Friday, June 8, 2012

ယူရို ၂၀၁၂ ပြိုင်ပွဲတွင် အင်္ဂလန် အနေဖြင့် မျှော်လင့်ချက် နည်းပါးနေ

Ever November | 6/08/2012 01:03:00 PM | Best Blogger Tips
မကြာသေးမီက ပြုလုပ်ခဲ့သည့် ဘောလုံး ပြိုင်ပွဲများထက် စာပါက အင်္ဂလန်တို့ အနေဖြင့် ယူရို ၂၀၁၂ ပြိုင်ပွဲကို မျှော်လင့်ချက် အနည်းငယ်ဖြင့်သာ
ဝင်ရောက် ယှဉ်ပြိုင်ရမည့် အနေအထားတွင် ရှိနေပြီ ဖြစ်သည်။ ကမ္ဘာ့ အဆင့်မီ ကစားသမားများ နည်းပါးနေခြင်းနှင့် မန်နေဂျာ အသစ်ကို ခန့်အပ်ထားသည်မှာလည်း မကြာသေးခြင်း တို့ကြောင့် အင်္ဂလန်တို့ အနေဖြင့် ယခုလို မျှော်လင့်ချက် ကျဆင်းနေရခြင်း ဖြစ်သည်။

အင်္ဂလန် အသင်း၏ မန်နေဂျာ အသစ်ဖြစ်သော Roy Hodgson  မှာ ယခင် မန်နေဂျာဟောင်း Fabio Capello  အနေဖြင့် အသင်းခေါင်းဆောင် အရေးနှင့် ပတ်သက်ပြီး ရာထူးမှ နုတ်ထွက်လိုက်ပြီး အချိန် အနည်းငယ်သာ ကြာအပြီးတွင် ယခုလို အသစ် ဝင်ရောက်လာခြင်း ဖြစ်သည်။ Hodgson မှာ ယခင် အသင်းသားဟောင်းများထဲမှ အများစုကို ပြန်လည် ရွေးချယ်ထားပြီး ၎င်းအနေဖြင့် ယခု အသင်းမှာ လွယ်လွယ်ကူကူ ကိုင်တွယ်နိုင်ရန် အတွက် နေရာချထားရေး လုပ်ငန်းများမှာ မလွယ်ကူသည်ကို မိမိ အနေဖြင့် မငြင်းလိုကြောင်းနှင့် အချိန်ယူပြီး စဉ်းစားမှုများကို ပြုလုပ်ခဲ့ရကြောင်း သို့ရာတွင် မိမိအနေဖြင် ယခု ရလာဒ်အတွက် ပျော်ရွှင်ရပါကြောင်းကိုလည်း ပြောကြား သွားခဲ့သည်။
channelnewsasia.com

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1