Saturday, June 9, 2012

ဘင်္ဂါလီတစ်ဦးကမိမိနေအိမ်ကိုမီးပြန်ရှို့သဖြင့်မီးသတ်ကား များလာရောက်ငြိမ်းသတ်ခဲ့ ရ

Ever November | 6/09/2012 10:43:00 PM | Best Blogger Tips
ဓာတ်ပုံ-စစ်တွေမြို့ခံတစ်ဦး
ဘူးသီးတောင်- မောင်တောဒေသရှိအချို့နေရာများတွင် နေထိုင်သည့်ပြည်သူအယောက်၅၀၀ခန့်အဆက်
အသွယ်မရရှိဘဲပျောက်ဆုံးလျှက်ရှိကြောင်း စစ်တွေမြို့ရှိ7DayNewsသတင်းထောက်ကပေးပို့သည်။
ပျောက်ဆုံးသည့်ပြည်သူများတွင်ယင်းဒေသကျေးရွာများသို့သွားရောက်တာဝန်ထမ်းဆောင်နေကြသော
ပညာရေးဝန်ထမ်းများ၊ကျန်းမာရေးဝန်ထမ်းများပါဝင်ကြောင်းသိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရောက်ရှိနေကြသောရခိုင်တိုင်းရင်းသားများကိုဘင်္ဂလားဒေ့ရှ်အစိုးရမှလုံခြုံရေးယူပေး
ထားကြောင်းဘင်္ဂလားတွင်ရောက် ရှိနေသည့် ရခိုင်အမျိုးသားကိုနိုင်နိုင်က ပြောသည်။


စစ်တွေမြို့၊ လေယာဉ်ကွင်းလမ်းမတွင် ဘင်္ဂါလီတစ်ဦးကမိမိနေအိမ်ကိုမီးပြန်ရှို့သဖြင့်မီးသတ်ကား များလာရောက်ငြိမ်းသတ်ခဲ့ ရကြောင်း သိရသည်။ အဆိုပါမီးလောင်ကျွမ်းသည့်နေအိမ်အနီးတွင်ရခိုင်လူမျိုးများနေထိုင်သည့် အိမ်များရှိသည်ဟု စစ်တွေမြို့ရှိ သတင်းထောက်က ပေးပို့သည်။ယခုတွင် စစ်တွေမြို့လမ်းများပေါ်တွင် ရခိုင်လူမျိုးများ စုရုံးလျှက်ရှိပြီး နာဇီ၊ ဘုမေ၊ ကသဲရွာများမှဘင်္ဂါလီများမှာမိမိတို့ကျေးရွာများအတွင်းတွင် ပင် ရှိနေကြကြောင်း သိရသည်။

7Day News Journal
စစ်တွေမြို့စွန်ရှိ ဘုမေရွာ၊ နာဇီရွာများမှ ဘင်္ဂါလီများသည် စစ်တွေမြို့အတွင်းသို့ဝင်ရောက်ရန်ကြိုး ပမ်းနေသဖြင့် စစ်တွေမြို့မ လမ်းတစ်လျှောက်နှင့် လောကနန္နာဘုရာအနီးတစ်ဝိုက်တွင် မှာ မြို့ခံများ စုဝေးနေပြီးဘင်္ဂါလီလူမျိုးများစစ်တွေမြို့တွင်းဝင်ရောက်ရန်ကြိုးပမ်းနေသည်ကိုရဲများတပ်မတော်သားများက
မ၀င်ရောက်နိုင်အောင်ထိန်းနေသော်လည်းလုံခြုံရေးအင်အားနည်းပါးလျှက်ရှိ ကြောင်း လုံခြုံရေးအင်အားတိုးမြှင့်ရန် သက်ဆိုင်ရာသို့ပြောကြားထားသည်ဟု တာဝန်ထမ်းဆောင်လျှက်ရှိသော ဒုရဲအုပ်တစ်ဦးကပြောကြားသည်ဟုစစ်တွေမြို့မှသတင်းထောက်ကသတင်းပေးပို့သည်။
7Day News Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1