ကြောင်း ရန်ကုန်ရွှေဈေးကွက်အတွင်းက စုံစမ်း သိရှိရသည်။
“ကမ္ဘာ့ရွှေဈေးက
နေ့စဉ် အတက်အကျ ကြမ်းတယ်။ တစ်နေ့တစ်နေ့ကို ဒေါ်လာ နှစ်ဆယ်ကျော်
သုံးဆယ်လောက် အတက်အကျဖြစ်နေတာ။ ဒါပေမယ့် ပြည်တွင်းမှာတော့ သိသိသာသာ ဈေးတက်
တာမျိုးမရှိပါဘူး။ ဇွန်လဆန်းပိုင်းလောက်ကမှ ခုနှစ်သိန်းကျော်ကို
ပြန်တက်လာတာ”ဟု “ရတနာ” စိန်၊ ရွှေ လက်ဝတ်ရတနာအရောင်းဆိုင်မှ
မမြင့်မြင့်စန်းက ပြောသည်။
ပြည်တွင်းရွှေဈေးနှုန်းသည်
မတ်လနောက်ဆုံးပတ်မှ မေလ (၁၁) နေ့အထိ တစ်ကျပ်သားလျှင် ကျပ်ငွေ
ခုနှစ်သိန်းအထက်နှင့် အရောင်းအဝယ် တည်ငြိမ်နေခဲ့ရာမှ မေလလလယ်ပိုင်းတွင်
ကျပ်ငွေ ခုနှစ်သိန်းအောက်သို့ ရောက်ရှိခဲ့ကာ ဇွန်လလဆန်းပိုင်း ကျပ်ငွေ
ခုနှစ်သိန်းကျော်သို့ ပြန်လည်ရောက် ရှိသည်အထိ ပုံမှန်အနေအထားဖြင့်သာ
အရောင်းအဝယ်ရှိနေကြောင်း ရတနာရွှေအရောင်းဆိုင်က စုံစမ်းသိရသည်။
“ရွှေဈေး
ခုနှစ်သိန်းကျော်ပြန်မြင့်တက်လာပေမယ့် အရမ်းကြီးတက်တာ မဟုတ်ပါဘူး။
ခုနှစ်သိန်း တစ်သောင်း ဝန်းကျင်လောက် မှာပဲ ဈေးဖြစ်နေတာ။ အရောင်းအဝယ်ကလဲ
ပုံမှန်အနေအထားပါပဲ”ဟု Gold Star ရွှေဆိုင်မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
မတ်လလဆန်းပိုင်းအတွင်းက
ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၇၀၀) ကျော် သည် အထိမြင့်တက်
ခဲ့သည့် အတွက် ပြည်တွင်းရွှေဈေးကွက်အတွင်း ရွှေတစ်ကျပ်သားလျှင်
(၇၆၀၀၀၀)ကျပ် အထိ မြင့်တက်ခဲ့သည်။
ထိုစဉ်က
ရွှေဈေးကွက်မှာ ဝယ်လိုအားထက် ရောင်းအားမြင့် တက်ခဲ့ပြီးနောက်
၎င်းလလယ်ပိုင်းတွင် ကမ္ဘာ့ရွှေဈေးနှင့်အတူ ပြည်တွင်းရွှေဈေးနှုန်းများပါ ၁၀
ရာခိုင် နှုန်းကျော် ကျဆင်းခဲ့ပြီး အရောင်းအဝယ် ပုံမှန်ပြန်ဖြစ်လာသည်ဟု
ရန်ကုန်ရွှေကုန် သည်ကြီးများက ဆိုသည်။
၂၀၁၂
ခုနှစ် နှစ်လယ်ပိုင်းအထိ ပြည်တွင်းရွှေဈေးအပြောင်းအလဲသည် မတ်လပိုင်းတွင်
အတက်အကျ ကြမ်းခဲ့သောကြောင့် ရွှေဝယ်ယူစုဆောင်းသူတချို့မှာ
နစ်နာမှုများကြုံတွေ့ခဲ့ကြကြောင်းကိုလည်း သိရှိ ရသည်။
‘’ဒီလပိုင်းတွေမှာ
ရွှေဈေးက ၆သိန်းအောက်ဆိုရင်လည်း ခပ်ပါးပါးပဲ၊ ၇သိန်းအထက်ဆိုရင်လည်း
ခပ်ပါးပါးပါပဲ၊ အတတ်အကျ ညင်သာတယ်’’ဟု အမှတ်(၆)ရပ်ကွက်ပြည်ရိပ်မွန်အိမ်ယာက
ရွှေပန်းထိမ်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
ဇွန်လ
(၈)ရက်နေ့အထိ ပြည်တွင်းအခေါက်ရွှေ (၁၆ ပဲရည်) တစ်ကျပ်အသားလျှင်
ကျပ်ငွေ(၇၀၉၅၀၀) ရှိနေပြီး၊ (၁၅ ပဲရည်) တစ်ကျပ်သားလျှင်
ကျပ်ငွေ(၆၆၅၀၀၀)နှင့် ကမ္ဘာ့ရွှေဈေးတစ်အောင်စလျှင်
အမေရိကန်ဒေါ်လာ(၁၅၈၀)ဝန်းကျင်ရှိနေသည်။
ရန်နိုင်(မြစ်မခ)
No comments:
Post a Comment