Monday, June 18, 2012

မန္တလေးပတ်စ်ပို့ရုံးတွင်လည်း (၂၁)ရက်အတွင်း ပတ်စ်ပို့ထွက်ရှိအောင်ဆောင်ရွက်ပေးမည်

Ever November | 6/18/2012 10:00:00 PM | Best Blogger Tips
၂၀၁၂ ခုနှစ် ဇူလှိုင်လပထမပတ်အတွင်း မန္တလေးတိုင်းဒေသကြီးတွင် ဖွင့်လှစ်မည့်နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့) ထုတ်ပေးရေးရုံးခွဲတွင် ရန်ကုန်ရုံးကဲ့သို့ ပတ်စ်ပို့များအား(၂၁)ရက်အတွင်း ရရှိအောင်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ရန်ကင်းပတ်စ်ပို့ရုံးက သိရှိရသည်။
“မန္တလေးမှာဖွင့်မယ့် ပတ်စ်ပို့ရုံးခွဲမှာလည်း ရန်ကုန်ရုံးအတိုင်းပါပဲ။ ထွေထွေထူးထူးပြောင်းလဲတာမျိုး မရှိပါဘူး။ ပတ်စ်ပို့ တွေကိုလည်း ရန်ကုန်ရုံးမှာလို (၂၁)ရက်နဲ့ ရအောင်လုပ်ပေးမှာပါ။ ဖွင့်မှာကတော့ ဇူလှိုင်ပထမပတ်ထဲမှာပဲ။ ရက်အတိ အကျတော့ မသိသေးဘူး”ဟု ရန်ကင်းပတ်စ်ပို့ရုံးမှ ဗိုလ်ကြီးစိုးထွန်းကပြောသည်။
 
နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲကို မန္တလေးတိုင်းဒေသကြီး ၊အောင်မြေသာဇံမြို့နယ်၊ ဒေါနဘွားရပ်ကွက် အတွင်းရှိ   မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ပိုင် မန္တလေးတိုင်းဒေသကြီး သတင်းတပ်ခွဲမှူးရုံးတွင် ဖွင့်လှစ်သွားမည်ဖြစ်သည်။
“အဓိကကတော့ ပတ်စ်ပို့လာလုပ်တဲ့ ပြည်သူတွေဘက်ကို ကြည့်ပြီး ဒီလိုစီစဉ်လိုက်တာပါ။ တစ်ချို့တွေဆိုရင် အရမ်း ပင်ပန်းကြတယ်။ တကူးတက လာလုပ်ကြရတယ်။ပိုက်ဆံတွေ ၊အချိန်တွေပိုကုန်ကြတယ်။ ပြည်သူတွေအတွက် လိုအပ် တယ်ထင်လို့ ဒီလိုစီစဉ်ရတာပါ”ဟု ဗိုလ်ကြီးစိုးထွန်းက ပြောသည်။
 
မန္တလေးတိုင်းဒေသကြီးတွင် ဖွင့်လှစ်မည့် ပတ်စ်ပို့ရုံးခွဲတွင် ပတ်စ်ပို့ပြုလုပ်ပါက ရန်ကုန်ပတ်စ်ပို့ရုံး နည်းတူအချိန်(၂၁)ရက်သာကြာမြင့် မည်ဖြစ်ပြီး ကုန်ကျမည့်ငွေမှာလည်း သုံးသောင်းခွဲဝန်းကျင်သာကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
 
“ရန်ကုန်မှာအတိုင်းပဲ ဈေးနှုန်းပြောင်းတာမရှိဘူး။ ပိုပေးစရာမလိုဘူး။ (၂၁)ရက် သတ်မှတ်ပေးထားတာပဲ။ သတ်မှတ်ထားတဲ့ရက်အတွင်း ရမှာပဲ”ဟု ၄င်းက ဆက်ပြောသည်။
 
၂၀၁၁ ခုနှစ် ဇူလှိုင်လ(၁) ရက်နေ့မှစတင်ကာ ရန်ကင်းမြို့နယ် ဆရာစံလမ်းရှိ ပြည်ထဲရေးဝန်ကြီးဌာန ရုံးသစ်တွင် (၂၁) ရက်အတွင်း ပတ်စ်ပို့  ရရှိအောင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ပတ်စ်ပို့ကို ၁၉၈၉ ခုနှစ်မှ စတင်ကာ ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရုံးတွင် စတင်ထုတ်ပေးခဲ့သည်။
 
လက်ရှိအချိန်တွင် အောက်မြန်မာပြည်အတွက် ရန်ကင်းပတ်စ်စပို့ရုံးနှင့် အထက်မြန်မာပြည်အတွက် အောင်မြေသာဇံမြို့ နယ်ရှိ သတင်းတပ်ခွဲရုံးတွင်လည်း ပတ်စ်စပို့ပြုလုပ်နိုင်ကြတော့မည်ဖြစ်သည်။
ကျော်ဇင်မန်း(မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1