Saturday, June 9, 2012

တောင်းဆိုချက်(၉)ရပ်နှင့် ရွှေတိဂုံဆုတောင်းဆန္ဒထုတ်ဖော်ပွဲ

Ever November | 6/09/2012 09:58:00 PM | Best Blogger Tips
ရန်ကုန်မြို့ဗဟန်းမြို့နယ် ရေတာရှည်လမ်းတွင်းရှိ ဓညဝတီစာသင်တိုက်အတွင်းတွင် ရခိုင်လူမျိုးများက စုဝေးခဲ့ကာ အများစုမှာနဖူးစည်းအဖြူရောင်များနှင့် စာတမ်းများကို ကိုင်ဆောင်ထားကြသည်။

အဆိုပါ ရခိုင်လူမျိုးအယောက် (၃၀၀) ကျော်မှာ ရွှေတိဂုံဘုရားပေါ်သို့ တက်ရောက်ဆန္ဒခဲ့ကြပြီး ရခိုင်လူမျိုး အကြီးအကဲများ ဘုန်းကြီးများက ကျောင်းတိုက်တံခါးကို ပိတ်၍တားဆီးခဲ့သော်လည်း တားဆီမရခဲ့ပေ။


ရွှေတိဂုံဘုရားတွင် ရခိုင်လူမျိုးဦးရေ ၃၀၀ ၀န်းကျင်ခန့် လေးဦးတစ်တွဲနှုန်းဖြင့် 'ရခိုင်ပြည်ကို ကာကွယ်ပါ' ။ 'တစ်မျိုးသားလုံးကို ကာကွယ်ပါ' စာတမ်းများ ကိုင်ဆောင်ပြီး ရွှေတိဂုံဘုရားရင်ပြင်ပေါ်တွင် လက်ယာရစ် ဆုတောင်း လှည့်လည့်ခဲ့သည်။ ဆုတောင်းလှည့်လည်သူများထဲက တစ်ဦးက ယခုကဲ့ဆိုသည်။
“ကျွန်တော်ရခိုင်တွေအပေါ် နိုင်ငံခေါင်းဆောင်တစ်ဦးပြောတဲ့ လူများစုက လူနည်းစုကို ညင်းပန်းတယ် ဆိုတာ ကန့်ကွက်ပါတယ်။ အခု ကျွန်တော်တို့က လူနည်းစုပါ။”ရခိုင်အမျိုးသာတစ်ဦးကပြောသည်။

ရခိုင်လူမျိုးများက “ဘင်္ဂလီလူမျိုး လေးသိန်း၏ အကြမ်းဖက်မှုများကို တားဆီးပေးပါ။ မုဒိန်းကျင့်သူနှင့် အကြမ်းဖက်သူများအား လူထုရှေ့၌ အပြစ်ပေးပါလှုံဆော်သူ ကျူးလွန်သူ ဘင်္ဂလီလူမျိုး များအား အပြစ်ပေးပါ တရားမ၀င် ၀င်ရောက်လာ သောဘင်္ဂလီများအား အမြန်ထုတ်ဖော်၍ ဖမ်းဆီးပေးပါ။ မြန်မာနိုင်ငံသားများအသိ သတိဖြင့် ပူပေါင်းဆောင်ရွက်ပေးပါ ။လက်ရှိအခြေအနေကို ချက်ချင်းထိန်းသိမ်း ပေးပါ။ တရားမ၀င် နေထိုင် သော ဘင်္ဂလီ များအား ရခိုင်ပြည်မှ နှင်ထုတ်ပေးရန်။” စသည်တို့ တောင်းဆိုမှု များအား အစိုးရထံသို့ ဆန္ဒထုတ်ဖော်သူတို့က  တောင်းဆိုခဲ့သည်။

အဆိပါထုတ်ပြန်ချက်(၉)ရပ် ထုတ်ပြန်ပြီးနောက် ရွှေတိဂုံစေတီသို့ တန်းစီတက်ရောက်ပြီး ယခုရက်ပိုင်းအတွင်း ရခိုင်တွင် သေဆုံးသွားသူ မသီတာထွေးနှင့် မောင်တောမြို့မှ ရခိုင်အမျိုးသားများအတွက် ရွှေတိဂုံစေတီ ဗုဒ္ဓဟူး နံထောင့်တွင် ဆုတောင်းကြသည်။

“ကျွန်တော်တို့ ပြည်တွင်း စစ်မဖြစ်စေချင်ပါဘူး။ဒါကြောင် အစိုးရအနေနဲ့  ဘင်္ဂလီတွေကို တိုင်းပြည်က ရခိုင်ပြည်က အမြန်ဆုံးနှင်ထုတ် ပေးစေချင်ပါတယ်။”ပာု ရခိုင်အမျိုးသား ကိုထွန်းကျော်ကပြောသည်။

ရွှေတိဂုံဘုရားပေါ်တွင် ၃နာရီ ၃၅ မှ ၄နာရီ ၄၀ ၀န်းကျင်ထိ ဘုရားပေါ်တွင် ငြိမ်းချမ်းစွာစုဝေး လှည့်လည်ကာ မေတ္တာပို့ခဲ့၍ ငြိမ်းချမ်းစွာဖြင့် ပြန်လည်ဆင်းသွားကြသည်။
စောဇင်ညီ(မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1