Saturday, June 9, 2012

မန်ယူ အသင်း အနေဖြင့် ကာဂါဝါကို ခေါ်ယူရခြင်း အကြောင်းအရင်းများ

Ever November | 6/09/2012 10:46:00 PM | Best Blogger Tips
ဗြိတိန် အခြေစိုက် သတင်းစာ တစ်စောင်ဖြစ်တဲ့ ဒေးလီးမေးလ် သတင်းစား အနေဖြင့် မန်ယူ အသင်းမှ ကာဂါဝါကို ခေါ်ယူရခြင်း အကြောင်းအရင်းများကိုဖော်ပြခဲ့တယ်လို့ သတင်းရရှိပါတယ်။ ကာဂါဝါဟာ မန်
ယူ အသင်းကို ပြောင်းရွှေ့ ရောက်ရှိလာခဲ့ပြီးတဲ့ နောက်မှာတော့ ပရီးမီးယားလိဂ်မှာ ကစားခွင့် ရရှိခဲ့တဲ့ ၅ ဦးမြောက် ဂျပန် ကစားသမား ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ ကာဂါဝါ မတိုင်ခင် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ကစားခဲ့ကြတဲ့ ဂျပန် ကစားသမားတွေကတော့ အီနာမိုတို ၊ နာကာတာ ၊ တော့ဒါ ၊ မီယာအီချီတို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ၅ ဦးမြောက် ဂျပန် ကစားသမား ဖြစ်လာခဲ့တဲ့ ကာဂါဝါကို မန်ယူ အသင်းက ခေါ်ယူရခြင်း အကြောင်းကို ဒေးလီးမေးလ် သတင်းစာက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

မန်ယူ အသင်းဟာ ကာဂါဝါကို အာရှ ဈေးကွက်မှာ နေရာပိုမို ရရှိရေးဆိုတဲ့ စီးပွားရေး ချဲ့ထွင်မှု အပြင် ကာဂါဝါရဲ့ ခြေစွမ်းကြောင့်ပါ ခေါ်ယူခဲ့တာ ဖြစ်ကြောင်းကို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ကာဂါဝါဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဒေါ့မွန် အသင်းကို ချန်ပီယံဆုကို ကာကွယ်နိုင်ရန် စွမ်းဆောင်နိုင်ခဲ့သလို ပထမ အကျော့ ချန်ပီယံဆုကို ဆွတ်ခူးခဲ့ရာမှာလည်း ကာဂါဝါရဲ့ ခြေစွမ်းက အဓိက ကျခဲ့ကြောင်း ၊ ကာဂါဝါဟာ ဒေါ့မွန် အသင်းအတွက် နှစ်ရာသီကြာ ကစားခဲ့ရာမှာတော့ သွင်းဂိုး ၁၆ ဂိုး ရှိခဲ့ပြီး အဆိုပါ သွင်းဂိုးတွေဟာ ဒေါ့မွန် အသင်းရဲ့ အရေးပါတဲ့ ပွဲစဉ်တွေမှာ သွင်းယူခဲ့တဲ့ သွင်းဂိုးတွေ ဖြစ်ကြောင်း ၊ အသင်းဖော်တွေ ဂိုးသွင်းနိုင် အောင်လည်း ဖန်တီးမှုတွေ ပြုလုပ်နိုင်ခဲ့ကြောင်း ၊ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ် ပွဲစဉ်ဖြစ်တဲ့ အာဆင်နယ် အသင်းနဲ့ ပွဲစဉ်မှာလည်း ခြေစွမ်းပြ ဂိုးသွင်း နိုင်ခဲ့ကြောင်း ၊ အဆိုပါ အချက်တွေ အရ ကာဂါဝါကို မန်ယူ အသင်းက စိတ်ဝင်စားလာအောင် စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ကြောင်း ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ကာဂါဝါဟာ မန်ယူ အသင်း နည်းပြ ဖာဂူဆန် လာရောက် ကြည့်ရှုခဲ့တဲ့ ဂျာမန် ပိုကယ် ဖလား ပွဲစဉ်မှာတော့ အသင်းရဲ့ ကွင်းလယ် တစ်လျှောက်မှာ အကောင်းဆုံး ရွှေ့လျား ကစားပြနိုင်ခဲ့သလို အသင်း အတွက်လည်း ဂိုးတစ်ဂိုး သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ကာဂါဝါဟာ ဂျပန် လက်ရွေးစင် အသင်းမှာလည်း အားထားရတဲ့ ကစားသမား တစ်ဦးဖြစ်ပြီး ဂျပန် အသင်းအတွက် ပါဝင်ကစားခဲ့တဲ့ ပွဲစဉ်တွေမှာလည်း ၃ ပွဲ ကစားပြီးတိုင်း ဂိုးတစ်ဂိုး သွင်းယူနိုင်တဲ့ ကစားသမား ဖြစ်ကြောင်း ၊ ကာဂါဝါဟာ တိုက်စစ် အားသန်တဲ့ ကွင်းလယ် ကစားသမား ဖြစ်သလို တိုက်စစ်မှူး နေရာနဲ့ တောင်ပံ ကစားသမား နေရာတွေမှာလည်း ကောင်းမွန်စွာ ကစားနိုင်ကြောင်း အစရှိသဖြင့် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် နည်းပြ ဖာဂူဆန်ကလည်း ကွင်းလယ် ကစားသမား ပေါလ်စခိုးရဲ့ နေရာကို အစားထိုး လိုနေကြောင်း ၊ ဖာဂူဆန်ဟာ ယခင်ကလည်း အာရှ ကစားသမား တစ်ဦးဖြစ်တဲ့ ပတ်ဂျီဆန်ကိုလည်း ခေါ်ယူခဲ့ဖူးသလို ပတ်ဂျီဆန်ဟာလည်း အသင်းမှာ ခြေစွမ်း ပြသနိုင်ခဲ့ကြောင်း ၊ အသင်းရဲ့ အရေးပါတဲ့ ပွဲစဉ်တွေမှာလည်း ဂိုးသွင်းယူပေးနိုင်ခဲ့ကြောင်း ၊ ဒါကြောင့် ဖာဂူဆန်က ကာဂါဝါကိုလည်း ပတ်ဂျီဆန် နည်းတူ အသုံးပြုဖို့ ရည်ရွယ်ပြီး ခေါ်ယူခဲ့တာ ဖြစ်ကြောင်း ၊ ဖော်ပြောခဲ့တာ ဖြစ်ပါတယ်။ နောက်ဆက်တွဲ ဖော်ပြချက်မှာတော့ ကာဂါဝါဟာ  လက်ရှိ ခြေစွမ်းအရ မန်ယူ အသင်းမှာ ပတ်ဂျီဆန်ထက် ပိုမို နေရာရဖွယ် ရှိကြောင်းကိုလည်း သတင်းရရှိပါတယ်။
MRTV4

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1