Monday, June 18, 2012

စစ်တွေမြို့နယ်အတွင်း ဒုက္ခသည်စခန်းပေါင်း ၆၇ ခုအထိရှိပြီး လူဦးရေသိန်းနှင့်ချီရှိနေကာ လက်ရှိအနေအထားတွင် ကျန်းမာရေး ပြဿနာနှင့် ရင်ဆိုင်ရမှု နည်းပါးနေသော်လည်း သတိထားရန် လိုအပ်ကြောင်း ဒေသခံများက သုံးသပ်

Ever November | 6/18/2012 10:32:00 AM | Best Blogger Tips
စစ်တွေမြို့တွင်း မီးလောင်ကျွမ်းခဲ့သော ရပ်ကွက်များအား တာဝန်ရှိသူများက ရှင်းလင်းနေစဉ်
စစ်တွေမြို့တွင် ၁၆ ရက်နေ့အထိ အိုးမဲ့အိမ်မဲ့များကို စုဆောင်းထားသော စခန်းပေါင်း ၆၇ ခုအထိ ရှိသွားပြီဖြစ်ပြီး စခန်းများသည် အများအားဖြင့် ဘုန်းတော်ကြီးကျောင်းများဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါစခန်းများသည် သီးသန့်သတ်မှတ်ထားသော စခန်းများမဟုတ်ဘဲ ခိုကိုးရာမဲ့များအနေဖြင့် လာရောက် ခိုလှုံနေကြသောသူများဖြစ်ကြောင်း၊ ထိုစခန်းများသည် ပြည်နယ်အစိုးရမှ သတ်မှတ်ထားသော စခန်းများမဟုတ်ဘဲ သူ့နည်းသူ့ဟန်ဖြင့် စီစဉ်နေ ထိုင်နေကြခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ဘင်္ဂါလီများကိုမူ သီးခြားစခန်းများ ဖွင့်လှစ်ထားကြောင်း၊ အထူးသဖြင့် သဲချောင်းနှင့် အခြားသော ကျေးရွာများတွင် ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့မှ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ကိုင်နေကြပြီဖြစ်ကြောင်း သဲချောင်းနှင့် အခြားသော ဘင်္ဂါလီများကို ဆန်များနှင့် ရွက်ဖျင်တဲများ သွားရောက်လှူဒါန်းမှုများလည်း ရှိနေပြီဖြစ်ကြောင်း သိရသည်။

ဒုက္ခသည်စခန်းများနှင့် ပတ်သက်ပြီး မြို့ပေါ်ဘုန်းတော်ကြီးကျောင်းများသို့ လာရောက် ခိုလှုံနေကြသူများကို ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသူတစ်ဦးက'' စားရေးကို ၀ိုင်းဝန်းဖြေရှင်ပေးနေပေမယ့် ကျန်းမာရေး ပြဿနာကို စိုးရိမ်တယ်။ အခုက ရပ်ကွက်က ဆေးဝါးကျွမ်းကျင် လုပ်သားတွေကို အသုံးပြုပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်နေပါတယ်။ တကယ့်ကိုဖြစ်လာပြီဆိုရင် ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို စိုးရိမ်တယ်။ ကလေးတွေ ရေမချိုးရဘူး။ သန့်သန့်ရှင်းရှင်း မနေရဘူးဆိုရင် ရောဂါတွေ ဖြစ်လာနိုင်တယ်။ ကျန်းမာရေး အပိုင်း ညံ့လာနိုင်တယ်။ ကြိုပြီးလုပ်ထားသင့်တယ်လို့ မြင်ပါတယ်၊ ဒီနေ့တော့ ရွှေကရုဏာဖောင်ဒေးရှင်းက ဆရာဝန်တွေ လာရောက်ကြည့်ရှုပြီး ဆေးဝါးများပေးခဲ့တာလည်း ရှိတယ်''ဟု ပြောကြားခဲ့သည်။
ဇွန်လ ၁၆ ရက်နေ့တွင် စစ်တွေမြို့၌ ငြိမ်သက်နေပြီး မီးလောင်မှုအချို့ရှိခဲ့သော်လည်း ကြီးကြီးမားမား မီးလောင်မှုမျိုးမဟုတ်ကြောင်း သိရသည်။ နေ့လည်ပိုင်းတွင် လမ်းများပေါ်၌ သွားလာနေကြသူများလည်း ယခင်နေ့များကထက် ပိုမိုများပြားနေသည်ကို တွေ့ရသည်။ 
ကယ်ဆယ်ရေး ထောက်ပံ့ငွေများအား အစိုးရအဖွဲ့သို့ လာရောက်လှူဒါန်းမှုများရှိကြောင်း သိရသည်။ စစ်တွေမြို့ဈေးကြီးမှာ ပိတ်ထားဆဲဖြစ်ပြီး မကြာမီ ဖွင့်လှစ်တော့မည်ဟု သိရသည်။ မီးလောင်ကျွမ်းခဲ့သော ရပ်ကွက်များကို မီးသတ်၊ ကြက်ခြေနီနှင့် စည်ပင်သာယာရေးအဖွဲ့မှ စတင် ရှင်းလင်းနေပြီဖြစ်ကြောင်း သိရသည်။ ရခိုင်လူနေမှု ဒုက္ခသည်များအား ဒေသခံအဖွဲ့များက ဆန်အပါအ၀င် အစားအသောက် ဖူလုံရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် အစိုးရအဖွဲ့မှလည်း ကူညီပံ့ပိုးမှုများကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ စစ်တွေမြို့တွင် လမ်းမကြီးတစ်လျှောက်ရှိ ဆိုင်ခန်း အနည်းငယ်မှာ ဖွင့်လှစ်ခဲ့ကြသော်လည်း အချို့ဆိုင်ခန်းများမှာ ဖွင့်လှစ်ခြင်း မရှိသေးကြောင်းနှင့် ဘဏ်များ ဖွင့်လှစ်နေပြီဖြစ်ကြောင်း သိရသည်။

စစ်တွေမြို့သို့ ကမ္ဘာ့ကြက်ခြေနီအဖွဲ့မှ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသော်လည်း ယနေ့တွင် ဒုက္ခသည်များစခန်းသို့ လှည့်လည်ကြည့်ရှု စစ်ဆေးနိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း မနက်ဖြန်၌သာ ကြည့်ရှု စစ်ဆေးနိုင်လိမ့်မည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1