ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်အား
 ဖွဲ့စည်းခဲ့သည့် ကျော်ကိုကိုနှင့် စည်သူမောင်တို့အား သမဂ္ဂဖွဲ့စည်းခြင်းမှာ
 အသင်းဖွဲ့ဆိုင်ရာ ဥပဒေပုဒ်မ(၆)အရ ငြိစွန်းနေကြောင်း  ရန်ကုန်တိုင်းဒေသကြီး
 အထွေထွေအုပ်ချုပ်ရေးမှုးက ဇွန်လ(၆)ရက်နေ့တွင်   ခေါ်ယူတွေ 
ဆုံမှုများရှိကြောင်း သိရှိရသည်။
 “အဓိကတာကတော့
 အသင်းဖွဲ့ဆိုင်ရာ ဥပဒေပုဒ်မ(၆)အရ ကျွန်တော်တို့က ငြိစွန်းနေတယ်ဆိုတာကို 
ခေါ်ပြော ပါတယ်။ မှတ်ပုံတင်ပါလို့တိုက်တွန်းတာလည်းမဟုတ်ပါဘူး။ ဒီဥပဒေဟာ 
ဒီလိုရှိတယ် ဆိုတာ ကို ပြောရုံသက်သက်ပါပဲ၊ ဆုံးဖြတ်ချက် ချနိုင်တဲ့ 
အနေအထားမျိုးလည်း မဟုတ်ဘူး” ဟု ရန်ကုန်တိုင်း ဒေသကြီး 
အထွေထွေအုပ်ချုပ်ရေးမှုး ဦးသန်းဝင်း၏ ပြောဆိုမှုအား ကိုကျော်ကိုကိုက 
 ပြန်ပြောခဲ့သည်။
ရန်ကုန်တိုင်း
 ထွေအုပ်အနေဖြင့် အဆိုပါကိစ္စအား ဆုံးဖြတ်ချက်ချနိုင်သော ကိစ္စမဟုတ်သည့်အတွက်
 အထက်သို့ တင်ပြမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
 “ကျွန်တော်တို့
 အဖွဲ့အစည်းက ပါတီစုံအထွေထွေရွေးကောက်ပွဲ ဥပဒေအရ မှတ်ပုံတင်ထားတဲ့ ပါတီ 
နိုင်ငံရေး အဖွဲ့အစည်း မဟုတ်တဲ့အပြင် မည်သည့်မှတ်ပုံတင်မျိုးကိုမှ 
ဆောင်ရွက်ထားခြင်း မရှိတဲ့ အဖွဲ့ အစည်းတစ်ခုဖြစ်နေတာကို စိစစ်တွေ့ရှိရလို့ 
ကျွန်တော်တို့နဲ့ပတ်သတ်သမျှကို လိုအပ်သလို ဆောင် ရွက်ပြီးတော့ အထက်ကို 
တင်ပြပေးပါဆိုတာတဲ့ ညွှန်ကြားချက်ကြောင့်   ခေါ်တွေ့တယ်လို့ နားလည် ထားတယ်”ဟု
 ကျော်ကိုကိုမှ ဖြည့်စွတ်ပြောဆိုခဲ့သည်။ 
အုပ်ချုပ်ရေးမှုး၏
 ပြောပြချက်အား မကြာခင်ကာလအတွင် တက္ကသိုလ်ဥပဒေတစ်ခုရေးဆွဲဖြစ်၍ 
ထွက်ပေါ်လာရန်အတွက် အစီအစဉ်ရှိကြောင်း ထိုအချိန်မှသာလျှင် ကျောင်းသားသမဂ္ဂ 
ဖွဲ့စည်း တည်ထောင်ကာ လှုပ်ရှားစေလိုကြောင်းကိုလည်း သိရှိရသည်။
“ကျွန်တော်တို့
 အုပ်ချုပ်ရေးမှူးကို ပြန်ပြီးပြောခဲ့တာက 
ကျောင်းတွင်းအဖွဲ့အစည်းတစ်ခုဖြစ်တယ်၊ အစိုးရဆီမှာ မှတ်ပုံတင်ဖို့ 
မလိုဘူးလို့ နားလည်ထားတယ်။ အဲ့ဒီအတွက်ကြောင့် တက္ကသိုလ်ဥပဒေနဲ့ပဲ 
ဆိုင်တယ်လို့ ပြန်ပြောခဲ့ပါတယ်။”ဟု စည်သူမောင်က ဆိုသည်။
ယခုကာလသည်
 ၁၉၈၈ အသင်းအဖွဲ့များဆိုင်ရာ ဖွဲ့စည်းခြင်း ဥပဒေပုဒ်မ(၃)အရ တည်ဆဲဥပဒေ 
ဖြစ်နေသလို ပုဒ်မ(၆)မှလည်း တည်ဆဲဥပဒေဖြစ်နေ၍ လုပ်ထုံးလုပ်နည်းများနှင့်သာ 
အသင်းအဖွဲ့ ဖွဲ့စည်းတည်ထောင်ခွင့်ရှိကြောင်းကိုလည်း သိရှိရသည်။
ဗ.က.သများအဖွဲ့ချုပ်သည်
 နှစ်ခြမ်းကွဲသွားခဲ့ပြီး ကျော်ကိုကိုဦးဆောင်သည့် 
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမ္ဂများအဖွဲ့ချုပ် 
ဗဟိုလုပ်ငန်းကော်မတီအား မေ(၂၃)ရက်နေ့တွင် ပြန်လည် ဖွဲ့စည်း ကာ၊ 
ဒီငြိမ်းလင်းဦးဆောင်သည့်   ကျောင်းသားသမဂ္ဂများ 
အဖွဲ့ချုပ်(ဖြစ်မြောက်ရေးကော်မတီ) “က.သ.ဖ”သည် ဇွန်လ(၁)ရက်နေ့တွင် 
ဖွဲ့စည်းခဲ့ကြောင်း သိရှိရသည်။
ထွန်းနေအောင်(မြစ်မခ) 


No comments:
Post a Comment