Monday, June 18, 2012

ဆီးရီးယားတွင် စောင့်ကြည့်အဖွဲ့များ၏ လုပ်ငန်းစဉ်များ ရပ်ဆိုင်းရန် ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို ဆီးရီးယား အတိုက်အခံများ ဝေဖန်

Ever November | 6/18/2012 11:11:00 AM | Best Blogger Tips
ဆီးရီးယားတွင် ကုလစောင့် ကြည့်အဖွဲ့များ၏ လုပ်ငန်းစဉ်များ ရပ်ဆိုင်းရန် ကုလသမဂ္ဂက ဇွန်လ ၁၇ ရက်တွင် ဆုံးဖြတ်ခဲ့ခြင်းအပေါ် ဆီးရီးယား အတိုက်အခံများက ဝေဖန် ပြစ်တင်ခဲ့သည်။

ယင်းဆုံးဖြတ်ချက်မှာ တိုက်ခိုက်မှုခံနေရသော ဆီးရီးယားပြည်သူများကို နိုင်ငံတကာက ကာကွယ်ပေးရန် ပျက်ကွက်ခဲ့သည့် တရားမမျှတသော၊ လက်ခံနိုင်စရာမကောင်းသော ဆုံးဖြတ်ချက်ဖြစ်ကြောင်း ဆီးရီးယားအတိုက် အခံများက ဝေဖန်ခဲ့သည်။
ဆီးရီးယားတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဆိုးရွားနေသောကြောင့် စောင့်ကြည့်အဖွဲ့များ၏ လုပ်ငန်းစဉ်များမှာ အကန့်အသတ်ရှိလာသဖြင့် ယင်းအဖွဲ့များကို ဇွန်လ ၁၆ ရက်တွင် ကုလသမဂ္ဂက ပြန်လည်ရုပ်သိမ်းခဲ့ရာ ကိုဖီအာနန် အဆိုပြုခဲ့သော ငြိမ်းချမ်းရေး အဆိုပြုချက် အောင်မြင်နိုင်ရေးအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့သည်။ ဆီးရီးယားတွင် ကုလစောင့်ကြည့်အဖွဲ့ဝင် ၃၀၀ ခန့် ရောက်ရှိနေပြီး နော်ဝေ ဒုတိယဗိုလ်ချုပ်ကြီး ရောဘတ်မုဒ်က ဦးဆောင်နေသည်။ 
ညွှန်ကြားမှု တစ်စုံတစ်ရာ ထပ်မံ မရရှိသေးသရွေ့ စောင့်ကြည့်မှုများကို လုပ်ဆောင်တော့မည်မဟုတ်ကြောင်း မုဒ်က ပြောကြားခဲ့သည်။ ဆီးရီးယားအစိုးရနှင့် အတိုက်အခံတို့သည် ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေး အစီအစဉ်ကို အကောင်အထည်ဖော်ရန် ဆန္ဒမရှိကြောင်း မုဒ်က ပြောကြားခဲ့သည်။ လက်နက်မဲ့ စောင့်ကြည့်အဖွဲ့ဝင်များမှာလည်း ပစ်ခတ်ခံရမှုအချို့ ရှိခဲ့သည်။ ကိုဖီအာနန်၏ အဆိုပြုချက် အောင်မြင်အောင် မလုပ်ဆောင်နိုင်ခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများကို ဆီးရီးယားပြည်သူများ ခံစားနေရခြင်းဖြစ်ကြောင်း မုဒ်က ပြောကြားခဲ့သည်။
အကြမ်းဖက် တိုက်ခိုက်မှုများ မြင့်တက်လာစဉ် ရုရှားသည် ဆီးရီးယားထံ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ပေးပို့နေသည်ဟု အမေရိကန်က စွပ်စွဲခဲ့မှုကို မော်စကိုက ဇွန်လ ၁၅ ရက်တွင် ပြန်လည်ငြင်းဆိုခဲ့သည်။  ရုရှားလုပ် တိုက်ခိုက်ရေး ရဟတ်ယာဉ် များကို ဆီးရီးယားသို့ ထပ်မံပေးပို့ခြင်းမရှိတော့ကြောင်းနှင့် သက်တမ်းရင့်နေပြီဖြစ်သော ပြန်လည်ပြုပြင်ထားသည့် ရဟတ်ယာဉ်များသာ အသုံးပြုနေခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေး ၀န်ကြီးဌာနက အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ 
ဆွေးနွေးပွဲ ပြုလုပ်ခိုင်းသည့် နည်းလမ်းအစား အပစ်အခတ် ရပ်စဲရေးကိုသာ ဦးစားပေးလုပ်နိုင်ရန်အတွက် ဆီးရီးယားအစိုးရနှင့် အတိုက်အခံတို့အပေါ် ဖိအားပိုပေးရန် ရုရှားက တိုက်တွန်းခဲ့သည်။
လာမည့် သီတင်းပတ်တွင် ပြုလုပ်မည့် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲ၌ အမေရိကန်သမ္မတ ဘာရက်အိုဘားမားနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် ဆီးရီးယားအရေးနှင့် ပတ်သက်ပြီး သဘောထား ကွဲလွဲမှုများကို ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
ဆီးရီးယား နိုင်ငံရေးအကျပ်အတည်းကြောင့် သေဆုံးသူ ၁၂၀၀၀ မှ ၁၄၀၀၀ အထိ ရှိလာကြောင်း ဆီးရီးယား အတိုက်အခံများက ထုတ်ပြန်ခဲ့သည်။
Ref; CNN;AFP
From EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1