Saturday, June 9, 2012

ထားဝယ်စီမံကိန်း ဆုံးဖြတ်ရန် အရေးကြီး အချိန်ရောက်ဟု ဝန်ကြီးပြော

Ever November | 6/09/2012 02:21:00 PM | Best Blogger Tips
ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ပတ်သက်၍ ဆုံးဖြတ်ရန် အလွန်အရေးကြီးသည့် အလှည့်အပြောင်း အခြေအနေသို့ ရောက်ရှိနေပြီဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ၊ စက်မှုဝန်ကြီး ဦးစိုးသိန်းက Bangkok Post သတင်းစာသို့ မကြာသေးခင်က ပြောကြားခဲ့ကြောင်း သိရသည်။

“တကယ်လို့ စီမံကိန်းကို လုပ်ကိုင်ဆောင်ရွက်နေတဲ့ Italian-Thai ကုမ္ပဏီ အနေနဲ့ အဲဒါကို လုပ်နိုင်စွမ်းရှိရင် သူတို့ လုပ်ကိုင်ဆောင်ရွက်သင့်ပါတယ်။ တကယ်လို့ မလုပ်နိုင်ဘူးဆိုရင်တော့ ကျနော်တို့ ပြန်လည် သုံးသပ်ရပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်း က မြန်မာ့ ကမ်းရိုးတန်းရှည်သည်နှင့်အမျှ ရေနက်ဆိပ်ကမ်းများ အများအပြား တည်ဆောက်နိုင်သေးကြောင်း Bangkok Post ကို ထပ်လောင်းပြောဆိုလိုက်သည်။
“ထားဝယ်က အထူးစီးပွါးရေးဇုန် တခုပါ။ ပြီးတော့ ဧရိယာအသစ်ဖြစ်တဲ့သီလဝါမှာလည်း ရေနက်ဆိပ်ကမ်း တခု ပါဝင်မှာ ဖြစ်ပေမယ့် (ထားဝယ်နဲ့တော့) ဘယ်လိုမှ ယှဉ်လို့ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကမ်းရိုးတန်းဟာ ကီလိုမီတာ ၁,၂၀၀ ကျော်တဲ့အတွက် ကျနော်တို့ဟာ ရေနက်ဆိပ်ကမ်းတွေ အများကြီး တည်ဆောက်နိုင်ပါတယ်” ဟု ဦးစိုးသိန်း က ဆိုသည်။

 
ထိုသတင်းသည် ဘန်ကောက်မြို့ရှိ သတင်းရပ်ကွက်များအား အနည်းငယ် အံ့အားသင့်စေခဲ့သည်။ ဘန်ကောက် ရပ်ဝန်းအနေဖြင့် ထားဝယ်စီမံကိန်း၏ အလားအလာကို သံသယ ရှိနေခဲ့ကြသည်။

စီမံကိန်းသည် တနင်္သာရီတိုင်း၊ သာဂရမြို့ဟောင်းအနီး တည်ရှိကာ ထားဝယ်မြို့ အနောက်မြောက်ဘက် မိုင် ၂ဝ ခန့်အကွာရှိ ရေဖြူမြို့နယ်၊ နဖူးလယ်ကျေးရွာအနီးတွင် ရှိသည်။ ၂ဝ၁ဝ ခုနှစ်တွင် ၇၅ နှစ် လုပ်ငန်း လုပ်ကိုင်ခွင့် သဘောတူစာချုပ် ချုပ်ဆိုထားခြင်း ဖြစ်သည်။ စီမံကိန်းကို ၂၀၁၄ ခုနှစ်အထိ ငါးနှစ်စီမံကိန်းအဖြစ် ပထမအဆင့်၊ ၂၀၁၄ မှ ၂၀၁၇ ထိ ဒုတိယအဆင့်၊ ၂၀၁၅ မှ ၂၀၁၉ ထိ တတိယအဆင့်ဟူ၍ သတ်မှတ် အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။

ထားဝယ်ဖွံ့ဖြိုးရေး စီမံကိန်းတွင် ရေနက်ဆိပ်ကမ်း၊ သင်္ဘောတည်ဆောက်ရေး လုပ်ငန်းများ၊ သင်္ဘော ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများနှင့် စက်ပစ္စည်းများ၊ ရေနံချက်စက်ရုံ နှင့် ဓာတ်ငွေ့သန့်စင်စက်ရုံ အပါအဝင် ရေနံဓာတုလုပ်ငန်းများ၊မော်တော်ကားနှင့် အထည်ချုပ်စက်ရုံကဲ့သို့ အလတ်စားနှင့် အသေးစား စက်မှုလုပ်ငန်းများပါဝင်မည် ဖြစ်သည်။

ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးနှင့် စက်မှုဇုံတည်ဆောက်ရေးတွင် အဆင့် ၃ ဆင့် ပါဝင်မည် ဖြစ်သည်။ ပထမအဆင့်တွင် ထားဝယ်မှ အခြား အရှေ့တောင်အာရှ နိုင်ငံများသို့ ဆက်သွယ်မည့် ၈ လမ်းသွား လမ်းမကြီး နှင့် ထိုင်းနိုင်ငံ ကန်ချနဘူရီ ပြည်နယ်ကို ဆက်သွယ်ပေးမည့် ရထားလမ်း ဖောက်လုပ်ရေးတို့ ပါဝင်သည်။ ဗီယက်နမ် နိုင်ငံ ဟိုချီမင်းမြို့မှ မြန်မာနိုင်ငံအထိရောက်မည့် တိုးချဲ့မဲခေါင်ဒေသ စီမံကိန်း (Greater Mekong Subregion)
တောင်ဘက် စီးပွားရေးစင်္ကြံ လမ်းမကြီး၏ တစိတ်တပိုင်း ဖြစ်လာပေတော့မည်။
ဒုတိယနှင့် တတိယအဆင့်များတွင် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးနှင့် စက်မှုလုပ်ငန်းများ ထူထောင်ရေးတို့ ပါဝင်မည် ဖြစ်သည်။ ဤသို့ဆိပ်ကမ်းအ ဆင့်မြှင့်တင်မှုလုပ်ငန်းများပြီးလျှင် ထိုင်း၊ တရုတ်၊ ဗီယက်နမ် နှင့် လာအိုသို့ ကုန်စည်တင်ပို့ရာတွင်  မလက္ကာရေလက်ကြားဖြတ်ရန် မလိုတော့၍ ပျမ်းမျှ ၁၀ ရက်ခန့် အချိန်သက်သာသွားမည်ဖြစ်သည်။

ITDကုမ္ပဏီက၎င်းတို့၏ ရေရှည်ဘဏ္ဍာရေးစီမံကိန်းများကို၂၀၁၂ခုနှစ်မကုန်မီအပြီးသတ် ရေးဆွဲနိုင်တော့
မည်ဟု ကုမ္ပဏီ ဥက္ကဋ္ဌ Premchai Karnasuta ကဧပြီလကုန်ပိုင်းတွင် ပြောကြားခဲ့သည်။

စီမံကိန်းအတွက်ITDက ဒေါ်လာသန်းပေါင်း၈,၅၀၀ရင်းနှီးမြှုပ်နှံသွားမည်ဟုဇန်နဝါရီလပိုင်းက ပြောဆို
ခဲ့သော် လည်း မဂ္ဂါဝပ် ၄,၀၀၀ ထုတ်လုပ်မည့် ကျောက်မီးသွေးသုံးဓါတ်အားပေးစက်ရုံအား မြန်မာအစိုး
ရက ရုတ်ချည်း ရပ်ဆိုင်းလိုက်သည်။

စင်္ကာပူနိုင်ငံတွင် ပြုလုပ်သည့် ကွန်ဖရင့်တခုတွင် ခရီးသွားလုပ်ငန်းနှင့် သဘာဝသယံဇာတ ကဏ္ဍများရင် ရင်းနှီးမြှုပ်နှံကြရန် စက်မှုဝန်ကြီးက ဖိတ်ခေါ်လိုက်သည်။

“ကျနော်တို့အနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို အလေးအနက်ကို ဖိတ်ခေါ်လိုပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေကို ချစ်ကြည်တဲ့ ဥတုအနေအထားဖြစ်ဖို့ လိုအပ်တဲ့ ခြေလှမ်းတွေကိုလည်း” ဟု ဦးစိုးသိန်း က ရုပ်သံမိန့်ခွန်းတွင် ပြောကြား သွားသည်။

ဧပြီလအတွင်း ဂျပန်နိုင်ငံသို့ ရောက်ရှိနေစဉ် သမ္မတ ဦးသိန်းစိန်က မြန်မာ့ အထူးစီးပွားရေးဇုန်များတွင် လာရောက် ရင်းနှီးမြှုပ်နှံကြရန် ဂျပန်ကုမ္ပဏီကြီးများအား ဖိတ်ခေါ်ခဲ့သည်။

မြန်မာအစိုးရသည် သဘာဝဓါတ်ငွေ့ တင်ပို့ရောင်းချရာမှ ၂၀၁၂ ခုနှစ်တွင် ဒေါ်လာ သန်းပေါင်း ၃,၀၀၀ ရရှိခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် သဘာဝဓါတ်ငွေ့လုပ်ငန်းများနှင့် ပိုက်လိုင်းများ ပိုမိုလည်ပတ်နိုင်မည်ဖြစ်၍ ထို့ထက်ပို၍ သိသိသာသာ တိုးတက် ရရှိနိုင်ဖွယ်ရှိသည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် ADB က ဆိုသည်။ ထို ရေနံနှင့်သဘာဝဓါတ်ငွေ့ လုပ်ငန်းများကိုမြန်မာနိုင်ငံတွင် Chevron ၊ Total နှင့် CNPC ကုမ္ပဏီကြီးများက လုပ်ကိုင်လျက်ရှိကြသည်။
မဇ္ဈိမ
 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1