်ကျန်ရှိသည့် ကမ်းရိုးတန်းဖုန်း (CDMA 450 MHz) များကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဇူလိုင်လအတွင်း ပြောင်းလဲပေးသွား မည့်အပြင် နောက်ပိုင်းချထားပေးသည့်  ဖုန်းအားလုံးကို (Prepaid) စနစ်ဖြင့် ချထားပေးသွားမည် ဖြစ်သည်။

Postpaid စနစ်မှ Prepaid စနစ်သို့ ပြောင်းလဲ သုံးစွဲလိုသည် ကျပ် ၁၅ သိန်း GSM ဖုန်း သုံးစွဲသူများ သည် မေလဆန်းအထိ SMS ပေးပို့ကာ ပြောင်းလဲနိုင်သေးကြောင်းကိုလည်း သိရသည်။

“ အခုမှ SMS ထပ်မံပေးပို့တဲ့ ဖုန်းတွေဟာ မေလထဲမှာ Prepaid စနစ်စတင်အသုံးမပြုနိုင်သေးပါဘူး၊ အသုံးပြုနိုင်ကြောင်း  Message ရရှိပြီး နောက်ပိုင်း ဇွန်လထဲ ရောက်မှသာ Prepaid စနစ် ပြောင်းလဲ အသုံးပြုနိုင်မှာပါ” ဟု Call Centre မှာ တာဝန်ရှိသူတစ်ဦးက ပြောသည်။

SMS ပေးပို့ရာတွင် နံပါတ် ၁၈၈၁၂ ကို Yes ပို့ပေးရမည်ဖြစ်ပြီး ပေးပို့ပြီးပါက Prepaid စနစ်သို့ ပြောင်းလဲရန် စာရင်းလက်ခံသွားမည် ဖြစ်သည်။
 
 “ကျွန်တော်တိုကတော့ ဒီလအထိတော့ သုံးလိုရမယ်လို သိထားတယ်၊ လကုန်သွားရင်တော့ ဘယ်လို လာဦးမလဲ မသိဘူး ” ဟု   ၁၅ သိန်တန်း GSM ဖုန်း သုံးသူတစ်ဦးကပြောသည်။
 
ထို့အပြင် ဖုန်းငွေဖြည့်ကတ်စနစ်တစ်ခုဖြစ်သော  E Top Up System ကိုလည်း အသုံးပြုရဖွယ် ရှိကြောင်း ၄င်းက ဆက်လက်ပြောဆိုစနစ်မှာ နံပါတ်များရိုက်၍ ငွေဖြည့်တင်းရန်မလိုဘဲ ကဒ်ဝယ်ယူ သည့်  ဆိုင်မှငွေဖြည့်တင်းပေးသည့် စနစ်မျိုးဖြစ်ကြောင်းကိုလည်း သိရသည်။
ဥာဏ်ဥာဏ် (မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1