Saturday, June 9, 2012

တစ်သောင်းတန်ထွက်ရှိလာခြင်းကြောင့် ရန်ကုန်အိမ်ခြံမြေဈေးမြင့်တက်လာမည်ကို စိုးထိတ်နေကြ

Ever November | 6/09/2012 04:20:00 PM | Best Blogger Tips
ရန်ကုန်မြို့နေရာတော်တော်များများတွင် ငြိမ်သက်လျက်ရှိသော အိမ်ခြံမြေဈေးကွက်မှာ လူမျိုးမရွေး၊ ဘာသာမရွေး   နေထိုင်နိုင်သော   နေရာများတွင် အရောင်းအ၀ယ်ဖြစ်လျက်ရှိကြောင်း အိမ်ခြံမြေအကျိုး ဆောင်များက သိရှိရသည်။
 
ငွေကျပ် တစ်သောင်းတန်ထွက်ရှိလာခြင်းနှင့်အတူ အိမ်ခြံမြေဈေးများ ယခုထက်ပိုမိုဈေးတက်လာ မည်ကို အိမ်ခြံမြေရောင်းဝယ်သူများ စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရှိရသည်။
 
“ဇွန်လ(၁၅)ရက်နေ့ရက်မှာ ပိုက်ဆံတစ်သောင်းတန်ထွက်မယ်ဆိုတော့ ကျွန်တော်တို့တွေက နဲနဲတော့ စိုးရိမ်တာပေါ့။ လူတွေက ပိုက်ဆံအသစ်ဆိုရင် သိပ်ပြီးလက်ထဲမှာ မထားချင်တော့ ရင်းနှီးမြှပ်နှံလို့ရတဲ့ နေရာတွေမှာ သုံးလာကြတယ်၊ ဒါကြောင့်လူတွေ ပိုကြိုက်လေ ဈေးကပိုတက်လေပဲ”ဟု အိမ်ခြံမြေ ရောင်းဝယ်သူ ဦးသောင်းညွှန့်က ဆိုသည်။
 
လက်ရှိအချိန်သည် မိုးတွင်းနှင့်ဝါတွင်းကာလဖြစ်သည့်အလျောက် အရောင်းအ၀ယ်ငြိမ်သက်နေ သော်လည်း လူမျိုးမရွေး၊ ဘာသာမရွေး နေထိုင်နိုင်သော နေရာများတွင် အရောင်းအ၀ယ်ဖြစ်လျက် ရှိကြောင်း သိရှိရသည်။
 
 “အခုတလောကတော့ အိမ်ခြံမြေဈေးကွက်က မိုးတွင်းကာလ၊ ၀ါတွင်းကာလတွေ ဆိုတော့ အခြား ကာလတွေထက် ပိုပြီး အရောင်းအ၀ယ်ငြိမ်နေတယ်၊ ပြီးတော့ လူမျိုးမရွေး၊ ဘာသာမရွေး နေထိုင်နိုင် တဲ့ နေရာတွေကတော့ အခြားနေရာတွေ ထက်ပိုပြီးတော့အရောင်းအ၀ယ်ဖြစ်တာပေါ့”ဟု အိမ်ခြံမြေ အကျိုးဆောင် ဒေါ်ချိုချိုမာကပြောသည်။
 
ကားဝယ်ရောင်းလုပ်နေသူများ ကားဈေးကွက် ပျက်သွားသဖြင့် အိမ်၊ ခြံ၊ မြေ ရောင်းဝယ်ရေးဘက်သို့ ဦးလှည့် လာသည်ဟု ကြားသိ ရသော်လည်း ၄င်းတို့အနေဖြင့် ကားဝယ်ရောင်းလုပ်ငန်း၌ အရှုံးပေါ် နေခြင်း၊ ရင်းနှီးမြှုပ်နှံ ထားမှုမှ ချက်ချင်း  ငွေပြန် မပေါ် လာခြင်း တို့ကြောင့် အိမ်၊ ခြံ၊ မြေ ဈေးကွက် အတွင်းသို့ လောလောဆယ်ထဲထဲဝင်ဝင် ဝင်ရောက်လာခြင်း မရှိသေးကြောင်းကိုလည်း သိရှိရသည်။
 
“အိမ်၊ ခြံ ၊ မြေ ဈေးကွက်အေးနေရတာဟာ ကျွန်တော်အမြန်ပြောရင် နိုင်ငံရေးနဲ့လည်းဆိုင်မယ် ပြီး တော့ ကာဈေးကွက်ကလည်း မတီငြိမ်ဘူးလေ အဲဒါကြောင် စီးပွားရေးလုပ်ငန်းရှင်များကလည်း အိမ်၊ ခြံ၊ မြေ ဈေးကွက်ကို ဆောင့်ကြည့်နေတာဖြစ်တယ် ” ဟု  3 Star အိမ်၊ ခြံ၊ မြေ ရောင်းဝယ်ရေးမှာ ဦးကိုကိုကြီးက ပြောသည်။
 
ရန်ကုန်မြို့လယ်တွင် အိမ်ခြံမြေတွေထက် ပိုမိုအရောင်းအ၀ယ် သွက်နေသော တိုက်ခန်းများမှာ အရင် ကထက် ဈေးပိုတက်သွားကြောင်း သိရှိရသည်။
 
