များ ပျက်စီးမှုအတွက် 
အခမဲ့ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါဆိုင်တွင် 
မိုဘိုင်းဖုန်းလိုင်းကတ် ပျောက်ဆုံးမှု၊ ပျက်စီးမှုအတွက် ၀န်ဆောင်မှုပေးနေပြီး
 ပျက်စီးမှုအတွက် အခမဲ့ဝန်ဆောင်မှုပေးခြင်းဖြစ်ကြောင်း သိရသည်။
“ပျက်စီးမှုအတွက်ပဲ အခမဲ့ဝန်ဆောင်မှုပေးတာပါ။ လိုင်းကတ် 
ပျောက်ဆုံးတာပဲဖြစ်ဖြစ်၊ ပျက်စီးတာပဲဖြစ်ဖြစ်၊ စာရွက်စာတမ်းတွေ 
ပြန်တင်ပြဖို့တော့ လိုအပ်တာပေါ့။ ပျောက်ဆုံးတာဆိုရင်တော့ သက်ဆိုင်ရာရုံးမှာ
 သတ်မှတ်ထားတဲ့အတိုင်းတော့ ကုန်ကျမှုရှိပါတယ်။ ပျက်စီးတာဆိုရင်တော့ 
ကုန်ကျမှုမရှိပါဘူး” ဟု ရွာသားကြီး Mobile & Computer ဆိုင်မှ 
အရောင်းမန်နေဂျာ မအိအိထွေးကပြောသည်။ ထိုကဲ့သို့ ၀န်ဆောင်မှုပေးရာတွင် 
နယ်ကတ်များအတွက် ဆောင်ရွက်ခြင်းမရှိဘဲ နေပြည်တော်ဒေသပေါက် 
လိုင်းကတ်များကိုသာ ဆောင်ရွက်ပေးကြောင်းသိရသည်။ 
ရေးသားသူ -ကျော်ဇေယျInternet Journal


No comments:
Post a Comment