“တစ်ရက်တည်းမှာ ကာကွယ်ဆေး(၂)လုံး မထိုးသင့်ဘူး၊ တစ်နှစ်အောက်ဆိုတဲ့အရွယ်က 
ငယ်လွန်းတော့ ကာကွယ်ဆေးဒဏ်တွေကို မခံနိုင်ဘူး၊ ကာကွယ်ဆေးက 
တစ်လုံးထဲထိုးရင်တောင် အပူကြီးတယ်၊ တစ်ကြိမ်ထဲ နှစ်လုံး ထိုးမပေးသင့်ဘူး”ဟု
 ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာအောင်ထွန်းဦးက ပြောသည်။
 တစ်နှစ်အောက် ကလေးငယ်များကို လအပိုင်းအခြားအလိုက် ကာကွယ်ဆေးများထိုးရာတွင်
 တစ်ရက်ထဲတွင်   ဆေးနှစ်မျိုးထိုးပေးပါက ကလေးအား ပိုမိုနာကျင်စေပြီး၊ 
ခံနိုင်ရေအား မရှိသေးချိန်တွင် အပူကြီးနိုင်ကြောင်းကိုလည်း သိရသည်။
 ‘ သမီးလေး (၉)လပြည့်လို့ ၀က်သက်ကာကွယ်ဆေး သွားထိုးတာ၊ ဆေးရုံက 
ဆေးကုမ္ပဏီနဲ့ ချိတ်ထားပြီး အသည်းရောင် (ဘီ)ပိုးကာကွယ်ဆေးပါရတယ်ဆိုလို့ 
ထိုးခဲ့တာ။ သမီးက နောက်နေ့ကျတော့ ကိုယ်အရမ်း ပူလာတယ်။ အရင် ကာကွယ်ဆေးတွေ 
သွားထိုးတုန်းကတော့ ပြန်လာရင် ကိုယ်နည်းနည်းပူတယ်။ အပြင်း အထန်တော့ 
မဟုတ်ဘူး။ ဘိုင်အိုဂျတ်ဆစ်အရည်တိုက်ရင်   ပျောက်သွားတယ်။ အခုက 
ကိုယ်ပူပြင်းတယ်။ ဆေးတိုက်လည်း မကျဘူးဆိုတော့ စိုးရိမ်သွားပြီး 
ဆရာဝန်သွားပြတာ တစ်ကြိမ်ထဲ ကာကွယ်ဆေး(၂)လုံး မထိုးသင့်ဘူးလို့ ဆရာက 
ပြောတယ်”ဟု ကမာရွတ်မြို့နယ်မှ မိခင်တစ်ဦးဖြစ်သူ မမြင့်မြတ်က ပြောသည်။
 ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် မွေးဖွားသည့်ကလေးငယ်များအား နိုင်ငံတော်မှ ကာကွယ်ဆေးများအခမဲ့ ထိုးပေးလျက်ရှိကြောင်း သိရှိရသည်။
 ကာကွယ်ဆေးထိုးရာတွင် မွေးစကလေးများအား ဘီစီဂျီကာကွယ်ဆေး (၁)ကြိမ်၊ 
ဆုံစို့ကြက်ညှာ၊ မေးခိုင် ကာကွယ်ဆေးအား (၃)ကြိမ်၊ 
ပိုလီယိုကာကွယ်ဆေး(၃)ကြိမ်၊ အသဲရောင်(ဘီ)ပိုးကာကွယ်ဆေး (၃)ကြိမ်နှင့် 
ဝက်သက်ကာကွယ်ဆေးအား ကလေး အသက်(၉)လတွင် (၁) ကြိမ် ထိုးပေးကာ ကလေးအသက် 
တစ်နှစ် အရွယ်ထိ ကာကွယ်ဆေးများအား ထိုးပေးလျက်ကြောင်း  
ဗဟိုအမျိုးသမီးဆေးရုံမှ ကျမ်းမာရေးဝန်ထမ်းတစ်ဦးက ဆိုသည်။
 ထိုကဲ့သိှု့ဗဟိုအမျိုးသမီးဆေးရုံတွင် ကာကွယ်ဆေးထိုးနှံရာ၌ 
အသည်းရောင်(ဘီ)ပိုးကာကွယ် ဆေးထိုးနှံ နိုင်ရန်အတွက်   ဆေးရုံအနေဖြင့် 
ဆေးကုမ္ပဏီနှင့်ချိတ်ဆက် ဈေးနှုန်းသက်သာစွာဖြင့်ထိုးနိုင်ရန်အတွက် 
စီစဉ်ပေးထားကြောင်းကိုလည်း ကာကွယ်ဆေးထိုးခဲ့သော ကလေးငယ်တစ်ဦး၏ မိခင်ထံမှ 
သိရှိရသည်။
 ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် အသည်းရောင်(ဘီ)ကာကွယ်ဆေး တစ်လုံးလျင် ကျပ် 
(၃၇၀၀)နှုန်းဖြင့်  ဖြင့်ထိုးနိုင်ကြောင်းနှင့် (ဘီ)ပိုး ရှိမရှိ 
စစ်ဆေးခြင်းကိုလည်း ကျပ်(၇၀၀)ဖြင့် စစ်ဆေးနိုင်ကြောင်းကိုလည်း သိရှိရသည်။
 ပြင်ပဆေးခန်းများ၌ အသည်းရောင်(ဘီ)ပိုးကာကွယ်ဆေးတစ်လုံးလျင် ကျပ်(၆၀၀၀)မှ 
(၁၀၀၀၀) ၀န်းကျင် အထိ ပေး ရကြောင်းကိုလည်း    ဗဟိုအမျိုးသမီးဆေးရုံက 
မိခင်များက ဆိုသည်။
 ဗဟိုအမျိုးသမီးဆေးရုံအနေဖြင့် ကလေးငယ်များ ဈေးနှုန်းချိုသာစွာဖြင့်  
အသည်းရောင်(ဘီ)ပိုးကာကွယ်ဆေး ထိုးနိုင်ရန်အတွက် Hepavax-Gene –TF 
ဆေးဝါးဖြန့်ချီသည့် ကုမ္ပဏီနှင့် ချိတ်ဆက်ထားခြင်းဖြစ်သည်။
ကြယ်စင်(မြစ်မခ) 

No comments:
Post a Comment