“ကားဈေးတွေက ကျနေတော့လူတွေက အိမ်တွေဘက်ကို လှည့်လာတယ်၊အခုဆိုရင် (၈)လွှာ တစ် ခန်းကို သိန်း(၁၀၀)၀န်းကျင်၊ (၇)လွှာကိုသိန်း(၁၁၅)သိန်း၊ (၆)လွှာကိုသိန်း(၁၃၀)၊ (၅)လွှာကို သိန်း (၁၄၅)၀န်းကျင်၊ (၄)လွှာကိုသိန်း(၁၆၀)၀န်းကျင်၊(၃)လွှာ ကိုသိန်း(၁၇၅)၀န်းကျင်၊(၂)ကိုသိန်း(၁၉၀၊၂၀၀)လောက်ရှိတယ်၊ပြီးတော့ မြေညီထပ်တွေကတော့ အမြင့်ပေရှိရင် ရှိသလို ပိုဈေးမြင့်တာတယ်၊ အမြင့်ပေ ဆိုတာက ထပ်ခိုးတင်ရင် တင်သလောက်ပေါ့”ဟု တာမွေမြို့နယ်မှ အိမ်ခြံမြေရောင်းဝယ်သူ ဦးသောင်းညွန့်က ဆိုသည်။
 
ရန်ကုန်မြို့၌ အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ လောလောဆယ် တည်ငြိမ်လျက်ရှိသော်လည်း လုံးခြင်း တိုက်ခန်း ၀ယ်လက်မှာ   ငွေကြေးတတ်နိုင်သူများဖြစ်သဖြင့် လမ်းပမ်းဆက်သွယ်ရေးအချက် ကျသည့် နေရာများတွင် ပိုမိုအရောင်းအ၀ယ်ဖြစ်ကြောင်း သိရှိရသည်။
 
“ခြံတွေ၊မြေတွေထက် တိုက်ခန်းတွေကတော့ အငှားများတယ်။ လုံးချင်းအိမ်၊ခြံ တွေကတော့ ပိုက်ဆံရှိ အသိုင်းအ၀ိုင်းကပဲ ၀ယ်တာ များတယ်။ နေရာတော်တော်များများမှာတော့ လူတွေက ရေ၊မီး အပြည့် အစုံ ပါပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်တဲ့နေရာတွေမှာ ပိုပြီးတော့ ၀ယ်ချင်၊ ငှားချင်ကြတယ် လို့ ပြောရမှာပဲ။ ဥပမာ ဈေးတို့၊ ကျောင်းတို့နဲ့နီးတဲ့နေရာတွေမှာပေါ့” ဟု ဦးသောင်းညွန့်က   ပြောသည်။
 
ကွန်ဒိုတိုက်ခန်းများအနေဖြင့် လမ်းပန်းဆက်သွယ်ရေးနှင့် ဝန်ဆောင်မှုကောင်းသော၊ လုံခြုံမှု၊ လျှပ်စစ်၊ သန့်ရှင်းမှုသာလွန်သော ကွန်ဒိုတိုက်ခန်းများမှာ ပို၍ ဈေးကောင်းကြောင်: သိရှိရသည်။
 
 အိမ်၊ ခြံ၊ မြေဈေးအနေဖြင့် ဝယ်ယူသူများက စီးပွားရေးလုပ်ဖို့ ကောင်းသည့်နေရာ၊ လုပ်ငန်းလုပ်ဖို့ ကောင်းသည့်နေရာ၊ ငွေရှာ၍ လွယ် သည့်နေရာများကို ဝယ်ယူလာကြကြောင်း၊ ဥပမာအားဖြင့် ရွှေတောင်ကြားလမ်းမှ အိမ်၊ ခြံ၊ မြေဈေးနှင့် သင်္ဃန်းကျွန်းစံပြဈေးနားက အိမ်၊ ခြံ၊ မြေဈေးမှာ အတူတူ လောက်ရှိနေကြောင်း၊ ယုဇနပလာဇာအနီးရှိ မြေညီထပ်တိုက်ခန်းများ ဈေးသည်လည်း ထိုနည်းတူဖြစ်ကြောင်း   ဈေးကွက်အတွင်းက သိရှိရသည်။
 
အိမ်၊ ခြံ၊ မြေဈေးနှုန်းအနေဖြင့် ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းမတို့မှ အိမ်၊ ခြံ၊ မြေဈေးနှုန်းမှာ အမြင့်ဆုံးဖြစ်နေပြီး   ရောင်းသူရှား ပါးနေကြောင်း အကျိုးဆောင် လုပ်ငန်များမှာ သိရှိရသည်။
 
 “ ၀ယ်သူတွေအနေဖြင့် ဈေးကွက်တည်ငြိမ်မှုကိုသာ လိုလားတယ်၊ ဈေးကွက် လှုပ်လှုပ်ခတ်ခတ် ဖြစ်လာရင် လုပ်ကိုင်လို့ မကောင်းတော့ ဘူး   ဈေးကွက်တည်ငြိမ်မှ ရောင်းသူကလည်း တကယ်ရောင်း ပြီး ဝယ်သူကလည်း ဝယ်တယ်”ဟု  ၀ါရင့်အကျိုးဆောင် တစ်ဦးက သုံးသပ်ပြောကြားသည်။
 
အိမ်၊ ခြံ၊ မြေ ဝယ်ယူသူများအား သတိပေးလိုသည်မှာ ဝယ်ပြီးနောက်မှ အရှုပ်အရှင်းများ ဖြစ်ပေါ်တတ် သဖြင့် ဝယ်ယူပါက နားလည်တတ် ကျွမ်းသူများအား ခေါ်သွားရန်နှင့် ပိုင်ဆိုင်မှုကို သေချာစွာ စစ်ဆေး ပြီးမှ ဝယ်ယူသင့်ကြောင်း  မော်ဒန် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်မှ မဝေ က အကြံပြုပြောဆိုခဲ့ သည်။
ဥာဏ်ဥာဏ်+ဝေယံမိုးဦး (မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1