Saturday, June 9, 2012

လျှပ်စစ်ထောင်ချောက်မိသေဆုံးသူဘက်က ကြံစည်သတ်ဖြက်မှုဖြင့် တရားရင်ဆိုင်မည်

Ever November | 6/09/2012 10:23:00 PM | Best Blogger Tips
လှိုင်သာယာမြို့နယ်တွင် ဖြစ်ပွားခဲ့သော လျှပ်စစ်ထောင်ချောက်မိ သေဆုံးမှုအား သေဆုံးသူဘက်က ကြံစည်သတ်ဖြက်  မှုဖြင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
 
သေဆုံးမှုမှာ တစ်ထိပ်ကွက် ဗိုလ်ချုပ်လမ်းနှင့်သခင်မြလမ်းထောင်ရှိ အမှတ်(၁/၃၅) သမ၀ါယမ ဘိလပ်မြေ ထုတ်လုပ်ရောင်း ၀ယ်ရေး  မှ အုတ်ပုံအနီးရှိ လျှပ်စစ်စီးနေသော သွပ်နန်းကြိုးတစ်မက်လုံးအား ညမိုးရွာသွန်းချိန်၌တက်နင်းမိ၍ သေဆုံးခဲ့ကြောင်း   သေဆုံးသူ၏ဇနီး မနွေးနွေးမြင့်က ပြောသည်။
 
“အဲဒီနေ့က မိုးအရမ်းရွာနေတယ်။ သူက ဖားရိုက်ဖို ဆိုပြီး အပြင်ထွက်သွားတာ။ မနက်ရောက်တော့မှ ရေမြောင်းထဲမှာလဲနေတယ်။” ပာု မနွေးနွေးမြင့်က ပြောသည်။ သေဆုံးသူ၏ ယောက်ဖဖြစ်သူကလည်း သေဆုံးမှုနှင့်ပတ်သက်၍ ယခုကဲ့သို့မှတ်ချက်ပြုသည်။
 
“ဒီလျှပ်စစ်က သမ၀ါယမက ၄ပေချုပ်နဲ့ အုတ်ခိုးမှာစိုးလို့ လွတ်ထားတာပါ။ ဒါကြောင့် ဒါပာာကြံစည် သတ်ဖြက်မှုပဲ။ အရင်ကလည်း သူတို့ အလုပ်သမားလေးငါးယောက်လောက် ဓာတ်လိုက်ဖူးပါတယ်။” ပာု သေဆုံးသူ၏ယောက်ဖ ကိုစံရွှေမြင့်က ပြောသည်။
 
ထိုကြောင့် အဆိုပါလူသေမူသည်  ၃၀၂/က/ခ ကြံစည် သတ်ဖြက်မှုသာဖြစ်သဖြင့် အလိုအလျှောက်သေဆုံးမှု ပုဒ်မ ၃၀၄/က/၁၇၄ မဟုတ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်ကေသီဦးက ပြောသည်။
 
“ဒါကအကျိုးစီးပွားကာကွယ်တာ မပာုတ်တော့ဘူးလေ။ ကြိုတင်ကြံစည်တဲ့ပုံ ပေါက်နေပါတယ်။ သက်သေ အားကောင်းရင်တော့ ဒီအမှုပာာ နိုင်နိုင်ပါတယ်။” ပာု တရားလွှတ်တော် ရှေ့နေဒေါ်ကေသီဦးက ပြောသည်။
 
အဆိုပါ လျှပ်စစ်ထောင်ချောက်မိ၍သေဆုံးမှုနှင့်ပတ်သတ်၍ လှိုင်သာယာရဲစခန်းအားမေးမြန်းရာသေမှုသေခင်း သာ ဖွင့်ထားကြောင်း ကျန်သည့်အချက်များအား တရားရုံး၌သာ ဆက်လက်ဖြေရှင်းသွာကြရမည်ဖြစ်၍မည်သည့် မှတ်ချက်မျိုးမှ   မပေးနိုင်ကြောင်းဆိုသည်။
 
ထို့ပြင် လှိုင်သာယာ တစ်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးဆန်ဦးအား အဆိုပါကိစ္စနှင့် မေးမြန်းရာ ယခုကဲ့သို့ ဖြေကြားခဲ့သည်။ “အခြားလူတွေပါ ဓာတ်လိုက်တယ်ဆိုတဲ့သတင်းက အခုမှသိရတာပါ။”ပာု ဦးဆန်ဦးက ပြောကြားခဲ့သည်။
အဆိုပါ အုတ်ပုံအနီးတွင် ယခင်လအတွင်း၌ ဓာတ်လိုက်မှုဖြစ်ပွားသူ (၃)ဦးခန့်ရှိပြီး ၄င်းတို့မှာ မအိအိခိုင်၊ ကိုအောင်ဋ္ဌေး၊ ကိုအောင်မြင့်ဦး တို့ဖြစ်ပြီး ထိခိုက်ဒဏ်ရာတစ်စုံတစ်ရာမှ မရရှိခဲ့ကြောင်းကိုလည်း စုံစမ်းသိရှိရသည်။
အဆိုပါ လူသေဆုံးမှုမှာ လှိုင်သာယာမြို့နယ် တစ်ထိပ်ကွက် ဗိုလ်ချုပ်လမ်းနှင့်သခင်မြလမ်းထောင်ရှိ အမှတ်(၁/၃၅) သမ၀ါယမ ဘိလပ်မြေထုတ်လုပ်ရောင်းဝယ်ရေးမှ အုတ်ပုံအနီးတွင် မေလ(၂၂)ရက်နေ့ ၊ ည ၈နာရီခွဲက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
စောဇင်ညီ (မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1