Saturday, June 9, 2012

ဝက်စ်ဘရွန်း နည်းပြသစ် ဖြစ်လာသည့် ကလပ်

Ever November | 6/09/2012 04:27:00 PM | Best Blogger Tips
လီဗာပူးလ် အသင်း လက်ထောက် နည်းပြဟောင်း စတိကလပ်ဟာ ၀က်စ်ဘရွန်း အသင်းရဲ့ နည်းပြသစ် ဖြစ်လာကြောင်းကို သိရှိရပါတယ်။ ကလပ်ဟာဗုဒ္ဓဟူး နေ့က လီဗာပူးလ် အသင်းက ထွက်ခွာခဲ့တာ ဖြစ်ပြီး မနေ့က ၀က်စ်ဘရွန်း အသင်းရဲ့ ကလပ်ဟာ နယူးကာဆယ် ၊ ၀က်စ်ဟမ်းနဲ့ ချဲလ်ဆီး အသင်းတို့မှာ လက်ထောက်နည်းပြ အဖြစ် ဆောင်ရွက်ခဲ့ပြီး ပထမဆုံး နည်းပြ ရာထူးကို ၀က်စ်ဘရွန်း အသင်းနဲ့ စတင်မှာလည်း ဖြစ်ပါတယ်။

စတိကလပ်က ပြောကြားခဲ့ရာမှာတော့ မိမိဟာ ၀က်စ်ဘရွန်း အသင်းကို ရလဒ်ကောင်းတွေ ရရှိအောင် ပြုလုပ်ပေးသွားမှာ ဖြစ်ကြောင်း ၊ ပထမဆုံး နည်းပြအဖြစ် ဆောင်ရွက်ရတဲ့ အတွက် ပျော်ရွှင်မိကြောင်း သိရှိရပါတယ်။ ၀က်စ်လရွန်း အသင်း အားကစား ဒါရိုက်တာ အက်စ်ဝတ်က   မိမိတို့ အသင်းရဲ့ အနာဂါတ်ကို စတိကလပ် အနေနဲ့ ပြုပြင်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း ၊ အသင်း နည်းပြဟောင်း ရွိုင်းဟော့ဆန် အသင်းက ထွက်ခွာသွားပြီး နောက်ပိုင်း အသင်းအတွက် အရေးပါတဲ့ နည်းပြ တစ်ဦးကို ရှာဖွေခဲ့ကြောင်း၊ သူဟာ အသင်းအတွက် အကောင်းဆုံး လုပ်ဆောင်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း ၊ သူဟာ ထိပ်တန်း နည်းပြတွေရဲ့ လက်အောက်မှာ လက်ထောက်နည်းပြ အဖြစ် ပြုလုပ်ခဲ့တာ သူကို အတွေ့အကြုံ ကောင်းတွေ ရရှိစေခဲ့ကြောင်း ၊ သူဟာ အမြဲတမ်း အောင်မြင်မှုတွေကို ဆာလောင်နေတဲ့ နည်းပြတစ်ဦး ဖြစ်ကြောင်း ပြောကြား သွားခဲ့ပါတယ်။
MRTV4

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1